Hapi D³! Woof 🐶

205 7 2
                                    


Darlings, do you know what D³ mean? 
It's December Doggo Day.

Happy Birthday, Baby Khant a.k.a L.K 2!!
Wooo~ 🎂🎉

ဟုတ်ပါတယ်။ Dec 31 ဟာဆိုရင်ဖြင့် ရုပ်ကလေးချစ်စရာကောင်းသလောက် စကားအရမ်းများပြီး over-confident သိပ်ဖြစ်တဲ့ ကောင်လေးတစ်ယောက် ဒီကမ္ဘာထဲရောက်လာတဲ့နေ့လေး ဖြစ်ပါသတတ်။

ဉာဏ်ကောင်းသလောက် စာလုပ်ရမှာပျင်းတဲ့အပြင်
ဆယ်ကျော်သက်ဘဝမှာ အချစ်ရှာရမှာကိုပါ ပျင်းလို့ဆိုပြီး
စီးတော်ပြိုင်ဘီးနီကလေးနဲ့ပဲ ဒီကောင်လေး date နေခဲ့တာ ဒီဇင်ဘာတစ်ရက်မှာ လူတစ်ယောက်ကို စက်ဘီးနဲ့ဝင်မတိုက်မိခင်ထိ။

မာဖလာတစ်ထည်ကောက်ခဲ့မိရာက ကောင်ငယ်လေးရဲ့ အိပ်နေတဲ့နှလုံးသားလေးကို မာဖလာပိုင်ရှင်က ကြိုးနဲ့ချည်သွားတာခံလိုက်ရတော့ အချစ်ကိုရှာဖွေတွေ့ရှိခဲ့တဲ့ ဒီဇင်ဘာမှာ ချစ်တဲ့သူဆီကတုံ့ပြန်အချစ်ကို မွေးနေ့လက်ဆောင်အဖြစ်လိုချင်ခဲ့တယ်။

မြင်မြင်ချင်းအချစ်ဆိုတာတွေထက် အဲ့ဒီလူရဲ့မျက်ရည်ကိုမြင်ပြီးမှ ခုန်လာခဲ့တဲ့နှလုံးသား... အဲ့ဒီလူရဲ့နာကျင်မှုကို တွေ့လိုက်ရပြီးမှ
နာကျင်လာခဲ့တဲ့နှလုံးသားကို ဒီကောင်လေးက အချစ်လို့ သတ်မှတ်သတဲ့ဗျ။

ဒီဇင်ဘာမှာ အချစ်ကိုစခံစားမိပြီး ဒီဇင်ဘာမှာတင်
ပုတ်ချခံလိုက်ရတဲ့ နှလုံးသားကို ပြန်ကောက်လို့ ကောင်လေးတစ်ယောက် တပ်မခေါက်စတမ်း တိုက်ပွဲဝင်လာခဲ့တာ တစ်နှစ်အပြည့်မှာ ကံစမ်းမဲပေါက်သွားခဲ့တော့ ဘာပြောကောင်းမလဲ။ သူပြောတာပဲ တစ်ချိန်လုံးချရေးပေးနေရတဲ့ စာရေးသူကတော့ ဒီကိစ္စနဲ့ပက်သက်ပြီး ဘာမှမပြောတော့ပါဘူး။ မွေးနေ့ဆုတောင်းပဲ ဆက်ရေးပါမယ် (ဒါတော့ သူရေးခိုင်းတာမဟုတ်ပေမယ့် စေတနာရှိလို့ပါ၊ ဆယ့်နှစ်လတစ်နှစ်လုံး ဘူလီခဲ့တာတွေကို ဒီဇင်ဘာ၃၁ကျမှ ရှီဘာဘုန်းတော်ဘွဲ့နဲ့ပြန်ချွေးသိပ်ရမှာ အသာနေ...)။

