မြို့အုပ်မင်းမှပြန်ချစ်ပါ
part........9
ရိပေါ်ရေချိုးခန်းထဲကပြန်ထွတ်လာတော့ ကုတင်ပေါ်က
သူ့ထက်အသက်သုံးနှစ်ကြီးတဲ့ကောင်လေးက ကလေးလိုပဲစောင်ပုံထဲကွေးကွေးလေးအိပ်နေလေရဲ့။
ညစာစားချိန်တောင်နိုးမလာဘူး။ တကယ်ပင်ပန်းနေတယ်ထင်ပါရဲ့။
(မှောင်မနေနဲ့ သူများအိမ်ကိုလြိက်လာပြီးငိုထားရလို့ ပင်ပန်းနေတာ)
(အကြံစိုးတွေငါသိတယ်)
ရိပေါ်အောက်ထပ်ကထမင်းဆင်းစားဖို့ထိုလူသားအားနှုးလိုက်တော့
မျက်လုံးလေးတွေကိုပွတ်ကာ သန်းဝေလျက်ပင်
"ဟင်"
"ညစာစားဖို့ထတော့ ။ ရေချိုးကျုပ်အောက်ထပ်ကစောင့်နေမယ်"
"ဟု"
ထိုသို့ပြောပြီးထွတ်သွားတဲ့ကျောပြင်ကိုမယုံနိုင်စွာငေးကြည့်မိသေးတယ်။ထိုသူဟာတကယ်ငါ့ လင်ဖြစ်နေပြီလား။
ရှောင်ကျန့်ရေချိုးပြီးတော့ သူ့အဝတ်တွေက အိမ်ကမနက်မှလာပို့မှာမို့ ဒီမှာသူ့အဝတ်တွေရှိမနေတော့ ကုတင်ရှေ့တည့်တည့်ကဗွီဒိုကိုဖွင့်ပြီးကြည့်လိုက်တော့ ရိပေါ်အဝတ်တွေ။ သူနဲ့တော်မယ်ထင်တာကိုရွေးပြီးဝတ်လိုက်တယ်။
အောက်ကေဘာင်းဘီအတိုတစ်ထည်ယူဝတ်လိုက်တယ်
အတွင်းခံမပါတာကြောင့်သူ့ ဂျူနီယာလေးကတော့ ....
မက်မွန်သီးလေးတွေပေါ်မှာဘောင်းဘီစလေးကလဲကပ်လို့။တကယ်ပါမြို့အုပ်မင်းသားမြင်ရင်ဖြင့် ဘာဖြစ်သွားမလဲပဲ။ထိုသို့နှင့်အောက်ကထမင်းစားခန်းထဲရောက်တော့
ရိပေါ်ရှေ့ကခုံမှာဝင်ထိုင်ကာ ဟင်းတွေကိုမျက်စိဝေ့ကြည့်ရင်း ဝမ်မားကြုအရင်ဦးချတယ်။
ပြီးတော့ ဟင်းတွေကိုမထိပဲ ဆလက်ရွက်ကြောက်တစ်ခုပဲစားနေတယ်။ ထိုအခြေအနေကိုရိပေါ်က
"ခင်ဗျားဟင်းတွေမကြိုက်လို့လား"
"မဟုတ်ပါဘူး"
"ကျွန်တော်က အသားမစားဘူး"
ထိုသို့ပြောတော့ရိပေါ်က မျက်ခုံးတွေကိုတွန့်ချိုးကာ မျက်မှောင်ကြုံ့ပြီးကြည့်နေမိတယ်။
ထိုအကြည့်ကိုဝင်ဖြေဖျောက်လိုက်သူကတော့ဝမ်မား
"သားကျန့်ကျန့်က ငယ်ထဲက ပုဇွန်ပဲစားတာလေ။ခုထိလဲအဲ့အတိုင်းပဲလား"
"ဟု"
ဝမ်မားအမေးကိုဖြေပြီး ဆက်စားပါသားကရပါတယ်အရွက်ကြော်နဲ့လဲ။
ထမင်းစားပြီးအပေါ်ထပ်ကိုပြန်တပ်လာတော့ လှေကားရှေ့က စာကြည့်ခန်းနားရောက်တော့ ရိပေါ်ကမက်တပ်ရပ်ကာရှေ့က ရှောင်ကျန့်ကို
