ချစ်သည် ချစ်၍ ချစ်တာထက်ပိုသော် အပိုင်း (၄)

523 16 0
                                    

Unicode:

ခင်နှီးသွင်သည် နိုင်ခွန်ခအပေါ် ကလဲ့စားချေချင်
လိုတဲ့စိတ်ကြောင့် သူကိုယ်တိုင်ပင် သူ့ရဲ့သိက္ခာတွေကို
မေးခွန်းထုတ်နေတာကို သူမသိခဲ့ ၊ ဒီပွဲမှာ သူမ နိုင်ရမယ်ဆိုတဲ့
စိတ်နဲ့ လာခဲ့ခြင်းဖြစ်သည် ၊ တစ်ဖက်တွင်လည်း
သူမပြောစကားကြောင့် သားဖြစ်သူနိုင်ခွန်ခအပေါ် ကြည့်တဲ့
ဦးမြင့်ခေါင်ရဲ့ အကြည့်တွေက နှစ်လိုဖွယ်မရှိ ၊ နိုင်ခွန်ခ
သည်လဲ ခင်နှီးသွင် ဒီလောက်ထိ လုပ်ရဲလိုက်မယ်လို့လည်း
မထင် ၊ ယခုလိုဖြစ်လာတော့လည်း ခင်နှီးသွင်အပေါ်
အပြစ်မဖို့ရက် ၊ မှားခဲ့တာက သူကို ၊အားနွဲ့တဲ့ မိန်းမ သားတစ်ယောက်  မိမိသိက္ခာအတွက် ဘယ်လောက်ထိ သတိရှိလဲဆိုတာ နိုင်ခွန်ခသည် မျက်မြင်သက်သေဖြစ်
သွား၏ ။

"ဖေဖေ နဲ့ မေမေ သား ရှင်ပြပါရစေ "

အလျင်သလို ပြောလိုက်ပေမဲ့ နိုင်ခွန်ခတစ်ယောက်
နှုတ်ကိုက စကားလုံးတွေ ထွက်ဖို့မဝံ့ရဲ ၊ ဂုဏ်သရည်ရှိ
လူကြီးမင်းများအလယ် လုပ်ဖော်ကိုင်ဖက် အချင်း
ချင်းတွေကြား မိဘတွေရဲ့သူတို့တစ်သက် တည်
ဆောက်ခဲ့တဲ့ ဂုဏ်သိက္ခာတွေ ကျဆင်းသွား
မှာလဲကြောက် ၊ သူကိုယ်တိုင်ရဲ့အမှားကြောင့် သူသာ ခံရမယ်ဆိုတဲ့စိတ်နဲ့ပဲ ။

"ဟုတ်ပါတယ် ၊ သူ့ရဲ့ဗိုက်ထဲက ကလေးက
ဖေဖေတို့ရဲ့မြေး ၊ သားရဲ့ မျိုးဆက် ၊
သားရဲ့ သွေးသားပါ "

ခွက်ကနဲ့မြည်သံနှင့်အတူ လူပုံလယ်မှာ လဲကျသွားတဲ့
နိုင်ခွန်ခ ၊ ယခုချိန်မှာ လူတွေရဲ့ မျက်ဝန်းပေါင်းများ
စွာကနေ သူမလွတ်နိုင် ၊ စပ်ဖျင်းစပ်ဖျင်းဖြစ်နေတာနဲ့
စမ်းကြည့်မိတော့ နှုတ်ခမ်းပေါက်သွားတာ ထင်ပါရဲ့ ၊
ဒါပေမဲ့ လဲကျနေတဲ့ နေရာကနေ ကုန်းထလိုက်ပြီး
နောက် နိုင်ခွန်ခသည် ။

"ဖေဖေ သားကို လူပုံလယ်မှာ ထိုးရလောက်
တဲ့အထိ ၊ သား ဖေဖေတို့အပေါ် ဘာတွေများ
အမှားလုပ်မိလို့လဲ "

"ရော့... ကွာ "

ပြင်းလွန်းတဲ့အားကြောင့် နိုင်ခွန်ခဖို့ ဒုတိယတစ်ခါ
လဲကျသွားပြန်သည် ၊ နဂိုနေရာအတိုင်း ပြန်ထိတဲ့
အတွက် နိုင်ခွန်ခအတွက် ဒီတစ်ချက်က လုံးဝ
မသက်သာ ၊ ထို့အတူ အခါတိုင်းထက် သွေးများ
ယိုစိမ့်လာသည် ၊ နိုင်ခွန်ခလည်း ရှက်ရှက်နဲ့
ပြန်ထရင်း "

ချစ်သည် ချစ်၍ ချစ်တာထက်ပိုသော် (Ongoing)Donde viven las historias. Descúbrelo ahora