Unicode:
တစ်နေ့လုံး အလုပ်ထဲမှာ ပင်ပန်းလာခဲ့ပေမယ့် မနက်အစောကြီးလည်း နိုးနေတာမို့
နိုင်ခွန်ခ သူ့ရင်ခွင်၌တွင် ကလေးလေးတစ်
ယောက်လို အိပ်မောကျနေတဲ့ ခင်နှီးသွင်ကို
ကြည့်ပြီး ၊ ကိုယ့်ရဲ့အမှားတွေကြောင့် မင်းကို သိမ်ငယ်
စေရတဲ့အတွက် ကိုယ် ရင်ထဲကနေ လှိုက်လှိုက်
လှဲလှဲ တောင်းပန်ပါတယ် ၊ကိုယ့်ကိုမရှောင်ဘဲ
နေပေးလို့ရမလားကွာ ၊ ဒါမှမဟုတ် မင်း ကိုယ့်ကို
အရမ်းမုန်းနေလို့လား ၊ မင်းရဲ့ အမြင်မှာ ကိုယ်က
ရွံစရာကောင်းနေလို့လား ၊ ဘာပဲဖြစ်ဖြစ် ကိုယ်တို့တွေ
ကောင်းသောရေစက်တွေနဲ့ ဆုံတွေ့ခွင့်ရခဲ့ရင် ကောင်း
မှာဘဲနော် ၊ ခုတော့ မင်းလည်းမလိုချင်.. ကိုယ်လည်း
မလိုချင်တဲ့ ဆုံစည်းမှုတွေနဲ့ပါလား ...ခင်နှီးသွင်ရယ် ။ညက အေးလာတာကြောင့် Aircon ထပိတ်
ရင် စောင်လွတ်နေတဲ့ ခင်နှီးသွင်ကို စောင်ခြုံ
ပေးဖို့လုပ်ခဲ့ပေမယ့် သူက ကိုယ့်ရဲ့ရင်ခွင်ထဲကို
တိုးဝင်လာတာကြောင့် ကိုယ်ကပဲ သူ့ကို
နွေးအောင် ဖက်ထားလိုက်တော့သည် ၊ ဗိုက်နဲ့မို့
သိပ်ပြီးတော့ တင်းတင်းကြပ်ကြပ်လည်း မဖက်ရဲ ၊
တီကောင်လေးကို ဆားနဲ့ပတ်လိုက်သလို ရင်ခွင်
ထဲကနေ လူးလွန့်လာတာမို့ မျက်လုံးလေး ပြန်မှိတ်
လိုက်ပြီး အိပ်ချင်ယောင်ဆောင် နေလိုက်သည် ။ခနာအကြာမှတော့ သူ့ကို ဖက်ထားတဲ့ ကိုယ့်ရဲ့
လက်တွေကို ခင်နှီးသွင် ဖြည်းဖြည်းချင်းခွာချလိုက်ပြီး
အိပ်နေရာကနေ ထထိုင်လိုက်ရင်း ။"အယ်.. ဘယ်လိုဖြစ်တာလဲ ၊
ငါ ညက အိပ်တော့ သူနဲ့အဝေးကြီးပါ ၊
ဒါမှမဟုတ် သူက..."ကျောပေးပြီး ပြောနေပေမယ့် အိပ်ချင်ယောင်
ဆောင်နေတဲ့ နိုင်ခွန်ခကတော့ အတိုင်းသား
ကြားနေရသည် ၊ သူပြောတဲ့စကားကြောင့်
ရီချင်သွားပေမယ့် အတွေးထဲကနေ.. မင်းက
ကိုယ့်ရင်ခွင်ထဲကို အရင်ဝင်လာတာကွ ။ပြောပြီး ခင်နှီးသွင်တစ်ယောက် ရေချိုး
ခန်းဘက်ကို ခြေဦးတည်ဖို့ လုပ်နေတုန်းမှာဘဲ
အနောက်ကနေ အိပ်ရာပေါ်ကို ဆွဲချခံလိုက်
ရတာကြောင့် ။