Be My Juliet III

155 23 4
                                    

Unicode

"ပြောစမ်း....အဲကောင်ဘယ်မှာလဲ???"

ဘူဆန်မှ ပြန်ရောက်ရောက်ချင်း Oh အိမ်တော်တစ်ခုလုံးကိုသောင်းကျန်းထားသော Oh ပါးပါးက Kris ကိုကြည့်ရင်း ဒေါသတကြီးမေးနေသည်။

Kris အပါအဝင် Chanyeol ရော Baekhyun တို့၏ ပါးတွေမှာလည်းနီရဲနေ၏။ Oh ပါးပါးရဲ့ လက်စကပြင်းလို့ ရှိသမျှအားနဲ့အားကုန်ပါးရိုက်ခြင်းခံထားရသော်လည်း သူတို့သုံးယောက်လုံး ကိုယ့်ပါးကိုယ်ပွတ်ပြီးသက်သာအောင်မလုပ်ရဲသေး။ ကျိန်းစပ်နေတဲ့ပါးတွေကို ကိုင်ကိုမကိုင်ရဲသေးတာ။

ရပ်နေရတဲ့နေရာမှာ တစ်လက်မမှမလှုပ်ရဲပဲ Oh ပါးပါးဒေါသကိုကြောက်၍ လက်ကိုနောက်ပစ်ကာ ရပ်နေကြရသည်။

"ငါမေးနေတယ်လေ Wu Kris"

Oh ပါးပါးက အသံကုန်အော်ဟစ်ပြီးမေးလာတော့ Kris လည်းမဖြေလို့မရတော့ပါ။ လေသံလေးကိုအတက်နိုင်ဆုံး ချိုထားပြီးမျက်လွှာလေးချလို့ဖြေရပါတော့သည်။

"ကျွန်တော်လည်းတကယ်မသိပါဖူး Oh ပါးပါး။ Oh Sehun က, Kim အိမ်ကပါတီကနေ Kim မိသားစုရဲ့အငယ်ဆုံးသားလေး Kim Jongin လက်ကိုဆွဲပြီး Chanyeol ပါလာတဲ့ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတာပဲသိပါတယ်။ Oh Sehun က ဖုန်းလဲပိတ်ထားပါတယ်"

Kris စကားအဆုံးမှာ Oh ပါးပါး က အသားတွေပါ တဆက်ဆက်တုန်လာပြီး မျက်နှာကြီးကလည်း ခုနကထက်ပိုနီမြန်းလာတော့သည်။ ဒီလိုဖြစ်တော့မယ်လို့ Kris ခန့်မှန်းပြီးသားဖြစ်ပေမယ့် ဘယ်တက်နိုင်ပါ့မလဲ??? သူငယ်ကောင်းလေး Oh Sehun က Kim အိမ်နဲ့မပတ်သက်ဖို့စကားကို နားမထောင်တဲ့အပြင် Kim အိမ်ရဲ့သားလေးကိုပါလက်ဆွဲပြေးသွားတာကိုး။

"ငါပြောထားရဲ့နဲ့.....ဒီကောင်ကတော့ကွာ။ တခြားလုပ်ချင်တာလုပ်ပါ.... Kim အိမ်နဲ့တော့သွားမပတ်သတ်ပါနဲ့လို့မှာထားရက်နဲ့။ အဲကောင်က Kim Jongin ကိုဘာလို့ခေါ်ပြီးထွက်ပြေးရတာလဲ? ဘာကိစ္စခေါ်သွားတာတဲ့လဲ???"

ထိုမေးခွန်းကို Kris အပါအဝင် ကျန်နှစ်ယောက်ပါ ဖြေဖို့နှုတ်ဆိတ်နေ၏။ ဘယ်လိုဖြေရမလဲ Kris မသိပါ။ သူငယ်ချင်းကောင်းလေး Oh Sehun လုပ်ပုံကိုလည်းကြည့်ဦးလေ။

"ငါသွားတော့မယ် Kris။ ငါ Juliet လေးကို ခိုးပြေးတော့မယ်။ Chanyeol မင်းဆိုင်ကယ်ငါ့ကိုပေးမယ်မလား အခုသော့ပေး။ ငါသွားပြီ။ Oh ပါးပါး ကိုကြည့်ဖြေပေးထားကြနော်။ နောက်မှ ငါလာရှင်းမယ်"

Be My Juliet(Completed)Where stories live. Discover now