မြို့အုပ်မင်းမှပြန်ချစ်ပါ part ...10

1.6K 111 0
                                    

မြို့အုပ်မင်းမှပြန်ပြန်ချစ်ပါ
Part.......10
စာကြည့်ခန်းထဲတွင် အလုပ်ရှုပ်နေသောရိပေါ်ကို ရှောင်ကျန့် ဟစိစိလေးဖြစ်နေတဲ့တံခါးကနေချောင်းကြည့်ကာ
သန့်ပြန့်နေတာပဲ သိပ်ကိုကြည့်ကောင်းတယ်ညဘက်မို့ဆီမလိမ်းထားပဲ ရှေ့ကျနေတဲ့ဆံပင်တွေရယ် အလိုမကျမှုတစ်ခုခုကြောင်တင်းနေတဲ့မေးရိုးတွေရယ် ဒေါသမျက်လုံးတွေရယ်က တကယ် ကို လူကိုပူလောင်စေတယ်။ကို့ခင်ပွန်းကိုကိုဘာသာငေးပြီးအမွှန်းတင်နေတာ အငေးလွန်ပြီးတံခါးလေးက ရှေ့သို့ဟသွားကာသူပါ အခန်းထဲရောက်သွားတော့ မျက်လုံးစူးစူးတစ်စုံနဲ့ကြည့်နေတဲ့ သူကြောင့်ရေဇာင့်တစ်ယောက်စကားတွေတောင်ထစ်အလျက်
"ဟို...ဟို"
"ထမင်း.....စားဖို့လာခေါ်တာ"
ပြောရင်းလက်ကလဲနထင်လေးကိုပွတ်လိုက်မျက်နှာလေးကိုပွတ်လိုက်နဲ့အူကြောင်ကြောင်လေး။
"စားနှင့်"
ထိုစကားဆုံးသည်နှင့်သည်ထွတ်မသွားမိပါ ထိုနေရာတွင်မျက်တပ်ရပ်လျက် နှုတ်ခမ်းလေးကိုကိုက်ရင်းတခုခုကိုပြောချင်နေပုံပင်။ထွတ်မသွားသေးသူထိုသူအား ရိပေါ်အကြည့်စူးစူးတစ်ချက်ဖြင့်စောင်းကြည့်ကာ
"ဘာပြောစရာရှိသေးလဲ"
"ဟို...ဟို မြို့အုပ်မင်းဝမ် စားဖို့တခုခုစီစဉ်ပေးရမလား"
"ရတယ် စားပြီးအိပ်နှင့်"
ရှောင်ကျန့်ထွတ်လာကာ ထမင်းစားပြီး အိပ်ခန်းထဲတွင်အရင် ဝင်အိပ်မိသည်။ထို့ပေမယ့်အိပ်မပျော် ထိုသူ ဟာသူ့ကိုမကျေနပ်တာလား မော်ဇာပြောသလိုသဘောမကျဘူးလား ။ငါက အတ္တတွေကြီးနေတာလား။ ထိုအတွေးလေးတွေရဲ့တိတ်ဆိတ်မှုကို တံခါးဖွင့်သံကရပ်တန့်ခေဲ့သည်။ရိပေါ်ထိုလူသားအားအိပ်နေပြီဟုထင်နေတယ်။ မဟုရပါထိုလူသားဟာ အိပ်ချင်ယောင်ဆောင်နေခဲ့ခြင်းသာ။ရိပေါ်ထိုလူသားဘေး ဝင်အိပ်လိုက်တော့ ဘေးက ကိုယ်လေးကတွန့်သွားတာကိုသိရသည်။
ထိုသို့နှင့်အိပ်ဆက်ခြင်းဆီသို့။
မိုးလင်းတော့အကြင်လူသားလေးကဘေးတွင်ရှိ‌မနေတော့ပါလေ။ ရိပေါ်ရေချိုးခန်းထဲဝင်သွားတော့အဆင်သင့်ပြင်ထားတဲ့ သွားတိုက်တံရယ်ရောဆပ်ထားတဲ့ရေနွေးနွေးလေးရယ်ကြောင့်ပြုံးမိသည်။ ရေချိုးပြီးထွတ်လာတော့ အိပ်ယာပေါ်တွင်တင်ထားတဲ့အဝတ်တွေကိုအဆင်သင့်ယူဝတ်ကာ အောက်ထပ်ထမင်းစားခန်းဆီဆင်းလာခဲသည်။
မီးဖိုခန်းထဲတွင်အသံလေးကစာနေတာပဲ။ သူကိုယ်တိုင်ဝင်ချက်ပြုတ်နေပုံပဲ။
"မြို့အုပ်မင်းဝမ် ထမင်းစားရအောင်"
"မား အဆင်သင့်ဖြစ်နေပြီ"
ဟင်းတစ်စွန်းကိုပါးစပ်ထဲယူထည့်နေသည့်ရိပေါ်ကို တစ်ခုခုကိုစောင့်စားနေသည့်မျက်လုံးလေးများဖြင့်
ကြည့်နေသည်။
"စားကောင်းလားမြို့အုပ်မင်း"
"Omm....."
