အပိုင်း ၆ : ဂိုက်ဆရာက OCD သမား ဖြစ်နေတယ်

1K 77 2
                                    

❄️❄️❄️

"ဒေါက် ဒေါက်..."

ပထမဆုံးနေ့မှာ အချိန်မှန်မှန်ပေါ့။
ကိုကို့ရင်ခွင်ကျောင်းကို ကျွန်တော်လာတက်ခဲ့ပြီ။

"တံခါးလော့ချမထားဘူး"

လူပေါ်မလာဘဲ အသံလေးသဲ့သဲ့ကြားရတာကြောင့် ကိုယ်တိုင်ဖွင့်ဝင်လာခဲ့တော့...။

"ထိုင်အုံး..."

ဟိုနေ့က စားပွဲပုအဖြူလေးပေါ်မှာ မေးခွန်းဟောင်းစာအုပ်တွေ အထပ်လိုက်နဲ့အတူ အကြမ်းစာအုပ်အထူကြီးကလည်း ချထားသေးတယ်။ လူတော့ မမြင်ရသေးဘူး။

ကျောပိုးအိတ်လေးချပြီး တင်ပျဉ်ခွေထိုင်နေတုန်း...
ခဏနေပဲ အခန်းထဲကထွက်လာတဲ့ ဆရာအသစ်စက်စက်လေးက အနားလာထိုင်ပြီး သူ့မျက်မှန်လေးကို လက်ချောင်းနဲ့ပင့်လို့ Bio မေးခွန်းဟောင်း The Best Guide စာအုပ်အထူကြီးကို စကိုင်ပါတော့တယ်။

"အံထူးမြတ်ဆီကကြားတယ်... နှစ်ဝက်စာမေးပွဲတုန်းက Bio ဂုဏ်ထူးကပ်ပြုတ်တယ်ဆို..."

"ဟုတ်... "

"အဲ့ဒါက တစ်မှတ်တန်တွေကို မေးခွန်းသေချာမဖတ်တာရယ်...
နောက်ပိုင်းမေးခွန်းတွေမှာ စာလုံးပေါင်းအမှား၊ အကျရှိတာရယ်ကြောင့် ကိုယ်ရသင့်တဲ့အမှတ်မရတာ..."

"ဟီးဟီး... ဟုတ်..."

"Chapter 1 to 4 ပြန်ကြည့်ထားလား..."

"ဟိုရက်က ကြည့်ထားတယ်"

"ဒါဆို အဲ့ဒီအခန်းလေးခန်းရဲ့ မေးခွန်းဟောင်းတစ်မှတ်တန်တွေ ဒီညအကုန်ဖြတ်မယ်... ခဏပြန်ကြည့်ချင်ကြည့်..."

"ဟုတ်..."

ဘုရားရေ...။ ကျွန်တော့်ရဲ့မှန်ကြောင်ကိုကိုက ပထမညမှာတင် တကယ့်ဆရာအရှိန်အဝါအပြည့်နဲ့ဗျ။

"ဒီဇင်ဘာမှစသင်တာဆို‌တော့ revision အတွက် guide line ပေးတဲ့သဘောပဲသွားမယ်၊ အစကပြန်သင်ပေးစရာမလိုဘူးလို့တော့ အောက်မေ့ပါတယ်... မင်းကဘာတွေမှာ အားနည်းတာလဲ သိရဖို့ Test တွေတော့ ဆက်တိုက်ဖြေရလိမ့်မယ်၊ ပင်ပန်းမယ်..."

"ပင်ပန်းတာလောက်က ကိစ္စမရှိပါဘူး၊ ကျွန်တော်က အပင်ပန်းခံနိုင်ပါတယ်... ဟဲဟဲ..."

Heartless December ❄️Nơi câu chuyện tồn tại. Hãy khám phá bây giờ