အခန်း ( ၁၃ ) ဘား

433 51 0
                                    

     ဟဲချုံယွမ်က စိတ်​မ​ကောင်း ဖြစ်​​နေ​ပေမယ့်​ ​ကလေးမ​လေးက ​ပျော်​​နေတယ်​။ သူ(မ)ကို စိတ်မပျက်စေချင်ဘူး။ သူက ဆိုဖာပေါ်မှာ ထိုင်ကာ ကတ်ကြေးသေးသေးလေးနှင့် ရောင်စုံစာရွက်ကတ်ကို ကိုင်ကာ သူ့စိတ်ထဲရှိ မကောင်းတဲ့ စိတ်ခံစားချက်ကို သိမ်းရင်း သူ(မ)နှင့်အတူ " အိမ် " လက်လုပ် အလုပ်ကို လုပ်‌နေလိုက်တယ်။

     ယုမန်မန်က ယခုအချိန်တွင် သူ့(မ)၏ ဦးဆောင်မှုကို ပြသခဲ့တယ်။ ရုပ်ပုံများနှင့် ပုံသဏ္ဍာန်များကို ရေးဆွဲရန် သူ(မ)တွင် တာဝန်ရှိပြီး ဘာရွန်က ၎င်းတို့အတွက် ပြင်ဆင်ထားသည့် အဖြူရောင် ကတ်ထူပြားပေါ်တွင် ကပ်ထားရန် သခင်ငယ်လေးနှစ်ဦးအား ညွှန်ကြားခဲ့တယ်။

     " အန်ကယ်ဟဲ ဒီပန်းက အဆင်မပြေဘူး ၊ အန်ကယ်ဟဲက အလယ်မှာ အနီရောင်အစက်လေးတွေ ခြယ်ရမယ် အဲဒါမှ ကြည့်ကောင်းမှာပေါ့ "

     ယုမန်မန်က ကော်ဖီ စားပွဲကြီးပေါ်မှာ လှဲနေပြီး ဟဲချုံယွမ်ရဲ့ ပြဿနာများကို ထောက်ပြလိုက်တယ်။

     ဟဲချုံယွမ်၏ ယခင် ဒေါသနှင့် ပတ်သက်၍ ဤမျှ ဆိုးရွားသော စိတ်ဓာတ်မျိုး ကြုံလာရသောအခါ မည်သူမျှ သူ့ရှေ့မှာ အလျင်စလို မလုပ်ဝံ့ရဲကြဘဲ ဤကလေးမလေးမှာ " အလကား ရွှေတံဆိပ် " သာမကဘဲ " အဆိုးမြင်သော ရွှေတံဆိပ် " လည်းရှိ​ပေမယ့်​ သူလုပ်​​ဆောင်​ဖို့ အရာတွေကို သတ္တိရှိရှိ ညွှန်​ပြခဲ့တယ်​။

   " ကောင်းပြီ "

     ကလေးမလေးရဲ့ရှေ့မှာတော့ သူ့ရဲ့ မကောင်းတဲ့ စိတ်နေစိတ်ထားကို ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့ပြီး ခေါင်းညိတ်ပြကာ သူ(မ)ရည်ရွယ်ထားတဲ့အတိုင်း မီးခိုးရောင် ခြယ်သခဲ့ပါတယ်။

     ဘာရွန်က အချိုရည်များနှင့် အဆာပြေ အစားအစာ ပြင်ဆင်ပြီး သူတို့ကို စိတ်အနှောင့်အယှက်မပေးဘဲ အပြုံးဖြင့် ယူဆောင်လာခဲ့တယ်။

     အကုန်လုံး အာရုံစိုက်နေတဲ့ ယုမန်မန်ဟဲချုံယွမ်နဲ့ မတူတာက ဂျန်းဇီလင်းဟာ အားလုံးကို သုံးမိနစ်လောက် အရှိန်ပြင်းပြင်းနဲ့ လုပ်တတ်သူပါ။ ခဏတစ်ဖြုတ် လုပ်လိုက်ပြီးနောက်မှာ သူ့မျက်လုံးတွေနဲ့ လည်ပင်းနာသွားပြီး တစ်ကိုယ်လုံးလည်း နာကျင်သွားသလို ခံစားလိုက်ရတယ်။

ဥက္ကဌ၏ နူးညံ့သိမ်မွေ့သော ချစ်သမီးလေး( မြန်မာ ဘာသာပြန် ) Hikayelerin yaşadığı yer. Şimdi keşfedin