Ep.4

86 9 0
                                    

*လွမ်းရတဲ့ နွေရက်တွေကို ကုန်ချင်ပြီ ချစ်သူရေ.....
*မောင့်အချစ်တွေကို မြင်ပါစေတော့ဆိုပြီး ထုတ်မပြခဲ့မိတာတော့ နောင်တရချင်မိတယ် ချစ်သူ......
*ကိုယ့်ဘဝရဲ့ အနီးဆုံးအထိရောက်လာခဲ့ပြီးကာမှ ပြန်စိမ်းသွားရမဲ့ သူစိမ်းဆန်မှုတွေကို ကိုယ်မလိုချင်ခဲ့တာ အမှန်ပဲ......
*မင်းဟာ မောင်မြတ်နိုးတန်ဖိုးထားရတဲ့ တောပန်းကလေးတစ်ပွင့်.......
*မောင့်အနီးနားမှာ ထားဖို့ မဆုံးဖြတ်ရဲခဲ့မိတဲ့ ကိုယ့် ချစ်ခြင်းတွေက အဝေးကနေပဲ ငေးကြည့်ရုံနဲ့ ကျေနပ်ရသူ....
*မောင့်အချစ်က ကိုယ့်အရပ်မှာ မပျော်ဘူးထင်ပါရဲ့နော်......
*ဒီအရပ်ကို ခွဲပြီး မောင်တို့အရိပ်အောက်ကနေ ထွက်သွားခဲ့တာ တစ်နှစ်တင်းတင်း ပြည့်ခဲ့ပါပြီလေ.......
*မောင်လေ ထနောင်းပင်အိုရိပ်မှာ အချစ်ကို မျှော်နေမိတယ်........

ထူးရဲမောင် သူ့ရဲ့ note bookစာအုပ်လေးထဲမှာ ချစ်ရသူကို လွမ်းရတဲ့အကြောင်းတွေ စာစီပြီး ရေးနေခဲ့တာ ချစ်သူမိန်းခလေး ရွာကထွက်သွားခဲ့တဲ့အချိန်တွေတည်းကပင်။လွမ်းတိုင်း ဆွေးတိုင်း ရေးနေမိတဲ့ စာအုပ်ကလေး။ အသည်းမာပါတယ်ဆိုတဲ့ ယောက်ျားပျိုတစ်ယောက်ဟာ နွေရာသီမှာ ချစ်သူကို လွမ်းရပြန်တော့ အလွမ်းမျက်ရည်တွေ ကျနေခဲ့သည်။

"ဆရာလေး ငိုနေတာလား

ကိုးတန်းကျောင်းသူလေး မေသူက ထူးရဲမျက်ရည်သုတ်လိုက်တာကိုမြင်သွားတော့ မေးနေသည်။

"မဟုတ်ပါဘူး ဆရာ မျက်လုံးထဲ အမှိုက်သေးသေးလေး ဝင်သွားလို့ပါ

"ဟင် ဆရာလေးကလည်း မေသူတို့ကို ညာနေပြန်ပြီ အရင်တစ်ခါကလည်း မမကြေးမုံကို လွမ်းတယ်လို့ ပြောနေပြီး ငိုနေတာကို

"မေသူ စာလုပ်ချေ သွား ဆရာလေး စာမေးမှာနော်

"ကြည့်ပါလား ဆရာလေးက ရှက်နေတာ ဟိဟိ

"အော် ဒီခလေးမနဲ့

ထူးရဲလည်း ခပ်တည်တည်သာ နေပြီး ရှစ်တန်းတွေကို သချာ်သင်နေလိုက်သည်။ တိတ်တိတ်လေးပဲ လွမ်းချင်တာပါကွာ ။

*ကိုယ့် နှင်းဆီခြံမှာ လာနားတဲ့ ငှက်ကလေးကနေတစ်ဆင့် မင်းဆီကို မောင့်အလွမ်းတွေ ပို့လိုက်ချင်စမ်းပါတယ် ချစ်ရသူမိန်းခလေးရယ်*

ပန်းနွယ်ကစိမ်းWhere stories live. Discover now