မြို့အုပ်မင်းမှပြန်ချစ်ပါ
Part..........23
"မောင့်ကတော်....လမ်းမကြီးမှာထတော့"
"ဟု...မောင်"
ထိုသို့နှင့် ရိပေါ်က အရင်ထပြီး ရှောင်ကျန့်အား လက်ကလေးကန်းလိုက်တယ်။ ထိုလက်ကန်းလာသူအားရှောင်ကျန့် မော့ကြည့်ရင်းပြုံးပြကာ လက်ကလေးကန်းလိုက်တယ်။ရိပေါ်လက်ထဲကိုရှောင်ကျန့်ကသူ့လက်ထည့်ပြီး
မက်တပ်ထကာ ဖုံတွေကိုခါလိုက်တယ်။
"ပြန်ကြတော့မလားမောင့်ကတော်"
"အင်း"
ရှောင်ကျန့်ပြုံးပြကာ ရိပေါ်လက်ကိုချိတ်လိုက်ပြီး
"မောင်"
"ပြောလေ...."
"ကျန့်တို့ဈေးထဲလျောက်ရအောင်"
"အင်း"
ရိပေါ် ကို အကြင်လူသားက လက်ချိတ်ပြီး ပြုံးရွင်စွာဖြင့်ဈေးလမ်းလေးထဲပတ်လျှောက်ခဲ့တယ်။များပြားလှတဲ့လူတွေကြား တိုးဝေဇ့ရင်းလျှောက်ရတာမို့ ရှောင်ကျန့်လူတစ်ယောက်နဲ့ပုခုံးခြင်းတိုက်မိပြီး ယိုင်သွားတော့ရိပေါ်က
ပုခုံးလေးကိုထိန်းပေးလိုက်တော့ တယ်။
*အနေအထားက ရှောင်ကျန့်ကိုလေးယိုင်ေနတာကို ရိပေါ်ရဲ့လက်တစ်ဖက်ကပုခုံးဖက်နောက်တစ်ဖက်က ခါးလေးကိုကိုင်ရင်းမျက်နှာချင်းနီးအပ်သွားတဲ့ပုံလေး/*
ရှောင်ကျန့်ရှက်သွေးလေးဖြာကာ အတင်း ရုန်းရင်း
ဟိုဒီလိုက်ကြည့်နေတယ်။သိပ်သိတာပေါ့သူလေးရှက်သွားမှန်း ရိပေါ်အသံပါအောင်ရယ်လိုက်ကာ
"အဟက်"
"မောင့်ကတော်က ရှက်နေတာလား"
"မောင် သွားရအောင်"
"စကားလမ်းကြောင်းမလွှဲနဲ့လေ"
"မောင်သွားမယ် ကျန့် ဗိုက်စာနေပြီ"
"မသွားဘူး မောင့်ကတော် မောင်မေးတာကိုဖြေမှသွားမယ်"
ရှောင်ကျန့်နှုတ်ခမ်းလေးတွေသိသာစွာစူထွတ်လာကာ
"ရှက်စရာလား"
"ဟုလို့လား"
"မောင်နဲ့ကျန့်က လင်မယားတွေလေ ဘယ်သူမှမရှက်ဘူး"
"မယုံပါဘူး"
"အဲ့ဆို ကျတော်ကမြို့စားမင်းဝမ်ရဲ့ကတော်ပါလို့ပြောလေ"
"မောင်..."
"မပြောရဲဘူးမို့လားရှက်နေတာ"
ရှောင်ကျန့်သူ့ကိုစနေတဲ့ရိပေါ်ကို ထိုနေရာတွင်ထားခဲ့ကာ
ခြေစောင့်ရင်း ထွတ်သွားတော့နောက်မှအသံတစ်ခု
"အဟမ်း"
"ပေကျင်းကပြည်သူတို့ဗျ"
ရှောင်ကျန့်ထိုအသံကြားလို့လှမ်းကြည့်လိုက်တော့ ရိပေါ်ကိုလူတွေကဝိုင်းအုံကြည့်နေကြတယ်။ရှောင်ကျန့်လဲရိပေါ်ဘာဆက်လုပ်မလဲသေချာကြည့်နေလိုက်တယ်။
"ဟောဒီက ပိုးဆင်စွယ်ရောင်လေးဝတ်ထားတဲ့ ရှောင်းသခင်လေးက မြို့အုပ်မင်းဝမ်ဆိုတဲ့ကျတော်ရဲ့ ကတော်ပါဗျ"
ရှောင်ကျန့်မလှမ်းမကမ်းကနေ
"မောင်...."
