မြို့အုပ်အင်းမှပြန်ချစ်ပါ
Part ......7
ထိုမြို့မှထွတ်ခွာလာတဲ့ကားလေးကပေကျင်းမြို့ဆီသို့
........................…..............................................................
ဝမ်လေးအသက်20အရွယ်မှာဝမ်ပါးဆုံးသွားတယ်။
မထင်မှတ်ပဲ ဝမ်ပါးဆုံးခါနီးမှာရှောင်ပါးဟာ အလုပ်ကိစ္စနဲ့ နယ်ကိုလာရင်းပြန်ဆုံကြတယ်။ ထိုသို့ပြန်လည်ဆုံတွေ့မှုဟာ ပျော်ရွှင်ခြင်းကင်းမဲ့လျက်နာကျင်ရစေသည်။
ဝမ်ပါးဟာ နာမကျန်းဖြစ်ပြီးအိပ်ယာထဲတွင်လဲနေတယ် ။နှလုံးရောဂါအခံကြောင့်ပေါ့။စီးဟွး ပျက် ပြီး မသာမာမှုတွေကြောင့် ဝမ်ပါးလဲစိတ်ဓါတ်ကျပြီးနှလုံးဖောက်တော့တာပဲ။ ဝမ်လေးက အိမ်စီးဟွးရေးကိုဦးစီးပြီးလုပ်ကိုင်နေပေမယ့်ငယ်ရွယ်သူဖြစ်တာကြောင့် စားရရုံသာသာပဲ။
ဝမ်ပါး နှလုံးရောဂါဖောက်လို့ဆေးရုံတင်ထားရတယ်ရှောင်ပါး အလုပ်ထဲတွင်မတော်တဆမှုတခုကြောင့် ဆေးရုံရောက်လာတော့ဝမ်မားနဲ့တွေ့တော့
" အမ ဝမ်"
"အမဝမ်ဟုတယ်မို့လား"
"ရှောင်းသခင်ကြီး"
"ဘယ်သူဘာဖြစ်လို့ဆေးရုံရောက်နေတာလဲအမဝမ်"
ထိုအမေးကို မျက်လုံးမေးများမှေးကြည်းကာခေါင်းအောင်ဆိုက်ရင်း
"ဝမ်ပါးဆေးရုံတင်ထားရတာနှလုံးရောဂါကြောင့်
အချိန်မမှီတော့ဘူးတဲ့ "
ထိုစကားလုံးေတွကိုနားထောင်နေတဲ့ရှောင်ပါးဟာ
"ကျတော်အကိုဝမ်နဲ့တွေ့ချင်တယ်"
ဆေးရုံခန်း၏အဝေရာက်တွင်
"လူနာကိုဆေးရုံမှာဆက်ထားဖို့ ဆေးစရိတ်တွေအရင်ရှင်းရပါမယ်"
"ကျတော်.........ကျတော်"
ဆေးရုံက nurseမလေးကိုတောင်းပန်နေတဲ့ကောင်လေး
ထိုကောင်လေး၏အသံများမှာတုန်ယင်လျက် ဒူးဖက်မတက်တောင်းပန်နေတဲ့မြင်ကွင်းဟာယခုထိ မျက်လုံးထဲကမထွတ် ။ ထိုမြင်ကွင်းကြောင့်ဝမ်မားက မျက်နှာပျက်သွားပြီးရှောင်ပါးကိုအားနာသလိုကြည့်လိုက်တယ်။
"Nurse ကျတော်လာရှင်းမယ်"
ထိုစကားသံကြားရာကို ဝမ်လေးလဇမ်းကြည့်ပြီးမျက်လုံးပြူးကာကြည့်နေတယ်။
"မဟုတာ ရှောင်းသခင်ကြီးရယ်"
"အာ ဘာမဟုတာလဲ အကိုဝမ်က ကျတော့်ကျေးဇူးရှင်ပါ
ကျတော်ကျေးဇူးဆပ်နေတာ။ အကိုဝမ်က ကျတော့်အကိုပါကျတော်မှာဂရုစိုက်ရမယ့်တာဝန်ရျှိတယ်အမဝမ်"
အခန်းထဲက လူနာကုတင်နားကိုရှောင်ပါးလျှောက်သွားကာ ရိပေါ်ရှေ့ရပ်လိုက်ပြီး အခန်းဝက ဝမ်မားဘက်လှည့်ကာ
"အမဝမ် ဒါသားဝမ်လား"
အမဝမ်က နှုတ်ခမ်းလေးကွေးအောင်ပြုံးပြပြီး ဟုတယ်ဆိုကြောင်းဝန်ခံလိုက်တယ်
"သားဝမ် ရှောင်းသခင်ကြီးကိုနှုတ်ဆက်လိုက်အုံး"
ရိပေါ်ကြောင်အနေဆဲအခြေအနေကိုနားမလည်ပါလေ
၊"အမဝမ် ဝမ်လေးငယ်ငယ်နဲ့ကျတော်တို့ပြောင်းသွားတာ ဝမ်လေးကဘယ်မှတ်မိပါ့မလဲ"
"သား သုံးနှစ်သားတုန်းက ဦးတို့ကပြောင်းသွားတာ သားဝမ်တောင်လူပျိုဖြစ်နေပြီပဲ"
" အန်ကယ်ရှောင်းလို့ပဲခေါ်လေ"
"ဟုကဲ့"
ထိုအချိန်တွင်ကုတင်ပေါ်က လူဆီမှ ချောင်းဆိုးသံကြားလိုက်ရတော့ရိပေါ်ပြာပြာသလဲ
"ပါး ....."