စားပြီးတော့  ထိုင်ခုံမှထကာ
"ကျုပ်အလုပ်သွားတော့မယ်"
"ခင်ဗျား....ပျင်းရင် အပြင်ထွတ်လည်ပေါ့"
ရှောင်ကျန့်ခေါင်းလေးငြိမ့်ပြကာ  ကားနားထိလိုက်ပို့ပေးတယ်။
တကယ်ပါနေ့စဉ်နဲ့အမျှ ရိပေါ်ထွတ်သွားတာကို အရိပ်သေးသေးလေးမြင်ရသိထိကြည့်နေရတာကိုရှောင်ကျန့်မငြီးငွေ့ပါ။ ပိုလို့တောင်သဘောကျမိသည် ။နောက်ကျောက ကြည့်ရင် ကျယ်ပြန့်သည့်ပုခုံးသားတွေနဲ့တောင့်တင်းတဲ့ကိုယ်ထည့်ဟာရူးစေပါသည်။
ရှောင်‌ကျန့်တျောက် မိဘအိမ်နဲ့အလုပ်ဟာဘာမှန်းမသိပေ။ မိဘအိမ်လဲ‌မရောက်ဖြစ်တာကြာပြီ။ အလုပ်လဲ အိမ်ထောင်ပြုပြီးထဲကနားလိုက်တာ။ ရိပေါ်ရဲ့ ဝေယာဝစ္စတွေကိုသူကိုယ်တိုင်သာလုပ်ပေးချင်ပါတယ်လေ။
မနက်တိုင်းတနေ့တမျိုးမရိုးရအောင် ချက်ကျွေးတဲ့ဟင်းတွေရယ်မျက်လုံးဖွင့်တာနဲ့အဆင်သင့်ရှိနေတဲ့ သွားတိုက်တံတွေရယ်ရေနွေးတွေရယ် အဝတ်တွေရယ် အဝတ်မှာကပ်နေတဲ့ရနံ့ဟာ ထိုသူနဲ့ကျုပ်ရဲ့ ကိုယ်နှစ်ခုတွင်သာ ရှိသည့်မူပိုင်ရနံ့ရယ် ပြန်လာရင် ရေလောင်းနေသည့်  ဖြူလွလွကောင်လေးရဲ့အပြုံးတွေနဲ့ကျုပ်တောင်နေသားကျလို့နေပြီ။ အိပ်ရင်ထဲ ရင်ထဲခွေးပေါက်လေးလိုတအီအီနဲ့တိုးလာတဲ့ကိုယ်လေးကိုချော့သိပ်ရတာလဲအကျင့်ဖြစ်နေလေပြီ။
*မြိုအုပ်မင်းက ကျန့်ကိုမုန်းတာမဟုပါဘူးနော်အေးစပ်တာပါ အခုတော့ပူနွေးပေးပါ့မယ်"
အစစအရာရာ အစီအဆင်တကျဖြစ်နေခဲ့မှ ကံက မုန်တိုင်းထန်လေပြီ......
"ကလင်....ကလင်"
ရိပေါ်အောက်ထပ်ကိုဆင်းလာပြီး ဖုန်းကိုင်လိုက်တော့
"ရိပေါ်"
"ဘယ်သူလဲ....."
"ငါလေ...စစ်ကျွေး"
"ဟျောင်ပျောက်သွားလိုက်တာကွာ ။ မင်းအခု အမေရိကန်မှာလားဘယ်ကရတာလဲ ။ဘယ်တော့ပြန်လာမှာလဲ"
"နေပါအုံးကွာမေးခွန်းတွေကလဲများလိုက်တာ"
"ငါပြန်လာတော့မှာ ....မင်းတောင်လင်ရသွားပြီဆို"
"ဟုတယ်...ပါးရဲ့နောက်ဆုံးဆန္ဒလေ"
"မင်းကခေါင်းညိမ့်လိုက်တယ်ပေါ့"
"အင်း"
"မင်းသူ့ကိုချစ်လား"
ရိပေါ်တွေဝေကာအသံတောင်ပြန်မလာတော့ဘူး
"ဒါဆိုငါပြန်လာရင်လာကြိုနော် ဒါပဲခုတော့"
ထိုဖုန်းချသွားပေးမယ့်ရိပေါ်တွေးမိနေသည်က ထိုအကြောင်းဆီသို့သာ ငါချစ်လားသူ့ကို။
နောက်နေ့တွင်ကျန်းချန်တို့က လှမ်းခေါ်တာနဲ့ရှောင်ကျန့်ကော်ဖီဆိုင်ထောင့်ဝိုင်းလေးတွင် ကျန်းချန်တို့က အကျပ်ကိုင်ခါမေးနေသည်။
"ကျန့်မင်းတို့လင်မယားအရာမြောက်သွားပြီလား"
"သူကဂရုစိုက်လား"
ထိုအမေးကိုရှောင်ကျန့်မဖြေခင် ဘေးဝိုင်းမှအမျိုးသမီးတစ်ဦးကထလာကာ
"ဟက်...."
