Unicode
စာစဥ် ၃ ၊ အခန်း ၁ ။ ချိန်းထားတဲ့ ညနေစာ ဘာလို့ လာမစားတာလဲ။
နောက်နေ့ နံနက် ကောင်းကင်ကြီး တောက်ပ လာချိန်တွင် ဖုန်းခေါ်သံကြောင့် စုရန် နိုးသွားခဲ့သည်။ စုရန်သည် သူမ၏မျက်စိများပင် မပွင့်နိုင်သေးဘဲ ဖုန်းကိုင်လိုက်သည်။ ထို့နောက် သူမဟာ ဖုန်း၏ တခြားတစ်ဖက်မှ စူးစူးရှရှ အမျိုးသမီး တစ်ယောက် အသံကိုကြားလိုက်ရသည်။
“စုရန်….စု မိသားစုရဲ့ မွေးစားသမီးလား”
စုရန်သည် ပျင်းရိစွာ လဲလျောင်းနေပြီး ထိုမေးခွန်းကို မဖြေလိုက်ပါ။
“ဟား…နောက်ဆုံးတော့လည်း မွေးစားသမီးက မွေးစားသမီးပါဘဲ။ ဘယ်လောက်တောင် ပညာမဲ့လိုက်သလဲ။ လူကြီးက မေးရင် ပြန်ဖြေရမယ်ဆိုတာ မသိဘူးလား”
စုရန် အိပ်ချင်ပြေသွားသောအခါ “အန်တီ….အန်တီက ဘယ်သူလဲ။ လူစိမ်းတစ်ယောက်ကို ဖုန်းခေါ်မယ်ဆို ကိုယ့်ကိုယ်ကို အရင် မိတ်ဆက်ပေးရမယ် မဟုတ်ဘူးလား” ဟုပြောလိုက်သည်။
ဖုန်း၏ တခြားတစ်ဖက်မှ သူသည် သီး သွားဟန်တူသည်။ ခဏ အကြာ ထိုသူက အားယူပြီး ပြောလိုက်သည်။ “နင့်ရဲ့ အခုအခြေအနေ အဆင့်အတန်းနဲ့ …ဟူ မိသားစု ကသူကို လက်ထပ်ပြီး မိသားစုထဲ ဝင်လာမယ် စိတ်မကူးနဲ့”
ဟူ မိသားစု။ စုရန် အိပ်ချင်ပြေသွားပြီး ထို အမျိုးသမီး၏ အသံမှာလည်း ရင်းနှီးသည်ကို သူမ ခံစားလိုက်ရသည်။ သူမလည်း မဝံ့မရဲဖြင့် မေးကြည့်လိုက်မိသည်။ “အန်တီက ဟူနန်အမေလား”
ဟူ ဇနီးမောင်နှံ၏ ဆက်ဆံရေးမှာ မကောင်းလှပေ။ ဟူနန်မွေးပြီး မကြာခင်တွင် ကွာရှင်းပြတ်စဲ လိုက်ကြသည်။ထိုသည်မှာ ဟူနန်၏ အမေမှာ လွတ်လပ်မှုကို တောင်းဆိုခဲ့သောကြောင့်ဖြစ်သည်။ ဟူနန်အဖေနှင့် ကွာရှင်းပြီးနောက် သူမသည် ရည်းစား တစ်ယောက်ပြီး တစ်ယောက်ထားခဲ့၏။ ဟူနန် ၁၅နှစ်အရွယ်တွင် ဟူနန်အဖေသည်လည်း အမျိုးသမီးတစ်ယောက်နှင့် လက်ထပ်ခဲ့သေးသည်။
VOUS LISEZ
ပြန်လည်မွေးဖွားပြီးနောက် မွေးစားသမီးက ကမ္ဘာကြီးကိုတုန်လှုပ်စေခဲ့တယ်!
Roman d'amourပြန်လည်မွေးဖွားပြီးနောက် မွေးစားသမီးက ကမ္ဘာကြီးကိုတုန်လှုပ်စေခဲ့တယ်! Page - Hikari Moon Translator: Hikari Moon Team All credit to original author and eng translator