အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၂

396 34 1
                                    

❄️❄️❄️

နံနက် ၄နာရီဖြစ်သည်။
အဆောက်အဦးတစ်ခုလုံး တိတ်ဆိတ်နေလျက်။
တစ်ခုသောတိုက်ခန်းလေး၏ ပြတင်းမှလင်းနေသော အခန်းမီးဖျော့ဖျော့ကလွဲလျှင် ပတ်၀န်းကျင်မှာ မှောင်ရီနေဆဲ။

စာကြည့်စားပွဲတွင်ထိုင်နေသော အယ်လ်ခွန်းသည် stapler နှင့် ထပ်ထားသော စာရွက်တွဲများကိုထပ်ပြီး အနားသတ်ညိလိုက်၏။
ထို့နောက် သူ့‌ကျောပိုးအိတ်ထဲသို့ထည့်လိုက်ကာ စားပွဲပေါ်တွင်ကျန်သော စာအုပ်အနည်းငယ်ကို ကောက်ယူကြည့်ရင်း စစ်ဆေးလိုက်သည်။ ဘာသာရပ်အလိုက် မေးခွန်းဟောင်းစာအုပ်များကြားမှ ခပ်ပါးပါး စာအုပ်ငယ်လေးတစ်အုပ်မှာ ကြမ်းပြင်သ်ို့ လျှောကျသွား၏။ ၎င်းမှာ ဇီ၀ဗေဒပုံအညွှန်း လေ့ကျင့်ခန်းစာအုပ်ပါးကလေးသာ။

အယ်လ်ခွန်း စာအုပ်ကလေးကို ကောက်လိုက်သည်။
တစ်ဖျတ်ဖျတ်လှန်သွားသော ပုံနှိပ်စာမျက်နှာများပေါ်မှ ဇီ၀ဗေဒရုပ်ပုံများကို ကြည့်နေရင်း...။

"ပုံတွေက လှလိုက်တာ...
ပုံနှိပ်စာအုပ်ကနေ ပရင့်ထုတ်ထားသလိုပဲ..."

ဖျတ်ခနဲပြန်သတိရမိလိုက်သည်မှာ သူတစ်စုံတစ်ယောက်ကို ပြောခဲ့ဖူးသော ချီးကျူးစကားများပင်။ ထိုကလေးက ရုပ်သေပုံကို ကူးဆွဲရာတွင် မသေးသောအရည်အချင်းရှိသူတစ်ယောက်။
စာအုပ်ကလေးကိုပိတ်ကာ သူ့လက်များရောက်သွားသည်က စကားလုံးတစ်ချို့ရေးထားသော ကော်ဖီခွက်ပုံစံ snowdrop ပန်းအိုးဖြူဖြူလေးဘေးနေရာရှိ စာအုပ်တစ်အုပ်ဆီ။

'Love Album by Young L.K'

စာအုပ်အဖုံးပေါ်က အရိပ်စာလေးကို စက္ကန့်ပိုင်းမျှ ကြည့်လိုက်မိ၏။ ဒီစာအုပ်ကိုရခဲ့သည်မှာ သူ့မွေးနေ့တုန်းကဖြစ်သည်။ သူကိုယ်တိုင်ပင် မေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့သော သူ့မွေးနေ့ကို အနှီကောင်လေးက ကျကျနနပြင်ဆင်ပေးခဲ့သည် မဟုတ်ပါလား။

လှန်လိုက်သော စာမျက်နှာတိုင်းတွင် နေရာယူထားသည်က သူ့ကိုယ်ပိုင် ပုံရိပ်များ။ အယ်လ်ခွန်းစိတ်ထဲတွင် မိမိကိုယ်ကို ခဲပန်းချီအဖြစ် ပြန်ကြည့်ရခြင်းက အနည်းငယ်တော့ ထူးဆန်းနေ၏။ သို့သော် ထိုဆွဲသားချက်များကို ကြည့်မိတိုင်း သူ့ဦးနှောက်က မလျော့သောအမှတ်များ ပေးနေမိသည်ပင်။ အရာရာကို စာစစ်သလို ကြည့်တတ်သောအကျင့်ကို ဖျောက်ရအုံးမည်။

Heartless December ❄️Opowieści tętniące życiem. Odkryj je teraz