ပြန်လည်မွေးဖွားပြီးနောက် မွေးစားသမီးက ကမ္ဘာကိုတုန်လှုပ်စေခဲ့တယ်!:
စာစဥ် ၁၁ ၊ အခန်း ၁ ။ နှီးနှောဖလှယ်ပွဲနှီးနှောဖလှယ်ပွဲရက်မှာ စနေနေ့ညဖြစ်သည်။ ကျန်းမြို့တော်၏ နာမည်ကြီးဟိုတယ်တစ်ခုတွင် ကျင်းပခြင်းဖြစ်သည်။ အဲ့ဒီနေ့ပွဲတွင်တက်ရောက်ကြသောသူများမှာ ချမ်းသာသောရင်းနှီးမြှုပ်နှံသူများဖြစ်ကြသည်။ အနုပညာလောကတွင် ကံကောင်းပြီး ရင်းနှီးမြှုပ်နှံမှုနည်းနည်းဖြင့် အချီကြီးပွရန်ကြိုးစားကြသောလုပ်ငန်းငယ်မှသူများလည်းရှိသည်။ သူတို့မှာ ဇာတ်ညွှန်း ဇာတ်လမ်းကောင်းကို ရှာဖွေနေကြပြီး ငယ်ငယ်ရွယ်ရွယ်နာမည်ကြီး မင်းသား၊ မင်းသမီးအချို့ကို ရှာဖွေနေကြ၏။
တီဗွီဇာတ်လမ်းတွဲပြသသောအခါ ပိုက်ဆံများမှာသူတို့လက်ထဲတွင်ရောက်မည်ဖြစ်သည်။
စုရန် နှီးနှောဖလှယ်ပွဲကို ယွန်းမျန်နောက်မှလိုက်လာပြီး ရင်းနှီးမြှုပ်နှံသူများကို စိုက်ကြည့်လိုက်သည်။ နောက်ဆုံး သူမဆုံးဖြတ်ချက်တစ်ခုကို ချနိုင်သွား၏။
ရင်းနှီးမြှုပ်နှံသူ ဆယ်ယောက်တွင် ကိုးယောက်မှာ မကောင်းသောရည်ရွယ်ချက်နှင့်ဖြစ်ပြီး တစ်ယောက်သာကျန်သည်။ နောက်ဆုံးအဲ့ဒီတစ်ယောက်မှာလည်း မသမာသူတော်ကောင်းယောင်ဆောင်ပြီးအကျိုးအမြတ်လိုချင်သူများ၏အရူးလုပ်၍ သူတို့ဆီတွင် ငွေအမြောက်အများရင်းနှီးမြှုပ်နှံစေသည်။ ထို့နောက် ရင်းနှီးသူများမှာ အားလုံးဆုံးရှုံးသွားရသည်။စုရန်မျက်နှာပေါ်မှ အမျိုးမျိုးသောအမူအယာပေါင်းစုံကိုကြည့်ရင်း ယွန်းမျန်အပြုံးနှင့်မေးလိုက်၏။ “သမီး….သမီးခုမှဒီကိုရောက်တယ်။ အဲ့ဒါကို ကန့်လန့်ကာနောက်ကွယ်ကအကြောင်းတွေကို မြင်နေပြီလား။”
စုရန် ငြင်းလည်းမငြင်းသလို ခေါင်းလည်းမညိတ်မိပါချေ။ သူမ ပြုံးသာပြ၍ ဘာမှမပြောပေ။ စုရန်မှာငယ်လွန်းပြီး သူမမှာ သာမန်ဝတ်စားထားသောကြောင့် အချီကြီးရင်းနှီးမြှုပ်နှံမည့်သူနှင့်မတူနေ။ ထို့ကြောင့် သူမဆီသို့ ရင်းနှီးမြှုပ်နှံရန်အတွက် လာပြောသူလည်းမရှိပေ။
VOUS LISEZ
ပြန်လည်မွေးဖွားပြီးနောက် မွေးစားသမီးက ကမ္ဘာကြီးကိုတုန်လှုပ်စေခဲ့တယ်!
Roman d'amourပြန်လည်မွေးဖွားပြီးနောက် မွေးစားသမီးက ကမ္ဘာကြီးကိုတုန်လှုပ်စေခဲ့တယ်! Page - Hikari Moon Translator: Hikari Moon Team All credit to original author and eng translator