"ရှောင်းသခင်လေး"
ထိုအသံက အမိန့်ပေးသံမဟုပါပေမယ့်သူ့ခြေလှမ်းတွေကိုရပ်တန့်စေတယ်။သူ့ထက်သုံးနှစ်ငယ်တဲ့ကောင်လေးကတကယ် ဩဇာရှိပါတယ်။ရှောင်ကျန့် ခြေလှမ်းတွေရပ်ရင်းနောက်ကိုလှည့်ကြည့်တော့
"ကျုပ် အလုပ်ရှိသေးလို့အရင်အိပ်နှင့်ပါ"
ထိုသိုပြောပြီးစာကြည့်ခန်းထဲဝင်သွားတယ်။ ဘာလဲ သူက ငါနဲ့အတူမအိပ်ချင်တာလား။ 😏😏ရှောင်ကျန့်အခန်းထဲဝင်လာကာကုတင်ခြေရင်းမှာထိုင်ရင်း သန်းဝေလာတာနဲ့ဝင်အိပ်လိုက်တယ်။ သန်းခေါင်ကျော်တော့ ရိပေါ်ကောင်းကောင်းအိပ်မရပါ။ သူ့ဘေးက အိပ်နေတဲ့သူက ခွေးပေါက်လေးလို တအီအီနဲ့ရင်ခွင်ထဲတိုးဝင်လာ တာကြောင့် သူနိုးရသည်။ ထိုသူကိုအလိုက်သင့်လေးသာ ရင်ခွင်ထဲထည့်ရင်းမိုးလင်းတော့ အောက်ထပ်က ကျီးအာသီးအသံကြောင့်နှစ်ယောက်လုံးလန့်နိုးလာကြတယ်။ တကယ်ပါ တကယ်ဆို ဒီနံနက်ခင်းကသာယာနေရမှာ ။ ရိပေါ်အောက်ထပ်ကသူ့ကိုခေါ်နေတဲ့အသံပိုင်ရှင်ဆီအပြေးသွားဖို့လှေကားကိုဆင်းလာခဲ့တယ်။
အောက်ထပ်တွင်
"ဝမ်........ဝမ်"
အောက်ထပ်ကကောင်မလေးတွေ တားတာကိုအတင်း အထဲဝင်လာကာ အော်ဟစ်နေတဲ့မိန်းမကို ကောင်မလေးတွေက မုန်းဖို့ကောင်းတဲ့စပ်စုပ်စွာကြည့်နေမိတယ်။
ရိပေါ်အောက်ထပ်ကိုရောက်လာတော့
'ဝမ်......ဝမ်ရေ"
ရိပေါ်သူမနားလျှောက်သွားကာ
" မော်ဇာ "
"ဝမ်.....ဒီကိစ္စမော်ကိုရှင်း"
ရိပေါ်ထိုမိန်းမအားကြည့်ကာ" နောက်မှကျတော်ရှင်းပြမယ်။"
ရှောင်ကျန့်လှေကားပေါ်ကနေကြည့်နေတာကိုရိပေါ်သိမည်မထင်။ကျတော်ကျတော်တဲ့လား ။ကျွန့်တော်ကျတော့ကျုပ်နဲ့ခင်ဗျားပြောတဲ့ မြို့အုပ်မင်းက ကျွန်တော်တဲ့ထိုမိန်းမကျတော့။နူးညံ့လိုက်တာဗျာ သူမက မင်းဘဝအတွက်ဘယ်လောက်အရေးပါတာလဲမောင်ရယ်။
"ဝမ်...ဝမ်ကိုမော်အဆုံးရှုံးမခံနိုင်တော့ဘူး"
"မော်ကိုချစ်တယ်မို့လားဝမ်"
ရိပေါ်မဖြေမိ။မဟုဘူး အဖြေကိုသူမသိတာ သူပြန်မဖြေတာ ။သူထိုသူမအားချစ်ပါရဲ့ လား။
ထိုအချိန်မှာဝမ်မားရောက်လာကာ
"မိမ်းကလေး သူက အိမ်ထောင်ရှိယောက်ကျားတစ်ယောက်"
"ပြီးတော့မင်းရောက်နေတာ ငါ့အိမ်"
"မင်းရှက်သင့်တယ် ...."
"မား ကျမနဲ့ရိပေါ်က....."
