စာစဥ် ၂ ။ အခန်း ၁ မှ ၁၀ ထိ။

2.3K 143 5
                                    

Unicode

စာစဥ် ၂ ၊ အခန်း ၁ ။ Mr. Love

 

အဆုံးတွင် အမေ စု သည် သူမ ဘယ်လောက် စိတ်ထိခိုက်နေကြောင်းနှင့် အကြောင်းပြချက် အမျိုးမျိုး ဆိုကာ အဖေ စု ဆီမှ ကတ် ကို တောင်းခဲ့သည်။ စုချန်ကိုခေါ်ကာ သူတို့သွားနေကြ ကုန်တိုက်သို့ ချက်ချင်းပင် ထွက်လာခဲ့ကြသည်။

 

စုချန်သည် ယွန်းရှန်၏ အင်္ကျီများကို မြင်ဖူးမိသောကြောင့် ထင်သည်၊ ကုန်တိုက်တွင်တွေ့သော  ပွဲတက်ဂါဝန်များမှာ သူမ မျက်စိတွင် မတိုးတော့ပေ။

 

အမေ စုသည်လည်း ဒီအ‌ခြေအနေကို ရိပ်စားမိသည်။ နောက်ထပ် စတိုးဆိုင်တစ်ခုကို ကျော်ပြီးနောက် အမေ စုသည် စုချန်ကိုဖက်လိုက်ပြီး “ဒါလင်….မေ့ရဲ့အချစ်လေး” ဟု အော်တော့သည်။

 

“အမေ…..သမီးတို့ လက်ဝတ်လက်စား ရတနာဆိုင်ကို သွားကြည့်ကြမယ်လေ”

 

အမေ စုလည်း သဘောတူကာ စုချန်ကို ရတနာ အရောင်းကောင်တာ ဆီသို့ ခေါ်သွားခဲ့သည်။

 

ဤကုန်တိုက်သည် နာမည်ကြီး အမှတ်တံဆိပ် ဘရန်း (brand) များဖြင့် ပြည့်နေပြီး အပြင်အဆင်မှာလည်း အထက်တန်းဆန်လှသည်။ စုချန် စုမိသားစုဆီသို့ ပြန်မရောက်လာခဲ့လျှင် သူမ ဒီနေရာကို လာဖူးသည်ကိုပင် ပျော်မိလိမ့်မည်။ သို့သော် ယခုတွင် သူမမှာ စု မိသားစု ၏ တရားဝင် သမီးဖြစ်သည်။ လူများစွာ သွားလာနေသည်ကို မြင်ရသည်မှာ သူမ မကျေနပ် ဖြစ်နေမိသည်။

 

သူမ ဘေးမှ အမေ စုကို ကြည့်လိုက်ပြီး သူမ မနှစ်မြို့မိ။ သူမ အမေမှာ အမှန်တကယ် အသုံးမကျသူပင်၊ အစ်ကို ဟူနန် သာဆိုလျှင် သူမကို ဒီဇိုင်းနာ အိမ်ကို ခေါ်သွားပြီး သူမအတွက် ဂါဝန်တစ်ထည် ချုပ်ပေးရန် ပြောပေးလိမ့်မည်။

 

 

ရတနာ အရောင်းကောင်တာ အပိုင်းတွင် မျက်စိကျစရာ အကောင်းဆုံးမှာ သုံးလွှာရှိ သက်တမ်းတစ်ခုကြာရပ်တည်နေပြီဖြစ်သော အမှတ်တံဆိပ် Mr. Love ဖြစ်သည်။ စုချန် အမေစု နောက်လိုက်သွားပြီး ဆိုင်ထဲသို့ ဝင်လာသောအခါ သူတို့ဆီသို့ service ပေးရန် အရောင်းဝန်ထမ်းမ တစ်ယောက်မှ မရောက်လာပါ။

ပြန်လည်မွေးဖွားပြီးနောက် မွေးစားသမီးက ကမ္ဘာကြီးကိုတုန်လှုပ်စေခဲ့တယ်!Kde žijí příběhy. Začni objevovat