လင်းချင်းပြီးခန့်ညားတဲ့ ဆောင်းတွင်းမနက်နေရောင်လေးက အချစ်မှာအတွေ့အကြုံ zero ဖြစ်တာတောင် အချစ်ဆီကို ချစ်စရာကောင်းအောင် မှန်မှန်ကန်ကန် ချဥ်းကပ်တတ်တဲ့ကောင်လေး...၊
နှိုးစက်အချိန်မှန်မြည်သလိုမျိုး "ကိုကို့ကို ကျွန်တော်ချစ်တယ်" လို့ သတိရတိုင်း ထပြောတတ်တဲ့ကောင်လေး...၊
"နှလုံးသားမရှိတော့ဘူး"လို့ ပြောတဲ့သူကို "ကိုကို့နှလုံးသားက မချစ်တတ်တော့ဘူးဆိုရင် ကျွန်တော်က ချစ်တတ်လာအောင် ပြန်ပြုပြင်ပေးမယ်" လို့ အာမခံတဲ့ကောင်လေး...၊
လှေကားထစ်နဲ့တူတဲ့ ကနဦးဆက်ဆံရေးတစ်ခုကို ရအောင်တည်ဆောက် အတုအယောင်လို ဆက်ဆံရေးတစ်ခုကိုလည်း လိုလိုလားလားလက်ခံပြီး ofiicial relationship တစ်ခုရ (တရားဝင်အိမ်မွေးခွေးဖြစ်) ဖို့ ခွေးတိုးပေါက်ကနေပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်နှလုံးသားထဲ မရအရတိုးဝင်ချင်တဲ့ကောင်လေး...၊
ခွေးပေါက်စလေးတစ်ကောင်လို ဘောင်းဘီစဆွဲလိုက်ရင်း၊ တွယ်ကပ်နေရင်းပဲ ချစ်ရတဲ့သူအကြောင်းကို အသေးစိတ်လေ့လာတတ်တဲ့ကောင်လေး...၊
ဘယ်လောက်ပဲကန်ထုတ်ခံရပါစေ လက်မှိုင်ချခံစားမနေတဲ့အပြင် သူ့ခေါင်းပေါ် ဘူးသီးအလုံးလိုက်ပစ်ချနေကျ ဘူးနွယ်ပင်နတ်သားကိုလည်း ချစ်သောမျက်စိတွေနဲ့ကြည့်ပြီး အပြစ်မမြင်ဘဲ ကြိုးစားပြီးရင်းဆက်ကြိုးစားဖို့ပဲ တွေးတတ်တဲ့ optimist သမားလေး၊
ဘယ်လောက်ပဲချစ်ရတာနာကျင်ပါစေ နှလုံးသားနုနုလေးနဲ့ခံစားမနေဘဲ ခဏချင်း move on လုပ်လိုက်ပြီး ကိုကို့ရှေ့မှာအမြဲတမ်း သွက်လက်ရွှင်ပြနေတဲ့ပုံစံကိုပဲပြတတ်တဲ့ကောင်လေး...၊
တစ်ခါတလေ ပူတင်းလေးလို ချိုအီချွဲကပ်နေတတ်ပေမယ့် တစ်ခါတလေ dark chocolate လို လေးနက်တတ်တဲ့ကောင်လေး...၊
ပေါချာချာလည်းနိုင်ပြီး pick up lines တွေချည်း ထိုင်ရွတ်နေတတ်ပေမယ့် အသက်နဲ့မလိုက်အောင် ရင့်ကျက်တဲ့အတွေးအခေါ် မျှတတဲ့အပြောအဆိုလေးတွေနဲ့ မထင်ရင်မထင်သလို ကိုကို့ကိုအမြဲ အံ့အားသင့်စေတဲ့ကောင်လေး...၊
ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်များသလောက် ကိုကို့ကိုလည်း ယုံကြည်တဲ့ကောင်လေး...။

Heartless December ❄️Donde viven las historias. Descúbrelo ahora