Unicode:
နားရက်တွေကြောင့် နိုင်ခွန်ခတစ်ယောက် ဒီနေ့ ရုံး
ကို စောစောရောက်သွားခဲ့သည် ၊ လုပ်လက်စ အလုပ်များ
နဲ့ နှစ်ရက်စာအလုပ်တွေက စောင့်ကြိုနေတာကြောင့် နိုင်ခွန်ခရဲ့
လက်တွေက Laptop ပေါ်တွင် မြန်မြန်ဆန်ဆန်လှုပ်ရှား နေပါသည် ၊ လုပ်ရင်းလုပ်ရင်း အချိန်ကုန်လာတာကြောင့်
ဘေးနားတွင် အထပ်လိုက်ထပ်ထားတဲ့ ဖိုင်တွဲတွေကလဲ မနည်းတာကြောင့် နိုင်ခွန်ခသည် စားပွဲခုံပေါ်တွင် ရှိနေတဲ့ ကြိုးဖုန်းကို ကိုင်လိုက်ပြီး... ။" သွန်းရောင်... အကို့ ရုံးခန်းထဲကို
ခန လာခဲ့ဦး "ဖုန်းချလိုက်ပြီဆိုတာနဲ့ တံခါးခေါက်သံနှင့်အတူ
ရုံးဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို ဟိုဘက်
ဒီဘက်ခွဲချကာ စည်းထားတဲ့သူမသည် ။"ဟုတ်ကဲ့.. သူဌေး ၊ သွန်း
ဘာလုပ်ပေးရမလဲ "" အကို့ကို ဒီပေါ်က ဖိုင်တွဲတွေ
ယူပြီး စစ်ထားပေးပါဦး.. ပြီးမှ
အကို လက်မှတ်ထိုးလိုက်မယ် ""ဟုတ်ကဲ့.. သူဌေး "
ခိုင်းလိုက်ရပေမယ့် နိုင်ခွန်ခစိတ်ထဲတွင်
မတည်မကျ ၊ ရုံးအားလုံးက စာရင်းဇယား
တွေဖြစ်တာကြောင့် သူကိုယ်တိုင်လည်း
မျက်နှာလွှဲလို့မဖြစ်နိုင်တာကိုလည်း နိုင်ခွန်ခ
သိနေသည် ၊ တစ်ချိန်တည်းမှာဘဲ နိုင်ခွန်ခတစ်
ယောက် ခပ်ပြင်းပြင်း သက်ပြင်းချလိုက်ရင်း ။" ထားလိုက်တော့.. သွန်းရောင် ၊
အကို စာရင်းတွေအားလုံး အိမ်ရောက်မှာဘဲ
လုပ်လိုက်တော့မယ် "နိုင်ခွန်ခရဲ့စကားကြောင့် အတွင်းရေးမှူးမလေး
သွန်းရောင်သည် ခုံပေါ်ကို ဖိုင်တွဲတွေ
ပြန်တင်ပြီး ရုံးခန်းထဲက ထွက်သွားဖို့
လုပ်နေတုန်းမှာဘဲ ...။နှစ်ဆယ်အရွယ်ရှိသည့် ခန္ဓာကိုယ် အချိုးအစား
ပြေပစ်ပြီး ရှပ်အင်္ကျီအဝါလေးကို ဝတ်ဆင်
ထားကာ ဘောင်းဘီ ခဲရောင် ဒူးခေါင်းအထက်
ကိုလည်း ဝတ်ဆင်ထားတဲ့ ယောကျာ်းလေး
တစ်ယောက် ရုံးခန်းထဲကို ဝင်လာခဲ့သည်။
နိုင်ခွန်ခရဲ့အမြင်မှာတော့ ရုံးခန်းထဲကို ခွင့်တောင်း
ခြင်းမရှိဘဲဝင်လာတာဟာ မလေးစားတဲ့လုပ်ရပ်တွေ
ထဲကတစ်ခုလို့ယူဆလို့ရပေမဲ့ တစ်ဖက်က ကိုယ့်ကိုယ်
ကိုယ် မိတ်ဆက်လာတာကြောင့် နိုင်ခွန်ခမှာ
ဒေါသထွက်ဖို့ အခွင့်မသာခဲ့ ။ ဒီလိုနဲ့ အခန်းထဲက
နေ သွန်းရောင်ကို ထွက်ခိုင်းစေခဲ့ပြီး
နိုင်ခွန်ခသည် ။