« အခန်း ( ၃ ) » သံသယ

930 95 0
                                    

ယုမန်မန်သည် ဘာမှမဖုံးကွယ်နိုင်သော လူတစ်ယောက်ဖြစ်သော်လည်း ယုဟောင်ကိုမူ အဖေ၏ကိစ္စများကို လုံးဝ မပြောပြခဲ့ပေ။ သူ(မ)နှင့် ယုဟောင်တို့သည် မေမေ့ဗိုက်ထဲတွင် ရှိနေစဉ်ကတည်းက အတူနေခဲ့ကြတယ်။ သူတို့သည် မေမေ့ထက် သူ့ကို ပိုသိတယ်။ ထိုအမျိုးသားအကြောင်းပြောရင် သူ့(မ)ကို အမျိုးသားဆီ ဘယ်တော့မှ သွားခွင့်မပြုလောက်ဘူး။

ဒါ့ပြင် သူလည်း ဒဏ်ရာ ရလိမ့်မယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ အရွယ်ရောက်လာဟန်ဆောင်ပေမယ့် တကယ်တမ်း ခွဲခြမ်းစိတ်ဖြာမှုမှာတော့ လေးနှစ်အရွယ် ကလေးပဲ ရှိပါသေးတယ်။ ဖေဖေမွေးပေမယ့် မလိုချင်တာကြောင့် ဒဏ်ရာရမယ့် ကလေးပါ။

ဒါတွေအားလုံးက ထိုအမျိုးသားရဲ့ အပြစ်ပါ။

ယုမန်မန်က သက်ပြင်းချလိုက်တယ်။ ညဘက် ယုဟောင်ကို ဖုန်းခေါ်တဲ့အခါ ကျောင်းအကြောင်းနည်းနည်းပြောပြပြီး အန်တီဂူဖေးက သူ့(မ)အတွက် ဝယ်ပေးခဲ့တဲ့ လှပတဲ့စကတ်အသစ်ကလေး ယူကာ သူ့ကို ကြွားလိုက်တယ်။ ဖေဖေရဲ့လုပ်ငန်းကို မပြောပြပါဘူး။

ယုဟောင်သည် သြစတြေးလျသို့ ရောက်ရှိခဲ့ပြီး တရားဝင် စတင်လေ့လာခဲ့တယ်။ အချိန်က တရုတ်ပြည်မှာထက် ခြောက်နာရီ ပိုမြန်တယ်။ မူလတန်းသာရှိသေးသော ယုမန်မန်အတွက် jet lagက အံ့ဩစရာပင်။

【 jet lag = ကမ္ဘာ့စံတော်ချိန် ဇုန်တစ်ခုမှ အလွန် ခြားနားသော အခြားတစ်ခုသို့ ဂျက်လေယာဉ်ဖြင့် ရုတ်ခြည်း ကူးရောက်ရာတွင် ကိုယ်တွင်းဇီဝနာရီက အလိုက်သင့် လိုက်မမီခြင်းကြောင့် ခံစားရသော ကိုယ်လက်ပင်ပန်းမှု 】

" ဒါဆို ညီမလေးတို့ဘက်​မှာ မ​မှောင်​​သေးဘူးလား ? "

ယုမန်မန်သည် သူ(မ)၏ လက်ကိုင်ဖုန်းကို ကိုင်လိုက်ပြီး ဧည့်ခန်းရှိ ပြတင်းပေါက်လေးဆီသို့ ပြေးသွားလိုက်တယ်။

" အခု မှောင်နေပြီ ... "

နံရံပေါ်က နာရီကို လှမ်းကြည့်လိုက်တော့ " ပေကျင်းအချိန်က 7:30 pm ဆိုတော့ အခုက 1:30 pm ရှိနေပြီလား ? "

ဥက္ကဌ၏ နူးညံ့သိမ်မွေ့သော ချစ်သမီးလေး( မြန်မာ ဘာသာပြန် ) Where stories live. Discover now