Ep.1

355 12 0
                                    

ကျွန်မနာမည်က ရွှေကြေးမုံ။ အသက်က 21နှစ်ပြည့်ပြီးပါကော။ အညာမြို့လေးတစ်မြို့က ရွာလေးတစ်ရွာမှာ ကျွန်မနေထိုင်တယ် ။အက်ဒီရွာလေးမှာပဲ အထက်တန်းအောင်မြင်ခဲ့တယ် ။မုံရွာတက္ကသိုလ်မှာ မြန်မာစာ အဓိကနဲ့ ကျောင်းပြီးထားတဲ့သူပေါ့။ ကျွန်မမှာ သိပ်ချစ်ရတဲ့ သူငယ်ချင်းသုံးယောက်ရှိတယ် ။ နွယ်ပန်းလှ/ငုဝါကြွယ်/ရွှေဘမောင် ခေါ် ထူးရဲမောင်။ ကျွန်မတို့ရဲ့ ငယ်ဘဝက သိပ်ကိုပျော်ဖို့ကောင်းခဲ့တယ်။အပူပင်ဆိုတာဘာမှန်းမသိ ။မိဘတွေရဲ့အရိပ်အောက်မှာပဲ ပျော်ပျော်ပါးပါး စိတ်တွေလွတ်လပ်ခဲ့ကြတယ်။ ပြီးတော့ ချစ်ခြင်းမေတ္တာတွေအကြောင်း ဘာမှနားမလည်ခဲ့သေးပေ။

"ရွှေကြေးမုံရေ ရွှေကြေးမုံ

"ဘာလဲဟာ နွယ်ပန်းရယ် အိမ်ရှေ့ကနေအက်လောက်အော်ခေါ်နေတာ လန့်လိုက်တာ

"အယ် နင်ကလည်း ငါပြောစရာရှိလို့ လာခဲ့တာ အရီးလေးရှိလား

"မရှိဘူး အမေ လယ်ထဲသွားတယ်

"နင်တစ်ယောက်ထဲပေါ့ အက်တာဆို

"အင်းလေ အက်တာ ဘာဖြစ်လို့လဲ

"နင်မသိသေးဘူးလား ကြေးမုံ ဒီညနေ ရွှေဘတို့ ‌ဟိုဖက် ရွာက ဖိုးသကြားတို့နဲ့ ဘောလုံးကန်ကြမှာလေ

"သိဘူး နင်ပြောမှသိတာ နေပါအုံး အက်တာနဲ့ ငါ့ဆီလာတဲ့ကိစ္စက ဘာတုန်း မိနွယ်

"ဒီလိုဟာ ငါ ညနေကျ နင့်ကို လိုက်ခဲ့ဖို့ ခေါ်မလို့ ငါသွားကြည့်မလို့ ငါ့အိမ်က ဆိုင်ကယ် ယူခဲ့မှာပါဟ နင်ကလည်း

"ငါ ညနေမအားဘူး ဖွားမေအိမ်သွားရမှာ နေကြာရိုက်ကူ

"ကြေးမုံရယ် နင့်အဖွားအိမ်မှာ အလုပ်သမားတွေ ဒီလောက်များတာ နင်မလိုပါဘူး သွားမနေနဲ့

နွယ်ပန်းကတော့ သိတဲ့အတိုင်း သိပ်ကို စပ်စုလှသည်။ အခုလည်း ယောက်ျားလေးတွေ ဘောလုံးကန်မဲ့ ဆီကို သွားဖို့ရာ ကြေးမုံကို အဖော်လာစပ်နေတာဖြစ်သည်။ ကြေးမုံက လည်း ခနပဲမူလိုက်သည်။ နောက်ဆုံး နွယ်ပန်းရဲ့ ခေါ်ဆောင်ရာ အမြဲတမ်းလိုက်ရသူပင်။

"နေအုံး ငါတို့နှစ်ယောက်ထဲဆို ပျင်းစရာကြီး ကြွယ့်ကိုပါ သွားခေါ်ချေ။

ပန်းနွယ်ကစိမ်းWhere stories live. Discover now