"ဗျာ"
"တော်တော့"
ရှောင်ကျန့်လှမ်းပြောလိုက်တော့ ရိပေါ်က
"ကျုပ် မြို့စားကတော်က ကျုပ်ကသူ့အပိုင်လို့ပြောရမှာရှက်နေတာဗျ။ခုလဲသူရှက်ေနပြန်ပြီ"
"မောင်...တော်တော့လို့"
"မောင်က မောင့်ကတော်အပိုင်ပါလို့မပြောရင်မောင်ကဆက်ပြောနေမှာ"
"ဟူးးးးး"
ရှောင်ကျန့် သက်ပြင်းချရင်းဖြင့် ရှက်နေတာမှခရမ်းချဉ်သီးလေးကြနေတာပဲ။ရဲတွက်နေပြီ။ပြီးတော့ဘေးကိုပါတ်ကြည့်ကာ အလိုမကျသည့် ဒီဇိုင်းနဲ့ရိပေါ်ကိုမနိုင်ပါဟုလက်မြှောက်အရှုံးပေးရင်း
"မောင်ဆိုတဲ့မြို့အုပ်မင်းက ဟောဒီကရှောင်းသခင်လေးအပိုင်ပါဗျ"
ပြောပြီးတာနဲ့နှုတ်ခမ်းလေးကိုစူပုတ်ကာ ကျေနပ်ပြီလားဆိုတဲ့သဘောနဲ့မျက်စပြတ်ပြလိုက်တော့ရိပေါ်က ရှောင်ကျန့်နားကိုလျှောက်လာကာ ခါးကိုဆွဲဖက်လိုက်ပြီး
"ခုပြည်သူတွေက သက်သေပါဗျ"
"ကျေးဇူးတင်ပါတယ်"
ထိုပြည့်သူတွေကတော့ ဝိုင်းကြည့်ရင်းအားကျနေတဲ့မိန်းမပျိုတွေရယ် မြို့စားမင်းလိုချစ်တက်လွန်းသူကိုလိုချင်နေတဲ့အပျိုတွေရယ် ကလေးတွေတယ်လဲအဆန်းထွင်တယ်လို့ပြောနေကြတဲ့ လူကြီးတွေရယ် တီးတိုးမြို့စားမင်းကသူ့ကတော်ကိုချစ်လိုက်တာ ငါတို့အိမ်ကအဖိုးကြီးတွေနဲ့များကွာပါ့လို့ပြောနေတဲ့ အဒေါ်ကြီးတစ်သိုက်ရယ် က ဘာမဆိုင်ညာမဆိုင်ဝင်ပြီးအရှခံနေကြတယ်။
*ကြည့်မနေနဲ့အဲ့ထဲနင်တို့လဲပါတယ်။ မြို့စားမင်းလို ချစ်တက်လွန်းသူကိုလိုချင်နေတဲ့faတစ်သိုက်လဲပါတယ်မို့လား😏😏😏"
"မောင်ပြန်ရအောင်"
"ခွင့်ပြုပါအုံးဗျ"
ရိပေါ်ပြောပြီးရှောင်ကျန့်ရဲ့ပုခုံးကိုဖက်ကာ ခုဏကလိုလူနဲ့ထပ်မတိုက်မိလေအောင် သူ့ဘက်အတင်းကပ်ထားကာ
ကာကွယ်ပေးနေတယ်။ကားပေါ်ပြန်ရောက်တော့
"မောင် ကျန့်ကကားပါတယ်"
"မောင့်ကားနဲ့ပဲပြန်လိုက်ခဲ"
"ကျန့်ကားကရော မောင်"
"အိမ်ကဦးလေးကိုလာယူခိုင်းလိုက်မယ်"
"ပြန်ရအောင် မောင့်ကတော်"
"ဘယ်ကိုလဲ"
"မောင်နဲ့မောင့်ကတော်အရင်ကနေခဲ့တဲ့ မြို့စားမင်းစံအိမ်ကိုပေါ့"
"အင်း"
ရိပေါ်နှုတ်ခမ်းတစ်ဖက်ကိုတွန့်ချိုးကာ ပြုံးလိုက်တယ်။
"မောင်"
"ဟင်"
"ဘာလို့အရင်စံအိမ်မှာပဲပြန်နေတာလဲ"
"မောင့်ကတော်ရဲ့အငွေ့အသက်တွေရှိလို့အမှတ်တရတွေရှိလို့".
