Ep.7

93 9 0
                                    

လေတွေတဟူးဟူးတိုက်နေတဲ့ ချောက်ကမ်းပါးတစ်ခုက သစ်ပင်တစ်ပင်ရဲ့အောက်မှာ ထူးရဲမတ်တပ်ရပ်နေကာ ဟိုးအဝေးကြီးက တောင်တန်းစိမ်းစိမ်းတွေကို မျှော်ကြည့်နေသည်။ နားထဲမှာ မိမိနာမည်ကို အော်ခေါ်နေတဲ့အသံကြားလိုက်ရသည်။ ထိုအသံကို သိပ်ရင်းနှီးလွန်းနေခဲ့သည်။

"ထူးရဲရေ ထူးရဲမောင် ငါ့ကို စောင့်အုံး ငါနင့်ဆီကို လိုက်ခဲ့မလို့

"ဟင် ကြေးမုံ နင်ဘယ်ကနေဘယ်လို ဒီကိုရောက်လာတာလဲ နင်ရန်ကုန်မှာမဟုတ်ဘူးလား

"ဟင့်အင် ငါနင့်ဆီကိုပြန်လာတာ နင်ပြောချင်ခဲ့တဲ့စကားတွေကို ငါနားထောင်ပေးမလို့

"ပြန်လိုက်ပါတော့ ကြေးမုံရာ နင်ငါ့နောက်ကိုလိုက်ခဲ့လို့မရဘူး ငါနင့်ကို ခေါ်မသွားဘူး

"ငါနင့်နောက်ကို လိုက်လာခဲ့ပြီဟ ငါပြန်မသွားဘူး

"နင်ပြန်မသွားလို့မရဘူး အရီးလေးငိုနေတာ ငါမြင်နေရတယ် ကိုကိုကြီးကလည်း နင့်စိတ်နဲ့ ပြိုလဲနေပြီ။ အစ်ကိုလေးရော နွယ်ပန်းလည်း တအားငိုနေတာ ကြေးမုံ

ကြေးမုံနဲ့ ထူးရဲက ခြေလှမ်း လေးငါးလှမ်းစာလောက်သာ ဝေးသော အကွာအဝေးတစ်ခုစီမှာ မတ်တပ်ရပ်နေကြသည်။ ကြေး‌မုံမသိပေ။ အိပ်မက်တွေလား တစ်ကယ်တွေလား ။အမေကငိုနေတာ နွယ်ပန်းက ပြောတော့ ထူးရဲဆုံးပြီတဲ့ အခုထူးရဲနဲ့ ကြေးမုံနဲ့ စကားတွေပြောနေကြတာ။ နွယ်ပန်းက အိပ်မက်ထဲမှာ ကြေးမုံကို နောက်သွားတာပဲဖြစ်မှာပါလေ။

"ထူးရဲ နင်ဘာလို့ အက်ဒီကမ်းပါးမှာ ရပ်နေတာလဲ လေတွေတအားတိုက်နေတာ မအေးဘူးလား

"ငါဘာမှမခံစားရတော့ဘူး ကြေးမုံ

"ကြေးမုံ နင်ပြန်လိုက်ပါတော့ဟာ အရီးလေးတို့ ကိုကိုကြီးတို့ နင့်ကို စောင့်နေကြတယ်

"မပြန်ပါဘူး နင်မပါပဲနဲ့ နင်ငါ့ကို ကတိတစ်ခုပေးထားတယ်လေ ငါပြန်လာရင် အနောက်ဖက်ကမ်းကို လိုက်ပို့ပေးမှာဆို

"ငါကတိမတည်နိုင်ခဲ့လို့ တောင်းပန်ပါတယ် ကြေးမုံ ငါတို့က ဘဝတွေခြားသွားခဲ့ပြီလေဟာ

ပန်းနွယ်ကစိမ်းWhere stories live. Discover now