စာစဥ် ၈ ။

702 45 1
                                    

Unicode

စာဥ် အခန်း မစ္စတာ ရှန်း

 

 

စုရန် ယွန်းရှန်၏တောင်းဆိုချက်ကို ငြင်းပယ်ပြီးကတည်းက သူ သူမကို ဆက်၍မနှောင့်ယှက်တော့ပါချေ။ ထို့ကြောင့် စုရန် အနည်းငယ် အံ့အားသင့်မိပြီး သခင်ကြီးယွန်းအား ထိုအကြောင်းကို ပြောပြမိသည်။ သခင်ကြီးယွန်းလည်း ထူးဆန်းနေသလိုခံစားရ၏။ သူ၏တူမှာ လွယ်လွယ်ကူကူ ကိုင်တွယ်ဖြေရှင်း၍ရသောသူ မဟုတ်ပါ။ ထိုကဲ့သို့ ကြီးကြီးမားမား မတော်တဆဖြစ်ပြီးသည့်နောက် သူဘာကြောင့်များ စုရန်ကို ကပ်ပါးရပ်ပါး မလုပ်တော့တာလဲ။

 

 

 

 

ထို့ကြောင့် နောက်တစ်နေ့ သခင်ကြီးယွန်း ယွန်းရှန်ကိုတွေ့သောအခါ သူ အထူးဂရုစိုက်ပြီး ယွန်းရှန်ကိုကြည့်မိသည်။

 

 

 

 

သို့သော် သူဘယ်လိုပဲကြည့်ကြည့် ယွန်းရှန်မှာ တက်ကြွပေါ့ပါးနေသည်ကို တွေ့ရ၏။ သခင်ကြီးယွန်း စုရန်ကို အိပ်မက်နဲ့များ မှားပြောသလားဟုပင် ထင်နေမိသည်။ အမှန်တကယ် ယွန်းရှန်၏သား တစ်ယောက်ယောက်ကို သတ်မိသည်မှာ မဟုတ်သည်များလား။

 

 

 

 

“အန်ကယ်….ဘာဖြစ်လို့လဲ။” ယွန်းရှန် သခင်ကြီးယွန်း သူ့ကိုစူးစိုက်ကြည့်နေသောကြောင့် အနေခက်လာ၍ သူ၏ပုံမှန်အနေအထားအတိုင်း ခပ်တည်တည်နေလိုက်၏။

 

 

 

 

သခင်ကြီးယွန်း ခဏလောက်ငေးငိုင်တွေးပြီးနောက် ခေါင်းခါပြလိုက်သည်။ သူ ယွန်းရှန်ကိုစုံစမ်းရန်အတွက် သူ့လက်အောက်ငယ်သားများကို တိတ်တဆိတ်ပြောလိုက်၏။ သခင်ကြီးယွန်းလည်း ယွန်းရှန်နှင့်ပတ်သတ်ပြီးတစ်ခုခုမှားနေတာရှိသည်ဟု ယုံကြည်နေမိသည်။

ပြန်လည်မွေးဖွားပြီးနောက် မွေးစားသမီးက ကမ္ဘာကြီးကိုတုန်လှုပ်စေခဲ့တယ်!Onde histórias criam vida. Descubra agora