"မောင် "
"ဟင်"
"ကျန့်ပေကျင်းကိုပြန်ရောက်ရောက်ချင်းစံအိမ်ကိုသွားခဲ့သေးတယ်"
"ဟုလား"
"အင်း"
"အဲ့မှာ မောင့်ကိုမေတွ့ဘူး ဒါပေမယ့် အရင်အတိုင်းပဲစံအိမ်ကဘာမှမပြောင်းလဲဘူး"
"အင်း"
"ဒါပေမယ့်ဂျူဟီယိုဆိုတဲ့မိန်းကလေးတစ်ဦးတော့တွေ့တယ်"
"အင်း"
"မောင်အဲ့နေ့က ပြန်လာတော့ကျန့်ကအပြန်ထင်တယ်။ မောင်နောက်ကနေလှမ်းကြည့်တော့ကျန့်နဲ့တကယ်တူတာ။ဂျူကိုမေးကြည့်တော့ရှောင်းသခင်လေးလို့ပြောလို့မောင်လိုက်လာတော့ ကျန့်မရှိတော့တာ"
"အဲ့နေ့ကျန့်ကြိုက်တဲ့ပန်းလဲစံအိမ်မှာရှိနေသေးတယ် ဘာမှမပြောင်းလဲတော့ စိတ်ထဲတောင်မောင့်ကိုတွေးမိသေးတယ်"
"မောင်...."
"ဟင်"
"မောင့်ကိုလူတွေကသေပြီပြောကြပေမယ့်မောင်မသေဘူးဆိုတာကျန့်ရင်ထဲကသိတယ်"
"အဲ့ကြောင့်ကျန့်လိုက်ရှာခဲ့ပေမယ့် မောင့်သတင်းအစတောင်မရဘူး။ ကျန့်နောက်ဆုံးလက်လျော့မိတော့မို့မောင် ။ယနေ့သာကံကမောင်နဲ့ကျန့်ကိုပေးမတွေ့ခဲ့ရင် တစ်သက်လုံးကျန့်တို့ဝေးသွားမယ်ထင်တယ်"
"ဘာလို့"
"ကျန့်နိုင်ငံခြားထွတ်သွားတော့မှာမို့လို့မောင်"
"ခုရော"
"မသွားနိုင်ဘူး ကျန့်ရဲ့ဖြစ်တည်ရာ ရှိနေပြီလေ ကျန့်အဝေးကိုပြေးစရာမလိုတော့ဘူး။ အဲ့လူရဲ့အနားမှာပဲရစ်တွယ်နေတော့မှာ"
"မောင့်ကတော်ထွတ်သွားလဲမောင်ကမိုးအမြအဆုံးလိုက်ရှာမှာ"
"အပိုတွေ"
"မပိုပါဘူးမောင့်ကတော်ရယ်"
စကားတွေပြောရင်းကားလေးက အိမ်ရှေ့ရောက်လေပြီ။ကားစက်ရက်သံကြားတော့ အိမ်ထဲက အပြေးထွတ်ကြိုသူက ဂျူဟီယိုပင်
"ကိုကို ပြန်လာပြီလားဒီနေ့စောတယ်နော်"
"အင်း"
ဂျူအမေးကို သေချာမဖြေပဲ တဖက်က ကားတံခါးကိုဖွင့်ပေးရင်း ဂိုကိုအင်းတစ်လုံးသာပြန်ဖြေလိုက်တယ်။ထို့နောက်ကားပေါ်ကဆင်းလာသူကို ဂျူကြည့်လိုက်တော့
"ရှောင်းသခင်လေး"
"ဂျူ တွေ့ရတာဝမ်းသာပါတယ်"
ဂျူဟီယိုကြောင်အလျက်
"ကိုကိုနဲ့ရှောင်းသခင်လေးကအသိတွေလား"
ရိပေါ်ကရှောင်ကျန့်ဘက်လှည့်ကြည့်တော့ရှောင်ကျန့်က ရိပေါ်လက်ကိုချိတ်ရင်းပြန်ကြည့်လိုက်လေတော့ ရိပေါ်ဂျူဘက်မျက်နှာမူကာ
