Unicode
" သမီး မှားသွားခဲ့ပါပြီ အမေ "
ပြောပြီးနောက် ထိုစကားကို ကြားလိုက်ရတဲ့ ဒေါ်သွင်သုလွင်သည် တုံ့ဆိုင်းသွားသော အပြုအမူနှင့်အတူ မျက်ရည်ပေါက်များမှ မျက်ရည်စများ ပြည့်လျှံလျက် ။
ထိုအချိန် သမီးဖြစ်သူ ခင်နှီးသွင်အဖို့ အမေဖြစ်သူ မျက်နှာဘေးကို ရဲဝံ့စွာမကြည့်ရဲ ခေါင်းလေးအောက်စိုက်ကာ သွယ်တန်းဖြောင့်စင်းလှ တဲ့ နှာတန်းလေးအပေါ်ဝယ် မျက်ရည်စများအား အဆက်မပြတ် ယိုကျနေဆဲပေ ။ ထိုတစ်ဆက်တည်းမှာပဲ ဒေါ်သွင်သုလွင်သည် ခင်နှီးသွင် လက်ထဲတွင် ကိုင်ဆောင်ထားသည့် လက်ချောင်း တစ်ချောင်းပမာဏလောက်ရှိသည့် ကော်ချောင်းကိရိယာလေးကို လှမ်းယူလိုက်ရင်း"သမီးမိုက်... ညည်းငါ့ကိုတစ်ခါတည်း သေအောင် သတ်လိုက်ပါတော့လား ၊ ဟမ်.. ညည်းက ဒီလောက်တောင် လွယ်နေ ရအောင် ၊ ဘာလဲ.. ညည်းက အပျက်မမို့လို့လား ခင်နှီးသွင်ရဲ့။ "
ငိုကလဲငို တကယ့်ဆိုးပေ့ဆိုတဲ့ စကားလုံးတွေကိုမှ ရွေးပြောနေသလို နှုတ်ကလဲ ထိန်းမရ ၊ ပြီးတော့ တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုးလို့ပဲ ပြောရမလား ၊ စရိုက်မျိုးစုံနေတဲ့ ပတ်ဝန်းကျင်ရပ်ကွက်ထဲမှာ နေရတာကြောင့် အပြောကလည်း ဂုဏ်သရေရှိ လူကြီးမင်းတို့လို မသာယာနိုင် ၊ သမီးဖြစ်သူကို ကြည့်ပြန်တော့လည်း ငိုနေတာက လွဲလို့ ဘာမှပြောလာခြင်းမရှိတာကြောင့် ။
"ညည်းအကောင်က ဘယ်သူလဲ... ညည်းအခုလို ဖြစ်နေတာကိုရော ညည်းအကောင် သိလား "
ခင်နှီးသွင်နဲ့ နိုင်ခွန်ခက အသက်ရွယ်ကလဲ တူ ၊ အတန်းပညာကလဲ ခင်နှီးသွင်အဖို့ စီးပွားရေး မပြေလည်တာကြောင့် တက္ကသိုလ်ထိ မရောက်ခဲ့တာကြောင့် သူတို့နှစ်ယောက်ကြားမှာ ပညာရေးနဲ့ပတ် သက်လာရင် မဆိုစလောက် ကွာဟမှုရှိသည် ၊ ပြီးတော့ အခုလိုမျိုး ဖြစ်လာပေမဲ့လည်း သူတို့နှစ်ယောက်ရဲ့ရင်းနှီးမှုဟာ အပ်ချည်မျှင်လေး လောက်သာ မရှိ ၊ အဆိုးဆုံးက နိုင်ခွန်ခ စိတ်ကြီးဝင်နေတာကို ခင်နှီးသွင်တစ်ယောက် စတွေ့တဲ့နေ့ကတည်းက ကြည့်မရခဲ့ ၊ နောက်ပြီး ယခုလို ဖြစ်ပျက်မှုကလည်း နိုင်ခွန်ခရဲ့ စိတ်တစ်ခုတည်းကြောင့်သာ ။