အနောက်မြောက်တိုင်းမြို့တော်
မုံရွာမြို့ ဆိုတဲ့ မြို့အဝင် မုဒ်ဦးကြီးက ထီးထီးမားမား ကြေးမုံကို ကြိုဆိုနေပြန်သည်။ ကြေးမုံတို့ မုံရွာတက္ကသိုလ်ကြီးကို စရောက်စဉ်က မသွားတက်မလာတက်ပုံစံလေးတွေ ပြန်မြင်ယောင်လာသည်။ ထူးရဲက အဖွဲ့ထဲမှာ ယောက်ျားလေးပီပီ အားကိုးရလေသည်။ ဘာပဲဖြစ်ဖြစ် ကြေးမုံအတွက်ကတော့ ဒီနယ်မြေဟာ အစိမ်းသက်သက်တော့ဟုတ်မနေခဲ့ပါ။ မုံရွာ အဝေးပြေးကားကွင်းကိုရောက်တော့ ဂိတ်မှာ ကားက ရပ်သွားသည်။ အနောက်ဖက်ကမ်းကို ပြန်ကြမဲ့သူတွေလည်း ရှိနေသည်။ ကြေးမုံတို့က အရှေ့ဘက်ကမ်းကလေ။ ချင်းတွင်းမြစ်ရဲ့ အနောက်ဘက် ကမ်းက ရွာတွေ မြို့နယ်တွေကို ကြေးမုံတို့ အနောက်ဖက်ဒေသလို့ပဲ အလွယ်တကူခေါ်ကြသည်။ အနောက်ဖက်ဒေသက ယောနယ် တစ်နည်းအားဖြင့်ပြောရရင်
ဂန်ဂေါမြို့နဲ့ ဆက်သွယ်ထားတဲ့ လမ်းမကြီး ဘေးမှာ ရှိသည်။ စကားပြောသံကအစ ကွဲပြားသည်။ ယောသံနည်းနည်းပါသည် အနောက်ဖက်သူတွေ စကားပြောတဲ့အခါ။ ကြေးမုံတို့ တက္ကသိုလ်တက်စဉ်ကဆို အနောက်ဖက်သူ အနောက်ဖက်သားတွေ မုံရွာမှာ သိပ်ပေါသည်။ အညာသူအညာသားတွေဆိုပေမဲ့ သူတို့ရဲ့ လူနေမှုက ကြေးမုံတို့နဲ့ ကွဲပြားစေသည်။ ကြေးမုံတို့က မြေပြန့်အညာ သူတို့တွေက တောင်ပေါ်ဒေသက အညာပေါ့။ သူတို့ဆီမှာ ပန်းတွေ တအားပေါသည်တဲ့ ကြေးမုံနဲ့ ခင်တဲ့ အစ်မကြီးတစ်ယောက် ပြောပြဖူးတယ်။ ကြေးမုံ အလည်တစ်ခါလိုက်သွားဖူးတယ် လမ်းတစ်ဝက်မှာတင် လှည့်ပြန်လာခဲ့ရတယ်။ အရမ်းဝေးလွန်းတယ်။သူတို့ကျောင်းတက်ရင် စီးတဲ့ဆိုင်ကယ်တွေဆို ကြေးမုံကို ကိုကိုကြီး ဝယ်ပေးတဲ့ ဝမ်းတူးဖိုက် ဆိုင်ကယ်ထက်အများကြီး ပိုကောင်းသည်။ တောင်ပေါ်နဲ့ မြေပြန့်နဲ့ ကူးတဲ့ ဆိုင်ကယ်တွေဆိုတော့ ဘီးကြီးတွေကလည်း အကြီးကြီးတွေ။ ကြေးမုံတို့က မခေါ်တက်တော့ ရှေ့မှာ အလုံးကြီးပါတဲ့ ဆိုင်ကယ်လို့ပဲ အလွယ်တကူခေါ်ခဲ့ကြသည်။သူတို့တွေ က ချောကြသည်။ စကားသံလည်း အနည်းငယ်ဝဲသေးသည်။ ပြီးတော့ ရေလျှံကြသည်။ကျောင်းတက်တဲ့အချိန်ပဲ သုံးရတာဆိုပြီး ပိုက်ဆံကို ရေလိုသုံးကြသူတွေထဲ အနောက်ဖက်သူတွေ ထိပ်ဆုံးက။ ကြေးမုံတို့ကတော့ ငွေကုန်မဲ့ အရာဆို ဝေးဝေးကသာရှောင်တက်ကြတာ တစ်ဖွဲ့လုံး။
YOU ARE READING
ပန်းနွယ်ကစိမ်း
Romanceတတိယမြောက် ficတစ်ပုဒ်ပါ။ နေရီ့ရဲ့ ဇာတ်လမ်းတွေက အငြိမ်လေးနဲ့ ချစ်ခြင်းမေတ္တာကို အဓိကထားပြီး ဖော်ပြရေးသားတာမို့ တစ်ချို့ အလင်းရောင်မကြိုက်တဲ့သူတွေအတွက် နည်းနည်းတော့ ဖတ်ရတာတစ်မျိုးဖြစ်နေနိုင်ပါတယ်။အမှောင်ခန်းတွေမပါပေမဲ့ roတာကတော့ ပိုးစိုးပတ်စက်roပေးပါမ...