"အဲ့ထက်ပိုတယ်ဂျူ"
"ဟောဒီခြံကပန်းတွေရဲ့ပိုင်ရှင် အကိုအခန်းထဲက ဓါတ်ပုံထဲကအလှလေးဟာသူပါ"
"အဲ့ဆိုကိုကိုခင်ပွန်းကရှောင်းသခင်လေးပေါ့"
"ဟု"
ရှောင်ကျန့်မှပြန်ဖြေလိုက်တယ်။
"ကိုကိုဝမ်ရယ်ကိုကိုရှောင်းရယ် အကိုနှစ်ယောက်ရပြီပေါ့ဂျူက"
"ကိုကိုရှောင်းကဒီမှာပဲနေမှာမို့လား"
"ဟု"
"ကိုကိုတို့ဖူးစာကသိပ်ဆန်းကျယ်တာပဲ"
"ဟီးးးးဂျူ သဘောကျတယ်။"
"မောင့်ကတော်ပင်ပန်းနေပြီသွားနားရအောင်"
"ဟုမောင်".
အခန်းထဲရောက်တော့ရှောင်ကျန့်ကအခန်းကိုပတ်ကြည့်ရင်း စကယးတစ်ခွန်းဆိုလေတယ်
"အရင်အတိုင်းဘာမှပြောင်းလဲမနေဘူးမောင်"
"မောင်ဘာမှမပြောင်းလဲဘူးမောင့်ကတော်"
"ကျန့်ကိုရော အရင်ကလိုချစ်သေးလားပြောင်းလဲသွားပြီလား"
"အင်း....ပြောင်းလဲသွားပြီ။ေမာင့်ကေတာ်ကိုအရင်ကထက်ပိုတိုးချစ်နေလို့ အချစ်ရာခိုင်နှုန်းပြောင်းသွားပြီ"
"မောင်အတက်"
ရုပ်သေစကားတည်တဲ့မောင်ကကျန့်နဲ့ဆို ကလေးလိုပဲ။ စကားလဲတက်တယ်။ကြင်နာမှုတွေယုယမှုတွေက ကျန့်တစ်ယောက်ထဲမြင်ရမယ့်ပုံစံတဲ့လေ။
"မောင်ဘယ်လောက်တက်လဲမောင့်ကတော်ကိုပြမယ်"
ပြောရင်းရှောင်ကျန့်ကိုကုတင်ပေါ်တွန်းလှဲကာ အပေါ်ကနေအုပ်မိုးရင်း အနမ်းတွေမှာမွတ်သိပ်မှုအပြည့်ဖြင့်သာ။
ည၇နာရီလောက်ရောက်တော့ခြံထဲတွင် ထိုင်နေကြတဲ့ အကြင်လူသားနှစ်ဦးဟာတစ်ဦးကိုတစ်ဦးရစ်တွယ်ရင်း
ကောင်းကင်ကိုကြည့်လျက် ။ဒီညက အရင်က ကျန့်တို့ကိုစုံစည်းပေးခဲ့သလိုသိပ်လှတဲ့ညပါ။ ကောင်းကင်ကသာယာပြီး တိမ်တိုက်တွေ မဖုံးဘဲ သာနေတဲ့ငွေသော်တာလမင်းရယ် ဘေးကနေအရံအလှဆင်ခစားလျက်ရှိကြတဲ့ ကြယ်ရောင်စုံတွေရဲ့ အောက်မှာလရောင်ရဲ့အလင်းနဲ့ဝိုးတဝါးမြင်နေရတဲ့ပန်းခင်းထဲက အကြင်လူသားနှစ်ဦးနဲ့ တကယ်ကိုလှတဲ့ပန်ချီကားတစ်ချက်ပင်လေ။
"မောင်"
"ဟင်"
"မောင့်ကိုကျန့်လိုက်ရှာခဲလား"
"မောင်နောက်ကျမှရောက်လာတာမို့ မောင့်ကတော်မီးထဲပါသွားပြီး သေပြီပြောကြပေမယ့် မောင်မယုံကြည့်လေစွာ"
