Unicode:
နိုင်ခွန်ခရဲ့စကားကို ခင်နှီးသွင်တစ်ယောက်
မငြင်းဆန်နိုင်ပေမဲ့ ဒေါ်ထိပ်ထားအတွက်ကျ
သားဖြစ်သူ နိုင်ခွန်ခအပေါ် လောင်မြိုက်နေတဲ့
မျက်ဝန်းတွေနဲ့ ကြည့်ကာ တော်တော်လေး
ဒေါသထွက်ခဲ့သည် ၊ ခနအကြာမှာတော့
ဒေါ်ထိပ်ထားတစ်ယောက် ။"သား... မင်း ဆုံးဖြတ်နေတာလား "
ဒေါ်ထိပ်ထားရဲ့ မေးလာတဲ့ စကားကြောင့်
နိုင်ခွန်ခသည် ။"မေမေ.. သား ဆုံးဖြတ်ခဲ့ပြီးပြီ "
ပြောပြီး သူ့ကို ဒေါသတွေအပြည့်နဲ့ကြည့်နေတဲ့
မိဘတွေဖြစ်တဲ့ ဦးမြင့်ခေါင်နဲ့ ဒေါ်ထိပ်ထားနဲ့ကို ။"သုန့်အပေါ် မှာ သားတာဝန်ရှိသလို ၊ သားရဲ့
သွေးသားအပေါ်မှာ တာဝန်ယူဖို့ ကြိုးစားနေတာ
သားမှားလား ၊ ဖေဖေတို့ မေမေတို့ သားကို
ချစ်ကြသလိုမျိုး သားရဲ့.. ကလေးရဲ့
အနာဂတ်မှာ မိစုံဖစုံနေနိုင်ဖို့ သား
ပေးဆပ်ဖို့လုပ်နေတာကို သားမှားတယ်လို့
ပြောလို့ရလား ""ဖြန်..."
အားနဲ့ ရိုက်လိုက်တဲ့အရှိန်ကြောင့် နိုင်ခွန်ခ
တမံသလင်းပေါ်သို့ လဲကျသွားသည် ၊ ဒေါ်ထိပ်
ထားအတွက် တစ်သက်နဲ့တစ်ကိုယ် သားဖြစ်သူ
နိုင်ခွန်ခကို ပထမဆုံး ရိုက်ချင်းပင်ဖြစ်သည် ၊
မရိုက်ပြန်ရင်လည်း နောက်ဆက်တွဲ ကြားရမယ့်
စကားလုံးတိုင်းအတွက် ဒေါ်ထိပ်ထား ခံနိုင်
ရည်ရှိမှာ မဟုတ် ၊ လဲကျသွားတဲ့ သားကိုလည်း
ဒေါ်ထိပ်ထားး ရဲရဲတင်းတင်းမကြည့်ရဲ ။နိုင်ခွန်ခ ခံနိုင်ရည်မဲ့လာသည် ၊ လူတွေရဲ့
စိတ်ကိုလည်း နိုင်ခွန်ခ နားမလည်နိုင်တော့ ၊
မှားမှန်သိလို့ အမှန်ကိုပြင်ဖို့ ပြင်ဆင်နေတဲ့
သူ့အတွက် ဘာလို့ အားလုံးက နားမလည်
နိုင်ရတာလဲ ၊ သူကိုယ်တိုင်ရဲ့ အသိုင်းအဝိုင်း
ကတောင် နားမလည်နိုင်တာ အခြားသူတွေရဲ့
သူ့အပေါ်ကြည့်နေတဲ့ မျက်ဝန်းတွေက
နိုင်ခွန်ခအတွက် မထူးဆန်းလှ ၊
အမှန်ကို လျှောက်လှမ်းတော့မယ့် သူ့အတွက်
နောက်မဆုတ်နိုင်သလို နောင်တရစရာ
အကြောင်းမရှိတာကြောင့် လဲကျနေတဲ့
နေရာကနေ ကုန်းထလိုက်ကာ နိုင်ခွန်ခသည် ။