"ပါး ရေသောက်မလို့လားမလှုပ်နဲ့သားယူပေးမယ်နော်"
ရှောင်ပါးက ဝမ်ပါးနားကပ်သွားကာ
" အကိုဝမ်ကျတော်ကိုမှတ်မိလား ကျတော်ရှောင်းညီလေးလေ အကိုဝမ်"
"ညီလေးရှောင်း ငါ....ငါမင်းကိုသတိရနေတာ"
"ကျတော်ရောပါပဲအကိုဝမ်ရာ"
"ငါ.....ငါ....မင်းကိုပြောစရာရှိတယ် ညီလေးရှောင်း"
ဝမ်ပါးရဲ့ရင်ဘက်တွေဟာ နိမ့်လှည့်မြင့်လှည့်နှင့် နှလုံးခုန်နှုန်းတွေမြန်လာကာမောဟိုက်နေတယ်
"အကို မောနေပြီ......နောက်မှပြောလေ"
"ငါ့အခြေအနေငါသိပါတယ် ......ငါမင်းကိုစောင့်နေတာ"
"အခုတော့ငါသေပျော်ပြီ"
ဝမ်ပါးရဲ့အသံကတဖြည်းဖြည်းတိမ်ဝင်သွားတယ်
ရှောင်ပါးကိုအနားတိုးဖို့လက်လေးနဲ့ခေါ်ကာ တိုးညှင်းစွာမောဟိုက်လျက်ပြောလာတယ်
ရှောင်ပါးကနားလေးကို ဝမ်ပါး နှုတ်ခမ်းနားကပ်ပေးလိုက်တယ် သိသာထင်ရှားစွာကြားရဖို့ထက် နှစ်ဦးလျှို့ဝှက်ချက်အဖြစ်နဲ့ပေါ့
"ရှောင်းညီလေး ဝမ်လေးနဲ့ကျန့်ကျန့်ကို တနေ့လက်ထပ်ပေးလိုက်ပါ ငယ်ငယ်ကပေးထားတဲ့ကတိကို မဖျတ်လိုက်ပါနဲ့ သားဝမ်ကြုစောင့်ရှောက်ပေးပါ"
"ဒါအကို့ရဲ့နောက်ဆုံးဆန္ဒပါ"
"ဟုကဲ့ အကိုဝမ်ကျတော်ကတိတည်မှာပါ"
ထိုစကားကိုကြားပြီးသည်နှင့် ကုတင်ပေါမှလူဟာလက်ဖျားတွေအေးဆက်လျက် သတိမရှိတော့ဘဲ တမလွန်သို့စိတ်ချစွာကူးပြောင်းသွားလေပြီး။
ကုတင်ဘေးကရပ်ကြည့်နေသူ ဝမ်လေးက လက်သီးလေးသားစုပ်ရင်း မငိုဖို့အားတင်းနေပုံ ဘယ်လောက်ခံရခက်လိုက်မလဲ။ ပါးသေတာတောင်မငိုဖို့အားတင်းနေတာဟာ သူဟာ မိသားစုကိုဦးဆောင်ဖို့ပျော့ညံ့လို့မဖြစ်ကြောင်းသက်သေပြနေတယ်။
ထိုကလေးဟာ အသက်နဲ့မလိုက်အောင် ပင်ပန်းခဲ့ပုံပဲ။
ငယ်ငယ်ကလို တီတာစွာပြောတက်တဲ့ပုံမဟုတ်တော့ပဲဘဝရဲ့ကံကြမ္မာထုေထာင်းမှုဒါန်ကြောင့် ပြောင်းလဲသွားခဲ့လေသလားပဲ။
ထိုကလေးရဲ့ဘဝနွေးတထွးဖို့သူ့မှာတာဝန်ရှိသည်လို့ရှောင်ပါးမှတ်ယူလိုက်သည်။
"သားဝမ်........"