"တော်မိန်းကလေး.....အိမ်ထောင်ရှိအမျိုးသားတစ်ယောက်ရဲ့အိမ်ပေါ်မှာ ဒီလိုစကားမျိုးပြောမဲ့မင်းကမရှက်ပေမယ့် ကြားရမယ့်ငါတို့ကရှက်တာမို့မင်းရှက်တက်ရင်တော်သင့်တယ်"
"ပြီးတော့မားလို့မခေါ်နဲ့မားလို့ခေါ်ရအောင်မင်းက ငါ့သမီးလဲမဟုတ်သလိုငါ့ချွေးမလဲမဟုတ်ဘူး"
"ငါ့မှာငါ့သားရိပေါ်ရယ် သားခင်ပွန်းသားကျန့်ရယ်သာမားခေါ်ပိုင်ခွင့်ရှိတယ်"
လှေကားပေါ်က ရှောင်ကျန့်ကိုရှောင်မားကလှမ်းကြည့်ကာ
"သားကျန့်ထမင်းစားရအောင်"
ရှောင်ကျန့် မျက်ရည်လဲ့လဲ့လေးတွေနဲ့အောက်ဆင်းလာကာ ဝမ်မားနားလျှောက်သွားလိုက်တယ်။ထိုအဖြစ်ကိုမော်ဇာလုံးဝမကျေနပ်ပါ။
"ဝမ်ရဲ့ ကြင်သူက ယောက်ကျားကြီး"
မော်ဇာမျက်နှာပျက်ကာ
"အန်တီ မှတ်ထားနော်မော်ကိုတနေ့အန်တီေချွးမမတော်ချင်လဲတော်ရမှာပဲ"
"ဘာလို့ဆိုဝမ်ကယောက်ကျားလေး"
"မိန်းမလေးကိုပဲလိုချင်တပ်မက်တာ "
မော်ဇာရဲ့ထိုအပြောကိုရှောင်ကျန့် မျက်ရည်လေးတွေဝေ့လည်ကာ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ရင်း ခေါင်းငုံ့ကာ
"မားသွားရအောင်"
ထိုသို့ပြောရင်း ရှောင်ကျန့်ရှေ့ကနေထမင်းစားခန်းထဲဦးတည်ခဲ့တယ်။ နောက်မှာကျန်ခဲ့တဲ့ရိပေါ်ကို ဝမ်မားကထမင်းစားခန်းအဝကနေ လှည့်ကြည့်ကာ
"သားဝမ်.....မင်းထမင်းမစားတော့ဘူးလား"
ရိပေါ်မော်ဇာကိုနှုတ်မဆက်မိပါပဲ ထမင်းစားခန်းထဲဦးတည်ခဲ့တယ်။
ထမင်းစားခန်းထဲတွင်လေထုကအေးဆက်လျက်
"တော်ပြီလားကျန့်"
ထဖို့ပြင်တဲ့ရှောင်ကျန့်ကို ဝမ်မားကမေးလိုက်တော့
"သားတော်ပြီ မား"
ရှောင်ကျန့်ထထွတ်သွားတယ်ရိပေါ်ကနောက်ကနေလိုက်သွားတယ်။ အခန်းထဲရောက်တော့
"ကျုပ်အလုပ်သွားတော့မယ်"
"......"
တကယ်ပါသူဘာလို့စိတ်ဆိုးသလိုဒေါသထွတ်နေရတာလဲသူနဲ့ငါကချစ်လို့ယူထားတာမှမဟုတာ ငါကသာချစ်လို့လိုချင်မိတာ သူက သူ့ပါးရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ပေးချင်လို့သာသူနဲ့လက်ထပ်ခဲ့တာလေ။
ညနေဘက်ပြန်လာတော့ရှောင်ကျန့်ကခြံထဲမှာ ပန်းတွေရေလောင်းနေလေရဲ့ သူ့ကားလေးဝင်လာတာမြင်တော့
အပြေးလေးလာကာ
"မြို့အုပ်မင်း အအေးသောက်မလား"
"အင်း"
ရှောင်ကျန့်ရိပေါ်အတွက် အအေးလေးဖျော်ပေးကာ အပေါ်ထပ်ကိုယူသွားလိုက်တယ်။ရိပေါ်အအေးကိုသောက်ပြီးတော့ရေချိုးခန်းထဲဝင်သွားတယ်။ ရေချိုးပြီးပြန်ထွတ်လာတော့ သူဝတ်ဖို့အဝတ်တွေကိုကုတင်ပေါ်အဆင်သင့်တင်ထားပေးတာကိုယူဝတ်လိုက်ပြီး ဗွီဒိုကိုဖွင့်လိုက်တော့သူ့အကျီ ်တွေဘေးမှာ နောက်ထပ် နေရာယူထားတဲ့ ရှောင်ကျန့်အဝတ်လေးတွေ ရိပေါ်နောက်လှည့်ကြည့်တော့
ကုတင်ပေါ်ထိုင်နေတဲ့ရှောင်ကျန့်ကပြုံးပြကာ
"ဟို ငါ့အဝတ်တွေ ထည့်ထားတာ အဆင်ပြေရဲ့လား"
"မြို့အုပ်မင်းဝမ်သဘောမကျရင် ငါ "
စကားတောင်ပြီးအောင်မပြောလိုက်ရ
"ရတယ်"
ထိုသို့သာပြောပြီး စာကြည့်ခန်းထဲထွတ်သွားတဲ့သူကိုကြည့်ရင်း ရှောင်ကျန့် ပြုံးသေးတယ်