"မောင်ကတိမတည်နိုင်ခဲ့လို့ခွင့်လွှတ်နော်မောင့်ကတော်"
"မောင်နောက်ကြပေမယ့်ကျန့်ဆီပြန်လာတာနဲ့ပျော်ပါတယ်မောင်"
"မောင့်ကတော် မျက်လုံးမှိတ်"
"ဟုမောင်"
ရှောင်ကျန့်မျက်လုံးမှိတ်လိုက်ပြီး သိပ်မကြာသူ့လည်ပင်းပေါ်ရောက်လာတဲ့အရာတစ်ခုကြောင့်မျက်လုံးဖွင့်ကြည့်လိုက်တော့ ဆွဲကြိုးလေးပင်
"မောင်"
"မောင့်ကတော်ရဲ့ဆွဲကြိုးကို မောင်ကောင်မလေးတစ်ယောက်ဆီကရခဲ့တာ သူ့ကိုမေးတော့မောင့်ကတော်သေပြီတဲ့ အဲ့ကြောင့်မောင့်ကတော်ကိုမောင့်အနားမှာပြန်ထားခဲ့တာ။"
"ကျန့်လိုက်ရှာနေတာကြာပြီ"
"ကျန့်ဗုံးမှန်ပြီးနောက်ပိုင်းပျောက်သွားတာမောင်"
"ခုတော့ဆွဲကြိုးလေးပိုင်ရှင်ဆီပြန်ရောက်ပြီ"
"မောင်တောင်းပန်ပါတယ် နောက်ကျမှရောက်လာခဲ့လို့ ။ မောင်အဲ့နေ့က မောင့်ကတော်ဆီရောက်မလာနိုင်ခဲ့လို့ ။ ကတိကိုမတည်နိုင်ခဲ့လို့။"
"နေ့မှာမောင့်ကိုစားလေးသာပေးနိုင်ခဲ့လို့မောင်ကိုတိုင်မပေးလိုက်နိုင်လို့တောင်းပန်ပါတယ်မောင်က"
"မောင်နောက်ကျပေမယ့် မောင့်ကတော်ရဲ့31နှစ်ပြည့်မွေးနေ့မှာမောင်ကိုတိုင်ဆွဲကြိုးလေးကိုပြန်ပေးခွင့်ရလို့ကျေးဇူးပါမောင့်ကတော်"
"မောင်နောက်မကျဘူးမို့လား"
"မောင်ဆိုတာ ကျန့်အတွက်ကန့်သက်ချက်မလိုဘူး ။ ပြန်လာပေးတာနဲ့တင် ပျော်နေပြီမောင်။ မောင်မနာက်မကျပါဘူး"
ထိုကဲ့သို့လသာတဲ့ညတွေမှာ ထိုပန်းခင်းကြီးရဲ့အလှနဲ့ အကြင်လူသားနှစ်ဦးရဲ့ချစ်ခြင်းမေတ္တာတွေက ရှင်သန်လျက်ပင်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
နောက်ဆုံးတော့ပြီးဆုံးခဲ့လေပြီ။ ficတစ်ပုဒ်ပြီးသွားတော့နှုတ်ဆက်ရင်း လွမ်းပြီးကျန်ခဲ့လေပြီ။ အစက အဆုံးအတူ
သာသာနဲ့ပါလာကြတဲ့ဒါဒါတွေအားလုံးကိုရင်ထဲမှ ကျေးဇူးတင်မဆုံးပါ။ နောက်ဆုံးတော့ခရီးဆုံးလေပြီ။
အဝါရောင်အိမ်လေးကနွေးထွေးပါတယ်ဗျ။
နောက်ထပ်သာသာနဲ့အတူ "နတ်ပြည်" တက်ဖို့
ခေါ်ပါတယ်။လိုက်မယ်မို့လား
💚❤️💚❤️💚❤️💚❤️💚❤️💚❤️💚❤️💚❤️💚❤️