Ep.3

85 10 0
                                    

**တူ..တူ..တူ

"ကြေးမုံ နင့်ဖုန်းလာနေတယ်

ကြေးမုံလည်း ဖုန်းလာလို့ကိုင်လိုက်သည်။ နံပတ်ကလည်း စိမ်းနေသညမို့ ဘယ်သူဘယ်ဝါမှန်း ကြေးမုံ မသိပေ။ တစ်ဖက်က အသံက မိန်းခလေးအသံဖြစ်နေပြီး ချိုနေသည်လေ။

"ဟယ်လို

"ဟယ်လို ညီမလေးက ရွှေကြေးမုံလား

"ဟုတ်ပါတယ်ရှင့်

"အစ်မ level 4ကပါ ညီမလေး

"ညီမလေးကို အလုပ်ခန့်လိုက်ပြီဆိုတာ အကြောင်းကြားတာပါ မနက်ဖြန်အလုပ်စဆင်းလို့ရပါပြီ‌နော်

"တစ်ကယ်လား ကြေးမုံ ပျော်လိုက်တာရှင့် ကျေးဇူးတင်ပါတယ်နော် မမ အလုပ်ခန့်ပေးလို့

"ကောင်းပါပြီကွယ် အလုပ်ချိန်လေး ပို့ထားပေးမယ်နော်

"ဟုတ်ကဲ့ရှင့်

ကြေးမုံ အလုပ်ရလို့ တအားပျော်နေသည်။ ရွာက သူငယ်ချင်းဖြစ်သူကိုလည်း ဖုန်းဆက်ပြီး ကြွားလိုက်သေးသည်။

=========
အလုပ်စဆင်းတဲ့နေ့

"ညီမလေးက စာရင်းကိုင် အသစ်လေးထင်တယ် လာ လာ အစ်မနောက်လိုက်ခဲ့ ညီမလေး ကို စာရင်းစစ်တာ တစ်ချက်သင်ပေးမယ်

"ဟုတ်ကဲ့ အစ်မ

"ပထမထပ်မှာပဲသိလား ညီမလေး အလုပ်လုပ်ရမှာက

"အစ်မနာမည်က ယဉ်ယဉ်အေး

"မယဉ်လို့ခေါ်ပေါ့ ညီမလေးနာမည်ကရော်

"ဟုတ် ရွှေကြေးမုံပါရှင့် မယဉ်

"လှလိုက်တဲ့ နာမည်လေး လူနဲ့လိုက်ပါတယ်

"ကြေးမုံ ဒီကုမ္ပဏီကို အလုပ်စဆင်းပြီဆိုတာနဲ့ အရေးကြီးဆုံး အချက်နှစ်ချက်ကို သိဖို့လိုတယ်

"ဟုတ်ကဲ့ ဘာများလဲ မယဉ်

"အဓိကကတော့ သူဌေးပဲ ညီမလေး မြင်ဖူးလား သူဌေးကို

"ဟုတ် မြင်ဖူးပါတယ် အလုပ်လာလျှောက်တဲ့နေ့က

"အစ်မတို့ သူဌေးက အရမ်းမာနကြီးတယ် သူ့ရှေ့မှာ မဟုတ်တာပဲဖြစ်ဖြစ် အလွဲတွေသွားပြီးမလုပ်မိစေနဲ့  စစ်ဆေးမေးမြန်းခြင်းမရှိ အလုပ်တစ်ခါတည်း ထုတ်ပစ်တာမို့

ပန်းနွယ်ကစိမ်းWhere stories live. Discover now