Intro

4.1K 38 0
                                    

Unicode:

မိခင်ဖြစ်သူရဲ့ လွဲမှားနေတဲ့ အတ္တမီးတွေကြောင့် ပျိုးထောင်မှုပုံစံ
ကွဲလွဲခဲ့ပြီး ဂုဏ်ရှိန်ပကာသနတွေကြားထဲ ယစ်မူးစေကာ
မိမိဘဝတစ်လျှောက် မိဘနှစ်ပါးရဲ့စကားတိုင်းသာ မိမိအတွက် အရေးပါပြီး ဘယ်အရာမဆို ငွေနဲ့ပဲ ဖြေရှင်းနိုင်သည်ဟု ထင်မှတ်နေသည့် အနာဂတ် CEO လောင်း ....
                         " နိုင်ခွန်ခ "

အောက်ခြေလူတန်းစားက ဆင်းသက်လာပေမယ့် မိန်းမသား တစ်ယောက်ရဲ့ရှိသင့်ရှိထိုတ်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ပိုင်ဆိုင်ထားပြီး မာနတရားသာလျှင် မိမိဘဝရဲ့အဖော်မွန် အဖြစ်မှတ်ယူထားသည့် သူဆင်းရဲမလေး ....
                        " ခင်နှီးသွင် "

လက်ညှိုးညွှန်ရာ ရေဖြစ်စေဆိုပြီးဆုတောင်းနှင့်ပြည့်စုံခဲ့ပြီး
လိုချင်တာမှန်သမျှ မရရအောင်ယူတတ်လေ့ရှိတဲ့ တဇွတ်ထိုး လိုတရသူဌေးသမီး .... 
                         " သုန်နဒီ "

အရွယ်တစ်ခုထိတိုင်အောင် နေလာခဲ့ပြီးမှ  မိမိဆန္ဒအရ မွေးရပ် မြေကိုခွဲခွာ၍ အဒေါ်ဖြစ်သူရှိရာ မြို့နယ်လေးသို့  သွားရောက် နေထိုင်ခဲ့ပြီးနောက်ပိုင်း မိသားစုရဲ့ပစ်ပယ်ခြင်းကိုခံခဲ့ရတဲ့ အဆင်းရှိပြီး အချင်းမရှိတဲ့ သူဌေးသားလောင်း .... 
                      " ခွန်းရောင်ကြယ် "

" နိုင်ခွန်ခ " "ခွန်းရောင်ကြယ်" " ခင်နှီးသွင် " " သုန်နဒီ "

ဒီ ဝတ္ထုလေးကို ဇာတ်ကောင်လေးကောင်းနဲ့ ကျနော် ဖော်ကြူးထားပါတယ်ဗျ...
.. ဇာတ်လမ်းအကျဥ်းကိုတော့ သိပ် ပေါ်လွင်အောင် မရေးပြထားဘူးနော်...
ဒါမဲ့ အပိုင်း တစ်ပိုင်းချင်းဆီတိုင်းမှာ ပေါ်လွင်စေနေအောင်လို့တော့ ကျနော် တက်စွမ်းသလောက် ကြိုးစားထားပါတယ်ဗျ..
.... ချစ်သည်..  ချစ်၍...  ချစ်တာထက်ပိုသော်....  ဝတ္ထုလေးကို အားပေးကြပါအုန်းနော်...
အမှား များစွာရှိခဲ့ရင်လည်း စာရေးသူ အသစ် လေးမို့ နားလည်ခွင့်လွှတ်ပေးပြီး ထောက်ပြပေးကြပါအုန်းနော်....

Zawgyi:

                         " နိုင်ခွန်ခ "

                        " ခင်နှီးသွင် "

                         " သုန်နဒီ "

                      "ခွန်းရောင်ကြယ်"

" နိုင်ခွန်ခ " "ရောင်ခွန်းသ" " ခင်နှီးသွင် " " သုန်နဒီ "


ချစ်သည် ချစ်၍ ချစ်တာထက်ပိုသော် (Ongoing)Where stories live. Discover now