EP.6

89 10 0
                                    

‌"နွယ်ပန်း

"အင်း ပြောလေ ထူးရဲ

"ကိုကြီးရှားနဲ့ မမရွက်ဝါတို့တောင် စကားတောင်းပြီးသွားကြပြီနော်

"အင်းလေ သီတင်းကျွတ် လပြည့်ကျော် ခုနှစ်ရက်နေ့ပဲ မဂ်လာဆောင်ကြတော့မဲ့ ကိစ္စကို နင်ကလည်း

"အေးပါ ငါသိပါတယ်ဟ ကြေးမုံလည်း ပြန်လာမှာပါနော် နွယ်ပန်း

"အေးပေါ့ ပြန်လာမှာပေါ့

"အင်းပါ ကြေးမုံက အရင်ကထက်ပိုလှလာမယ်ထင်တယ်နော်

"ရောက်ရင်ကြည့်ပေါ့ အက်ကြ

ထူးရဲနဲ့ နွယ်ပန်း ရွာအဝင် တမာတန်းက ဒေါ်လေးမြိုင်ရဲ့ အကြော်ဆိုင်မှာ အကြော်စားရင်း စကားပြောနေကြသည်။ နွယ်ပန်းကတော့ သူငယ်ချင်းဖြစ်သူ ထူးရဲရဲ့ အားအင်ဖျော့နေတဲ့ မျက်ဝန်းတွေကို အဖြေရှာကြည့်နေသည်။ အရင်လို လူငယ်တစ်ယောက်မှာရှိတဲ့ တက်ကြွမှုတွေ ရှိမနေ။ အခုနောက်ပိုင်း ပိုပြီးတိတ်ဆိတ်လာသည်ထင်သည်။ ခံစားချက်မဲ့နေတဲ့ မျက်ဝန်းတွေက အသက်မပါတော့ပေ။ နွယ်ပန်းမသိခဲ့တာက မိမိသေမဲ့ရက်ကို သိသိကြီးနဲ့ စောင့်နေရတဲ့ လူတစ်ယောက်မှာ ပျော်ရွှင်စရာနဲ့ မျှောလင့်ချက်တွေ ပျောက်ဆုံးနေခဲ့တာ ကြာခဲ့ပြီလေ။

"နွယ်ပန်း ငါ့ကို အိမ်ပြန်လိုက်ပို့ပေးအုံး
ငါ နေလို့သိပ်မကောင်းချင်ဘူးရယ်

"အင်းပါ ငါပြန်လိုက်ပို့ပါ့မယ်

"အင်း အိမ်ရောက်ရင် ငါနင့်ကို ပေးစရာရှိတယ်

"အမလေး ဘာတွေမို့တုန်း နင်ကလည်း

"ဘာရယ်မဟုတ်ပါဘူးဟာ

နှစ်ယောက်သား ရွာလယ်လမ်းအတိုင်း ဆိုင်ကယ်တစ်စီးနဲ့ ထူးရဲမောင်ရဲ့ အိမ်ရှိရာ ရွာအနောက်ထိပ်တောစပ်ကနှင်းဆီ သပြေနဲ့ သနပ်ခါးခြံတွေဆီ မောင်းလာလိုက်ကြသည်။

"ကဲ ရောက်ပြီ နင်ဆင်းတော့ ထူးရဲ

"အေးအေး

ထူးရဲဆိုင်ကယ်ပေါ်က ဆင်းတာတောင် အရမ်းမောနေသည်။ ယောက်ျားလေးတစ်ယောက်ဖြစ်နေတာရော စိတ်ဓာတ်ခိုင်မာတဲ့သူတစ်ယောက်ဖြစ်နေတာရောကြောင့် တောင့်ခံထားတာဖြစ်သည်။ အထူးသဖြင့် သူသိပ်ချစ်ရတဲ့ ကောင်မလေးကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်သွားချင်သေးလို့သာပေါ့။

ပန်းနွယ်ကစိမ်းWhere stories live. Discover now