စာစဥ် ၃ ၊ အခန်း ၆ ။ ပွင့်ပွင့်လင်းလင်း ပြော
လုကျဲ ၏ မျက်နှာ အမူအယာများ ရပ်တန့်ပြီး တုတ်တုတ်မျှမလှုပ်တော့ချေ။ ခဏမျှ ကြာသောအခါ သူအားတင်းပြုံးလိုက်ပြီး “မမလေး ယွန်း ဘာတွေပြောနေတာလဲ။ ကျွန်တော်က ဘာလို့ သာယာနေရမှာလဲ။” ဟုပြောလိုက်သည်။
စုရန် သရော်ပြုံးပြုံးကာ ပြောလိုက်သည်။ “ရှေ့နေလု ကျွန်မက မတုံးဘူး။ ပြီးတော့ ကျောင်းလင်းလို ဦးနှောက်မရှိတဲ့သူလဲ မဟုတ်ဘူးလေ။ ကျွန်မက ရှင့်ရဲ့လှည့်ကွက်တွေကို မသိဘူးလို့များ ထင်နေတာလား။” လုကျဲ၏ မျက်နှာမှာ တဖြည်းဖြည်းပျက်လာသောအခါ စုရန်မှ ဆက်၍ ပြောလိုက်သည်။ “ရှင်က ဒီလူ၂ယောက်နဲ့ တစ်ကျိတ်တည်း တစ်ဉာဏ်တည်း မဟုတ်လား။ ကျွန်မ မသိဘူး ထင်နေတာလား။ ဇာတ်ညွှန်းစာသားတွေကို ပြောဖို့ နောက်ဆုံး မိနစ်ကျမှ အသည်းအသန် ကျက်ရတာ ခက်တယ် ဟုတ်….ဟုတ်တယ် မဟုတ်လား။”
လုကျဲ၏ အပြောအဆိုများသည် သဘာဝမကျပဲ တောင့်တောင့်ကြီး ဖြစ်နေသည်။ လုကျဲသည် ဇာတ်ညွှန်းစာသားအတိုင်း ပြောနေသည်မှာ သေချာသည်။ ဒီတစ်ကြိမ် ပြန်ပေးဆွဲမှုသည် စုရန်ကို အန္တရာယ် မပြုပါ။ သူမ အချုပ်အနှောင်မှ လွတ်မြောက်သွားသောအခါ ရှီချင်း ဝှီးချဲကို ပင် အပြင်သို့ တွန်းနိုင်သည်။
“ဒီလူတွေကို ဘာလို လုပ်ကြမလဲ။” စုရန်မေးလိုက်သည်။
“ရဲစခန်း ပို့ကြတာပေါ့” ရှီချင်းက တည်တည်ငြိမ်ငြိမ်ဖြင့်ဖြေလိုက်သည်။ “သူတို့ကို ရှင်းဖို့ တစ်ယောက်ယောက်ကို ကိုယ်ခေါ်လိုက်မယ်”
စုရန်လည်း သက်ပြင်းချလိုက်သည်။ “စုရန် ထင်တာ စုရန်တို့ သဲလွန်စတွေ နောက်လိုက်ပြီး ယွန်းမိသားစု က အဲ့လူကို ဖမ်းမယ်ထင်တာ။စုရန် သူတို့ကို ဒီလို လုပ်မယ်လို့ မျှော်လင့်မထားမိဘူး”
ရှီချင်း သည် ခေါင်းအနည်းငယ်စောင်းပြီး သူမ၏ စကားကို နားထောင်နေခဲ့သည်။
“ပြန်ပေးဆွဲတဲ့သူထဲက တစ်ယောက်က ယွန်းမိသားစု ပေးတဲ့ ပိုက်ဆံနဲ့ မကျေနပ်နိုင်လို့ သူ့စကားကိုယ်သူ ပြန်ရုတ်သိမ်းသွားတယ်။” ဟု စုရန်ပြောပြီး ခဏရပ်လိုက်သည်။ “သူတို့တွေ ဖုန်းပြောနေကြတုန်း မွေးစားအဖေ အသံကို ကြားမိလိုက်သလိုပဲ။”
ESTÁS LEYENDO
ပြန်လည်မွေးဖွားပြီးနောက် မွေးစားသမီးက ကမ္ဘာကြီးကိုတုန်လှုပ်စေခဲ့တယ်!
Romanceပြန်လည်မွေးဖွားပြီးနောက် မွေးစားသမီးက ကမ္ဘာကြီးကိုတုန်လှုပ်စေခဲ့တယ်! Page - Hikari Moon Translator: Hikari Moon Team All credit to original author and eng translator