Unicode
"ငါ့လက်ကိုလွှတ်စမ်းပါ Wu Kris, မင်းဘာသာ Oh Sehun ကိုရှာတာ ငါကဘာလို့လိုက်လာရတာလဲ"
Luhan လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး Oh အိမ်တော်ရဲ့ကားပါကင်ကိုသွားနေသော Kris ကို Luhan က အော်ဟစ်ရင်းတရွတ်တိုက်ကြီးပါလာသည်။
Oh ပါးပါးရာဇသံကြောင့် မနက် ၈နာရီမတိုင်ခင် ကျေးဇူးရှင် နှစ်ကောင်ကိုတွေ့အောင်ရှာနိုင်ပါမှ မိမိတို့ဖခင်များ အလုပ်မပြုတ်မည်ဖြစ်၏။ မိမိတို့သုံးယောက်ရဲ့ဖခင်တွေဆိုသည်မှာလည်း Oh ပါးပါးရာဇသံကို တစ်သဝေမတိမ်းလိုက်နာကြတဲ့သူတွေ။
သားသုံးယောက်ကို Oh ပါးပါးခိုင်းတဲ့အတိုင်းလုပ်လို့ဆိုကာ သနားညှာတာမှုတစ်စက်မှမပြကြ။ ဒီတော့ သူတို့သုံးယောက်မှာ မနက် ၈နာရီမထိုးခင် Oh Sehun ကိုရော Kim Jongin ကိုပါတွေ့အောင်ရှာရတော့မည်။
Kris နောက်ကလိုက်လာကြတဲ့ Chanyeol တို့အတွဲကလည်း ခေါင်းတစ်ခါခါနဲ့ အခုမှစိတ်ညစ်နေဟန်ပြနေကြ၏။ Oh Sehun ကို ဗရုတ်သုတ်ခအကြံပေးခဲ့တာ သူတို့မဟုတ်ခဲ့တဲ့အတိုင်းပဲလေ။
Oh Sehun ကိုအကြံဆိုးကြီးပေးခဲ့တဲ့ Baekhyun ကိုအခုအချိန်မှာ အမှုန်ချေချင်စိတ်ဖြစ်နေပေမယ့် စိတ်ကိုလျှော့ချပြီး ကျေးဇူးရှင်တို့ကိုရှာဖို့ပဲစိတ်စောနေမိ၏။
"ငြိမ်ငြိမ်လေးကိုယ့်လက်ကိုကိုင်ပြီး လိုက်လာပေးပါလား ကိုကို Luhan၊ ကိုကိုလိမ္မာရင် ဒီညအတွက် နောက်ထပ် လင်ခင်ပွန်းတစ်တွဲတိုးသွားနိုင်တယ်..... သိလား"
ရုန်းကန်နေတဲ့ Luhan ကို Kris ကပြောလိုက်သည်။ Luhan က Kris စကားကြောင့် ဒေါသပိုထွက်သွားတော့၏။ အသံစာစာနဲ့ရန်တွေ့နေတဲ့ Luhan ကို Kris မြတ်နိုးခြင်းတို့ထပ်တိုးလာရပြန်ပါ၏။
"ဘာတွေလာပြောနေတာလဲ Wu Kris၊ စိတ်ကူးတွေယဉ်ပြီးကိုယ့်ကိုယ်အထင်ကြီးတာလေး နည်းနည်းလျှော့ပါလား၊ ပြီးတော့ Oh Sehun ကိုရှာဖို့ ငါလိုက်စရာမလိုဖူး .... လက် .... လွှတ်....ပေး"
Luhan က ပြောရင်းဆိုရင်း ခြေစုံရပ်ပြီး Kris လက်ထဲကသူ့လက်ကို အတင်းရုန်းသည်။ အားထည့်ပြီး Kris ရဲ့လက်ထဲက သူ့ရဲ့လက်ကောက်ဝတ်ကိုဆွဲထုတ်နေရှာသည်။
![](https://img.wattpad.com/cover/327876736-288-k822405.jpg)
YOU ARE READING
Be My Juliet(Completed)
FanfictionLove story between two young blood. Sehun : I never believed in love at first sight until the moment I met you. Jongin : It was love at first sight .... and at every sight since and forever. Sehun x Jongin Short story Start : 28/11/2022 End : 5/12...