"ငိုချလိုက်လေ "
"နာရေးစီစဉ်ရအုံးမယ်"
"မား.......ကို ကြည့်ပေးထားပါအုံးအန်ကယ်ေရှာင်းကျတော်စီစဉ်စရာရှိတာစီစဉ်မလို့"
ပြေပြီးထွတ်သွားတဲ့ထိုကောင်လေးရဲ့ကျောပြင်ကိုငေးရင်းရှောင်ပါး သက်ပြင်းချရင်း စိတ်ထဲမှ*ဘယ်လောက်များဘဝက ကြမ်းတမ်းခဲ့လဲကလေးရယ်*လို့သာစိတ်ထဲကရေရွတ်မိလေတော့တယ် ။ဝမ်ပါးနာရေးပြီးတော့ ရှောင်ပါးမှ
"သားဝမ် အန်ကယ်ပြန်ရင်လိုက်ခဲ့"
"သားဝမ်နဲ့အစ်မဝမ်ကို စောင့်ရှောက်ဖို့အကိုမှာခဲ့တဲ့အတိုင်း အန်ကယ် ကတိတည်ရမယ်"
ရိပေါ်မှ ဝမ်မားဘက်လှည့်ကြည့်တော့ဝမ်မားက ပြုံးပြလျက်ခေါင်းလေးကိုငြိမ့်ပြတယ်
"ကျတော်......လိုက်ခဲ့ပါ့မယ်"
ထိုသို့နှင့်ဝမ်လေး အသက် 20အရွယ်မှာထိုနယ်မြို့လေးမှထွတ်ခွာကာ ပေကျင်းသို့ရောက်လာခဲ့တယ်
သင်တို့သိလားကြံကမ္မာကသိပ်ကျယ်ပြန့်တယ်ဆိုတာလေ။ဝမ်လေးတို့ပေကျင်းကိုညဘက် ပြန်ရောက်ခဲ့တယ် ။ခုလိုလမ်းပန်းက မကောင်းတော့ ရထားစီးလာလိုက်တာ မိုးချုပ်မှပြန်ရောက်တော့တယ်။ မော်တော်ကား အခုခေတ်နဲ့ကြည့်ရင်တော့ရှေးရိုးဆွဲကား အနီရောင်လေးက ရထား
ဂိတ်ရဲ့အပြင်မှာစောင့်နေတယ်။ထိုကားလေးနဲ့ တိတ်ဆိတ်လှတဲ့လန်းတွေကိုညဘက် ဖြတ်သန်းလာခဲ့တယ် ခေတ်မမီတာကြောင့်မြို့ပြလမ်းမကြီးတွေကတော့လင့်မနေဘူးတနာ်။အိမ်ကိုရောက်တော့ည11.နာရီဖြစ်နေပြီ။ထိုခြံဝန်းကြီးကကျယ်တယ်ဒါပေမယ့်သေချာတော့မတွေ့ရဘူးဗျ။
ကားပေါ်ကဆင်းတော့
ရှောင်းကတော် ဝမ်မားကိုဖက်ပြီး
"အမဝမ်သတိရနေတာ"
"အမရောပဲ ညမလေးကိုသတိရနေတာ"
"နောက်ကပါလာတာသားဝမ်လေးလား"
ရှောင်မားကမေးလဲမေး ဝမ်နေးနားကိုကပ်လာပြီးပါးလေးတွေကိုင်လိုက်လက်မောင်းတွေကိုင်လိုက်နဲ့
"သားဝမ်လေးကထွားလာလိုက်တာ ပါးလေးတွေကတော့ခုထိဖောင်းနေတုန်းပဲ"
"မိန်းမ သားဝမ်တို့ပင်ပန်းလာရောပေါ့နားပါစေတော့"
"အာဟုသားပဲ ပစ္စည်းတွေထားခဲ့လိုက်မနက်မှနေရာချဖို့ ကောင်မလေးတွေခိုင်းလိုက်မယ် အခန်းပြင်ပေးထားတယ်လာအမဝမ် ""သားဝမ်လေးလာ"
"ရှောင်ပါးလဲစောစောအိပ်တော့ မနက်ကျရင်စောစောထပြီး ကျန့်ကျန့်ပြင်သစ်သွားဖို့လေယဉ်ကွင်းလိုက်ပို့ရအုံးမှာမို့လား"
"အင်း"
ရှောင်မားလဲဝမ်မားနဲ့ဝမ်လေးကိုအခန်းထဲလိုက်ပို့ပေးပြီး
အခန်းထဲပြန်လာကာ အိပ်ဆက်ခြင်းဆီသို့
................................................. .........................................
မိုးလင်းတော့ရိပေါ် အခန်းပြတင်းပေါက်လေးကနေအသံလာရာလှမ်းကြည့်လိုက်တော့
"မားးးးးးးသားပြန်လာမယ်နော်"
"သားကမားတို့ချစ်ရတဲ့သားလေး "
"မားချစ်လား"
ရိပေါ်ကျောပြင်ကဘေလးကိုသာမြင်ရပေမယ့်တီတီတာတာ
စကားတွေ ပြောနေတဲ့အသံစာစာ ကောင်လေးကြောင့်ရုပ်ကိုမမြင်ရပေမယ့် နှုတ်ခမ်းကနေတော့ ပြုံးမိသေးတယ်။
သိပ်မကြာခင်ကားအစိမ်းလေးနဲ့အတူ တီတီတာတာအသံလေးလဲပျောက်ကွယ်သွားေလတော့တယ်