Unicode:
အပျော်တွေနဲ့ ဆေးရုံကနေပြန်အလာ
အိမ်ကိုတန်းမမောင်းဘဲ Shopping Centerဘက်ကို
လှည့်ဝင်ပြီး ခင်နှီးသွင်အတွက် လိုမယ်ထင်တဲ့အသုံးဆောင်
များကို နိုင်ခွန်ခတစ်ယောက် ခင်နှီးသွင်နဲ့အတူ
Center တစ်ခုလုံး လျှောက်ပတ် ကြည့်လိုက်ပါသည် ၊ အချိန်လည်း ညနေစောင်းနေပြီဖြစ်တာကြောင့်
တစ်ခြားနေရာတွေ မဝင်တော့ဘဲ အိမ်ကိုဘဲ တန်းမောင်းလာလိုက်သည် ၊ ကားစက်
ရပ်သံနှင့်အတူ အထုတ်တွေဆွဲပြီး ခင်နှီးသွင်လည်း
ကားပေါ်ကနေ ဆင်းလိုက်သည် ၊ ခနအကြာ
နှစ်ယောက်သား အိမ်ထဲဝင်သွားကြသည်
ဆိုရင်ဖြင့် ။"မင်းတို့ ဆေးရုံသွားကြတာမှ ဟုတ်ရဲ့လား ၊
မသိရင် အချိန်တွေ ထွက်ဖြုန်း
နေသလိုပဲ ၊ သား.. နိုင်ခ မင်း ဒီကောင်မလေး
အတွက် တော်တော်အချိန်
တွေ ပိုနေလား "အမေဖြစ်သူရဲ့ စကားကြောင့် နိုင်ခွန်ခ သက်ပြင်းချလိုက်
ရင်း လက်ထဲတွင် ကိုင်ဆွဲထားတဲ့ အထုတ်တွေကို အိမ်အကူ
ကလေးမတစ်ယောက်ကို ခေါ်လိုက်ပြီး ခင်နှီးသွင်ရဲ့အခန်း
ထဲကို ထားစေခိုင်းသည် ၊ ဧည့်ခန်းထဲမှာလည်း
နိုင်ခွန်ခ လူစုံတက်စုံ တွေ့ရတာကြောင့် အပေါ်ထပ်ကို
မျက်ခုံးတစ်ချက်ပင့်လိုက်ကာ ။"ခင်နှီးသွင်.. ၊ မင်း အခန်းထဲ
သွားနားချည်းတော့လေ "နိုင်ခွန်ခရဲ့စကားအဆုံးမှာ ခင်နှီးသွင် ဘာမှထက်တွန့်မ
တက်ရှာဘဲ ခေါင်းလေး ညှိမ့်ပြရင်း အပေါ်ထပ်သို့
တက်သွားခဲ့သည် ၊ သူလည်း တစ်နေ့လုံး ကားစီး
လာရတာကြောင့် ပင်ပန်းနေရောပေါ့ ။"မေမေ.. သားတို့နေတာ ရန်
ကုန်မြို့နော် ၊ မီးပွိုင့်တွေပိတ်ရင်
ကားတွေ ဘယ်လို ကြပ်လဲဆိုတာ
မေမေ မသိတော့.. "သဘောမကျပေမဲ့လည်း ဒီလောက်ထိ အသေးစိတ်က
အစ ဒေါ်ထိပ်ထားလိုက်ပြောနေမယ်လို့လည်း နိုင်ခွန်
ခ မထင်ထား ၊ အပြန်အလှန် ခွန့်တုံ့ပြန် ပြောနေရ
အောင်လည်း ကိုယ်က သားသမီးဖြစ်တာကြောင့်
နိုင်ခွန်ခသည် အသိတရားနဲ့ ထိန်းလိုက်သည် ။ပြောပြီးတာနဲ့ လှေကားရှိရာဘက်ကို ဦးတည်နေတဲ့
သားဖြစ်သူ နိုင်ခွန်ခရဲ့ နောက်ကျောကိုကြည့်ရင်း
ဒေါ်ထိပ်ထား တစ်ယောက် ။