D - I - T - T - O

1.5K 85 0
                                    

Detto Ep.1

Stay in a middle I like you a little ~~~~

နားကြပ်တပ်ရင်းကားပေါ်ကနေရှုခင်းတွေကြည့်ရတာလောက် အမောဖြေလို့ကောင်းတာမရှိ

နေမင်းကြီးကလည်း သစ်ပင်တွေအပေါ် အလင်းတွေဖြာကျနေပြီး တိမ်တွေကလည်းဆောင်းရာသီဖြစ်တဲ့အတွက်ကြောင့် ကင်းစင်နေတယ်
တိုက်လာတဲ့လေလေးကနေ ထူးခြားတဲ့မွှေးရနံ့လေးတခုတော့ရသားပဲ

Jay ကတော့ သဘာ၀ကိုအလွန်အမင်းနှစ်သက်တဲ့လူမလို့လားတော့မသိဘူး ရာသီဥတုကသူ့ကိုစိတ်ကြည်နူးမှု အမြဲပေးစွမ်းနိုင်တယ်

မိုးအုံ့နေရင်လည်းသူကြိုက်တယ် စိုစိုထိုင်းထိုင်းလေး‌နဲ့ နေရတာတမျိုးပဲ

မိုးရွာနေရင်လည်းပိုကြိုက်တယ်စာအုပ်လေးဖတ်ရင်းကော်ဖီသောက်ရင်ဇိမ်ပဲလေ

နေသာရင်လည်းကြိုက်တယ် စိတ်လန်းဆန်းစေလို့

အေးနေရင်လည်းကြိုက်တယ် လေကလတ်ဆတ်လို့

Jay တယောက် အတွေးလွန်တာကြာသွားပြီလေ :) သူပတ်၀န်းကျင်ကိုသတိထားမိတော့ ကျောင်းကားပေါ်မှာလူတယောက်တလေတောင်မရှိတော့ဘူး မိုက်တာပေါ့

သူလည်း လက်စွဲတော်ကင်မရာလေးကို ကိုင်ရင်းကျောင်းဆီကိုလမ်းလျှောက်လာခဲ့တယ်
ပတ်၀န်းကျင်ကအရာမှန်သမျှကိုမှတ်တမ်းတင်ရတာကိုသူအရမ်းကြိုက်တယ်

ငှက်လေးတွေ သစ်ပင်ကြီးတွေ ကျောင်းသူကျောင်းသားတွေ နေမင်းရဲ့အလင်းဖြာနေပုံတွေ အမျိုးမျိုးဟာ ငယ်ရွယ်မှု လှပမှု တွေနဲ့ပြည့်နှက်နေတာကို သူသိမ်းဆည်းထားရမယ်မလား

Jayလည်း ကျောင်းခန်းထဲရောက်တဲ့အထိ ကင်မရာလေးနဲ့အကုန်မှတ်တမ်းတင်ထားလိုက်တယ် ကျောင်းခန်းထဲရောက်တော့ စားပွဲခုံပေါ်မှာ ဖွဖွလေးတင်လိုက်ပြီး သူ့ရဲ့ဘော်ဒါတွေနဲ့စကားတွေဖောင်ဖွဲ့နေလိုက်တယ် ကျောင်းမတက်ခင်အချိန်အထိ.....

ကျောင်းစာသင်ချိန်တွေက ဘယ်လိုပဲကြိုးစားတဲ့ကျောင်းသားဖြစ်နေပါစေ ခဏတဖြုတ်ပဲဖြစ်ဖြစ် ပျင်းမိမှာအမှန်ပါပဲ အထူးသဖြင့် ရာသီဥတုကလည်း မနက်က သာယာနေသလောက် အခု အုံ့မှိုင်း လာတော့ တမျိုးပဲ

D - I - T - T - O Where stories live. Discover now