"ဘယ်သူများလဲလို့ မြို့အုပ်မင်းကတော်ဆိုလို့"
"ဘယ်သူလဲ ကျန့်ကျန့်သူက"
"ဟက်....ကို့ဘာသာပဲပြောလိုက်ပါတော့မယ်"
"ရှင့်သူငယ်ချင်း သာဝင်မရှုပ်ရင် ကျမကမြို့အုပ်မင်းကတော်ဖြစ်နေပြီ"
ထိုသူမအားကျန်းချန်က မသိပေမယ့်ဝမ်နင်ကတော့သိပါသည်။
"ဒီမှာ ရှောင်ကျန့်"
"Iပြောမယ်။youမရှက်ဘူးလား ယောက်ကျားတစ်ယောက်ဖြစ်နေပြီး သူများရည်းစားကိုလုတာ။you ကမြို့အုပ်မင်းကတော်သာဆိုတယ် မြို့အုပ်မင်းက ဒါ မြို့အုပ်မင်းကတော်ရယ်ပါလို့ပွဲထုတ်ဖူးလား။ ဝမ်က ချစ်တယ်ရောပြောတာခံဖူးလား"
ရှောင်ကျန့်မက်တပ်ထရပ်ကာ မော်ဇာကိုဒေါသဖြင့် ကော်ဖီခွက်နဲ့ပတ်လိုက်လေသည်။
"ဝမ်က တို့ကိုမချစ်လဲတို့ပိုင်နေပြီ ပြီးတော့ဝမ်ကိုတို့လိုချင်လို့မရရမအာင်ယူခဲ့တာ ။"
ထိုမြင်ကွင်းနဲ့အသံကို နောက်ကအသံစူးစူးတစ်က ရပ်တန့်သွားစေသည်။ ဤအသံပိုင်ရှင်ကားရိပေါ်သည်သာဖြစ်သည်။
ထို့နောက်ရိပေါ်ရှောင်ကျန့်ကိုလက်ကနေဆွဲကာအိမ်‌ပြန်ခေါ်လာခဲ့သည်။ ကားပေါ်တွင်လဲနှစ်ဦးသားတိတ်ဆိတ်လျက်။ အိမ်ရောက်တော့ရိပေါ်ဒေါသထွတ်ကာ ရှောင်ကျန့်ကိုလက်မောင်းကနေဆွဲရင်းအခန်းထဲခေါ်လာလေသည်
"လွှတ် ကျန့်ကျန့်နာနေပြီမြို့အုပ်မင်း"
*မှောင်မိုက်မနေနဲ့အတွေးတွေအခုရပ်*
" မင်း အခုလူကြားထဲမှာလုပ်လိုက်တာက ဘယ်လိုလုပ်လိုက်တာလဲ"
"မြို့အုပ်မင်းကတော်ဆိုတဲ့ သိက္ခာမှမထောက်။တောက်ခင်ဗျားဗျာ။ ကျုပ်က ခင်ဗျားကို ရိုးတယ်ထင်ခဲ့တာ။ ခင်ဗျားက မိန်းကလေးနဲ့တောင် ရန်ဖြစ်နိုင်တယ်။ ယောက်ကျားလေးဖြစ်ပြီး အောက်တန်းကျလိုက်တာဗျာ။ ခင်ဗျားက ပါးတို့ပေးထားတဲ့ကတိပေါ် အလွဲသုံးစားလုပ်ပြီးအတ္တကြီးနေတာပဲ"

လက်မောင်းကိုအားနဲ့ညှစ်ပြီးဒေါသတကြီးပြောနေတဲ့ရိပေါ်ကြောင့် ရှောင်ကျန့်နာကျင်ရပါတယ် မျက်ရည်တွေကျကာ ရိပေါ်ပြောနေသည်ကိုသာ မယုံကြည်သလိုအကြည့်နဲ့ငေးကြည့်နေရင်း ရိပေါ်ပါးစပ်မှထွတ်လာသောစွပ်စွဲချက်တွေကိုသူ မခံစားနိုင်ပါ ။ ထို့ကြောင့်
"မြို့အုပ်မင်းလွှတ်ပါတော့ကျန့်ကျန့်နာနေပြီ"
‌ေြပာရင်းရိပေါ်လက်တွေကြားကနေ အတင်း ရုန်းနေမိတယ်။

မြို့အုပ်မင်းမှပြန်ချစ်ပါ(Complate)Where stories live. Discover now