EP.5

87 11 0
                                    

"ဗျာ ဆရာ ဟုတ်ရဲ့လားဗျာ

"ဘယ်လိုပြောရမယ်တောင် အစ်ကိုလည်းမသိတော့ဘူး ရောဂါလက္ခဏာက ငါ့ညီဖြစ်နေတဲ့အရာတွေနဲ့ တစ်ထပ်တည်းကျနေတယ်

"ဘယ်လိုအမျိုးအစားလဲ ဆရာ
ကျတော် သိလို့ရမလား ကျတော် ခံနိုင်ရည်ရှိပါတယ်

"Brain Tumor"ဆိုတဲ့ ဦးနှောက်အကြိတ်ကင်ဆာပဲ ငါ့ညီ

"ဗျာ ဟုတ် ဟုတ်ကဲ့ပါ ဆရာ ကျတော့်ရောဂါအခြေနေက ဘယ်အဆင့်ထိရောက်နေပြီလဲ ဆရာ

ထူးရဲမောင် မိမိရောဂါရဲ့ အခြေနေကို သိချင်မိသည်။ ဘာပဲဖြစ်ဖြစ် သူ လောကကြီးထဲက မကြာခင်မှာ ထွက်သွားရတော့မယ်ဆိုရင်တောင် သူအဆင်ပြေပါတယ်လို့ပဲ ညာနေအုံးမှာ။ဘယ်သူမှ သေမဲ့ရက်ကြီးကို စောင့်ပြီး ငါသေရတော့မှာပါလားဆိုပြီး ပူဆွေးမနေချင်ဘူး ။လက်ကျန်အချိန်လေးမှာ ပျော်ရွှင်စရာအခိုက်အတန့်လေးတွေ ဖန်တီးခဲ့ချင်သေးတယ်။ ဘယ်လိုပျော်အောင်နေရမလဲ စိတ်ကို ဘယ်လိုပြင်ဆင်ထားရမလဲဆိုတာ တွေးနေအုံးမှာ။

"အလွန်ဆုံး ခြောက်လပဲ ငါ့ညီ ဒီကြားထဲမှာ အားရှိမဲ့အစားအစာတွေ စားပြီး အချိန်မှန်မှန်အိပ် ဦးနှောက်ကို အရမ်းကြီး အလုပ်မလုပ်ခိုင်းပါနဲ့ အဓိက အတွေးတွေ မလွန်စေနဲ့

"ဟုတ်ကဲ့ ကျေးဇူးပါဆရာ ဒီကိစ္စကို ဆရာ ဘယ်သူ့ကိုမှမပြောပါနဲ့

"စိတ်ချပါငါ့ညီ အစ်ကိုလည်း စိတ်မကောင်းပါဘူးကွာ ဘာလို့များ ငါ့ညီလို ဘဝတက်လမ်းတွေအများကြီးကျန်နေသေးတဲ့ လူတစ်ယောက်ကိုမှ ဒီလိုရောဂါဆိုးကြီး လာဖြစ်ရတာလဲကွာ

"ကျတော့်ဘေးနားကလူတွေကို စိတ်မဆင်းရဲစေချင်ဘူး သူတို့ကို ကျတော်ရဲ့လက်ကျန်အချိန်လေးမှာ အမှတ်တရကောင်းတွေနဲ့ ပျော်စရာတွေပဲ ချန်ထားပေးခဲ့ချင်တာ

ထိုနေ့က ညနေခင်းအချိန် ထူး‌ရဲမောင်ခေါ် ရွှေဘတစ်ယောက် မိမိရဲ့ ဆေးမှတ်တမ်း ဖိုင်လေးကို ယူပြီး နှင်းဆီခြံကိုပြန်လာခဲ့သည်။ရဲရဲနီနေတဲ့ နှင်းဆီပွင့်တွေကို ကြည့်ပြီး ပြုံးလိုက်သည်။ သေရမဲ့အချိန်ကိုသိသိရဲ့နဲ့ စောင့်နေရတဲ့လူတစ်ယောက်ရဲ့ အပြုံးဟာ မချိပြုံးတစ်ခုလည်း ဖြစ်နေနိုင်တာပါပဲ။

ပန်းနွယ်ကစိမ်းWhere stories live. Discover now