Ep.2

81 11 0
                                    

"မိကြေး လာအုံး

"ဟုတ်ကဲ့ ကိုကိုကြီး

"ရန်ကုန်သွားချင်လို့ဆို

ကြေးမုံ ခေါင်းသာငုံ့ထားပြီး ဘာမှပြန်မပြောဖြစ်။ ဆိတ်ဆိတ်ငြိမ်ခြင်းက ဝန်ခံခြင်းမို့ပင်။

"အမေနဲ့ ရန်ဖြစ်ထားပြန်ပြီလား ညိ့က

"မဟုတ်ပါဘူး ကိုကိုကြီးကလည်း

"အက်တာဆို ဘာလို့ ရန်ကုန်သွားချင်တာလဲ

တစ်ကယ်တော့ ကိုကိုကြီးနဲ့ ကြေးမုံက အသက်၁၀နှစ်လောက်ကွာသည်။ အစ်ကိုလေးနဲ့က ခုနှစ်နှစ်ကွာသည်။ အစ်ကိုတွေနှစ်ယောက်လုံးက ကြေးမုံကို ထုတ်ဖော်ပြီး မချစ်ပြတက်ပေမဲ့ညီမဖြစ်သူကိုတော့ အရိပ်တကြည့်ကြည့်နဲ့ပင်။ မျက်စိအောက်မှာရှိနေသ၍ စိတ်ချသည်ဆိုတဲ့သဘောပင်။

"ကြေးမုံ ဘွဲ့လည်းရပြီးပေါ့ အလုပ်မှမရှိတာ

"ညီမလေးက ဘာပူပင်စရာရှိတာမို့လို့လဲ ဟင် ကိုကိုကြီးတို့ ညီမလေးကို အဆင့်မြင့်မြင်မထားနိုင်ပေမဲ့ အဆင့်မနိမ့်အောင်တော့ ထားပေးနိုင်ပါတယ်

"ကြေးမုံ ကွန်ပျူတာ သင်တန်းတက်ပြီး စာရင်းကိုင်ပါတက်မလို့ပါ ကြေးမုံတက်ထားတဲ့ ပညာနဲ့ ကိုကိုကြီး အလုပ်တွေမှာ ဝင်ကူပေးနိုင်ပါတယ်

ရှားမြတ် ညီမဖြစ်သူရဲ့ စကားကိုမျက်ခုံးတစ်ဖက်ပင့်ပြီး နားထောင်နေလိုက်သည်။ ကြေးမုံကို အရင်ကလို ခလေးလေးတစ်ယောက်လိုသာ မြင်နေတုန်းပင်။ ရှားမြတ် တက္ကသိုလ် ပထမနှစ်စတက်တော့ ကြေးမုံက ကျောင်းစထားတဲ့အရွယ်ပဲရှိသေးသည်။ မင်းလွန်က ကိုးတန်းဖြစ်မည်။ လွယ်အိတ်သေးသေးလေးနဲ့ အဖြူအစိမ်းဂါဝန်လေးလွယ်ပြီး အဖေ့ကျောပေါ်ကနေအမြဲတမ်း ကုန်းပိုးပြီး အကြိုပို့လုပ်နေရတဲ့ ခလေးလေးက အခုဆို နှစ်ဆယ်ကျော် အမျိုးသမီးငယ်လေးတစ်ယောက်ဖြစ်လို့နေပြီ။

"ရန်ကုန်မှာ အသိရှိလို့လား ငါ့ညီမ

"ရှိတယ် ကိုကိုကြီး ရွာတောင်ပိုင်းက ဖြူလေးတို့နဲ့ အဆောင်အတူငှားနေမှာ

"ကိုကြီးကတော့ ဖြစ်နိုင်ရင် ညီမလေးကို ပေးမသွားချင်ဘူး ဒါပေမဲ့ညီမလေး ကဆန္ဒရှိတယ်ဆိုတော့လည်း မတားတော့ဘူး ဟိုရောက်ရင် လိမ်လိမ်မာမာနေဖို့ပဲ ကိုကြီးမှာလိုက်မယ် ငါ့ညီမ

ပန်းနွယ်ကစိမ်းWhere stories live. Discover now