အခန်း ( ၂၀ ) အိပ်ရာဝင် ဇာတ်လမ်း

344 44 0
                                    

     ယုမန်မန်က သူ့နှလုံးသားထဲက အချက်တစ်ချက်ကို နားလည်ခဲ့ပြီး တကယ်ကို မလွယ်ခဲ့ပါဘူး။

     နားလည်မှု လွဲမှားမှုကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ်။ သူ(မ)သည် သူ့လက်ကို လှမ်းဆွဲကာ တိုးတိုးလေး တောင်းပန်လိုက်တယ်။

     " ဒါဆို တောင်းပန်ပါတယ် အန်ကယ်ဟဲရယ် အန်ကယ့်ကို နားလည်မှုလွဲသွားလို့ သမီး တောင်းပန်ပါတယ် "

     ဟဲချုံယွမ်တွင် ချဉ်သော နှလုံးသား ရှိတယ်။ သူ့(မ)ကို သူ့ရင်ခွင်ထဲ ပွေ့ဖက်ထားရင်း မတတ်နိုင်ဘဲ " မန်မန် ၊ စိတ်မဆိုးပါနဲ့ ငါမှားသွားပြီ။ မင်းအမေကို မန်နေဂျာဟွမ်က ဒီလောက်ဆိုးတဲ့ လုပ်ရပ်ကို လုပ်တယ်ဆိုတာ မသိလိုက်ဘူး။ "

     ယုမန်မန် အသက်ပြင်းပြင်းရှူရင်း သူ့(မ)မျက်နှာလေးကို ရွှင်ပြုံးပြုံးနဲ့ " တစ်ယောက်နဲ့ တစ်ယောက် မတောင်းပန်ဘဲ‌နေရအောင် သမီးတို့က အတူတူဘဲ မလား ? "

     ဟဲချုံယွမ်က သူ့ပါးစပ်ကို ကွေးညွှတ်ပြီး မတတ်နိုင်ဘဲ ဖွဖွလေးပြုံးကာ သူ့တစ်သက်မှာ တစ်ခါမှ မပြောဖူးတဲ့ လေသံပျော့ပျော့နဲ့ " ကောင်းပြီ၊ တစ်ယောက်နဲ့ တစ်ယောက် ဒီစကား မပြောနဲ့ "

     ယုမန်မန်ဟာ ​အခြေအနေ ကောင်းလာတဲ့အခါ လက်ညှိုးလေးကို ဆန့်တန်းပြီး ပြုံးချိုချိုနဲ့ ပြောလိုက်တယ်။

     " ဒါဆို စိတ်မချမ်းသာစရာတွေ ရှိရင် အားလုံးက တစ်ယောက်နဲ့ တစ်ယောက် ပြောသင့်တယ် မလား ? "

     ဟဲချုံယွမ်ကလည်း သူ့လက်ချောင်းလေးကို ချိတ်ပြီး " ကောင်းပြီ ၊ အန်ကယ် သမီးစကားကို နားထောင်မယ် " လို့ အလေးအနက် ကတိပေးလိုက်တယ်။ သူဌေးက ဒီပုံစံကို မသိခဲ့ဘူး။ ဒီကတိက သူ့ဘဝတစ်လျှောက်လုံးမှာ ဘယ်လောက်ရှိမလဲ ?

     ထို့နောက် ယုမန်မန်သည် ဟဲချုံယွမ်၏ လက်ကို တက်ကြွစွာ ဆုပ်ကိုင်လိုက်ပြီး ဗီလာထဲသို့ ၀င်သွားခဲ့တယ်။ သူ့(မ)လက်သေးသေးလေးက တဖျပ်ဖျပ်ခတ်သွားပြီး ပထမတစ်ချက်မှာ အထူးကောင်းမွန်တယ်လို့ ခံစားရတယ်။

     ဟဲချုံယွမ်မှာ လုပ်စရာတွေ အများကြီး ကျန်သေးတယ်။ ပထမထပ်ရှိ ဧည့်ခန်းကျယ်ကြီးဆီသို့ အရာအားလုံးကို ရွှေ့လိုက်တယ်။ ယုမန်မန်သည် သူ့ဘေးက ဆိုဖာပေါ်တွင် ထိုင်ကာ တီဗွီမှ ကာတွန်းကို စေ့စေ့ကြည့်ရင်း ခြေနှစ်ချောင်းကို ခါယမ်းနေတယ်။

ဥက္ကဌ၏ နူးညံ့သိမ်မွေ့သော ချစ်သမီးလေး( မြန်မာ ဘာသာပြန် ) Where stories live. Discover now