ကျောင်းထဲကနေရာတိုင်းကိုအရူးတပိုင်းလိုပြေးပြီးရှာခဲ့ပေမယ့် ကလေးငယ်ကိုမတွေ့ခဲ့ နောက်ဆုံး အားကစားရုံကိုသတိရသွားခဲ့တယ်
အားကစားရုံကိုရောက်တဲ့အခါမှာတော့ တိတ်ဆိတ်နေတဲ့ ခန်းမကြီးရယ် ဘာဆိုဘာမှမပြောင်းလဲသွားတာကိုတွေ့ခဲ့ရတယ် ဒါပေမယ့် သူ့ကလေးငယ်ကိုတော့မတွေ့ရတော့ဘူး
ဒါဆို.....
Sunghoon လည်းနံရံကိုမှီလိုက်ပြီး စတင်ငိုကြွေးခဲ့ပါတယ် တခါတလေ ရင်ဘတ်ကိုရိုက်ပြီးလည်းငိုခဲ့သလို အရမ်းနာကျင်ရလွန်းလို့ငိုမိတာတွေလည်းရှိခဲ့ပါတယ်
ကလေးငယ်ကင်မရာလေးနဲ့ရိုက်ကူးခဲ့သမျှ အရာတွေကအခုထိရှိနေခဲ့ပြီး ကလေးငယ်ပတော့ မရှိတော့ပါ
ဒီစကားကသူ့ကိုပိုငိုစေပြီးအတိတ်ကိုသွားသတိရစေခဲ့တယ်
အတိတ်*
Jay - sunghoon ကရယ်လိုက်ရင်တကယ်ချစ်ဖို့ကောင်းတာပဲ ကျွန်တော့်ကိုပဲရယ်ပြရမယ်နော် ကတိ
Jay - sunghoon ahhh ဟို နေ့လည်တွေကျရင် 5 မိနစ်လောက်ပဲစောင့်ပေးပါလားလုပ်စရာလေးရှိလို့ပါ
အဲ့လိုပြောခဲ့တုန်းက sunghoon ဒေါသထွက်ပြီးစကားတောင်မပြောခဲ့ဘူး သူမှားတယ် အရမ်းမှားတယ် ဘယ်လိုတောင်မကောင်းတဲ့ ဝိညဉ်လဲ လူသားတယောက်ဟာနေ့လည်စာစားရမယ်ဆိုတာကိုတောင်မေ့ထားမိတဲ့အထိကိုပဲ
Jay - Sunghoon ကိုကျွန်တော်ချစ်တယ်
Sunghoon - ကိုယ်မင်းကိုမကြိုက်ဘူး
အဲ့တာကိုလည်း အရမ်းကိုနောင်တရတယ် စောက်ရူးပဲ လို့ကိုယ့်ခေါင်းကိုယ်ရိုက်ရင်း အတန်တန် ပြောနေမိပေမယ့်အချိန်တွေဟာနောက်ကျသွားခဲ့ပြီ ညှိုးငယ်သွားတဲ့ကလေးငယ်ရဲ့မျက်နှာလေးကိုသူပြန်မြင်ယောင်တိုင်း ပိုနာကျင်လာတယ်
အရမ်းငိုမိသွားပြီးနောက်မှာ ရွာလာတဲ့မိုးကို ကြောင်ပြီးကြည့်နေခဲ့မိတယ်
ကျောင်းထဲကိုမသွားခင်က Jake ပေးခဲ့တဲ့ကင်မရာလေးနဲ့ဖုန်းလေးကိုကြည့်မိတော့
ကင်မရာထဲက ဗီဒီယိုတခုမှာ ပြတင်းပေါက်လေးကနေစတင်ခဲ့တယ် နောက်ပြီးအားကစားရုံ.....ဆက်တောင်မကြည့်နိုင်တော့တဲ့အထိကို သူအကြီးအကျယ်ငိုကြွေးခဲ့တယ် မနက်ထဲကထိုင်နေခဲ့တဲ့သူကအခုတော့နေ့လည်ထိရောက်ခဲ့ပြီ ဒါပေမယ့်စိတ်ကလူနဲ့မကပ်ပါ
YOU ARE READING
D - I - T - T - O
Teen FictionStay in the middle Like you a little Don't want no riddle #JayHoon #JakeWon #SunKi #EN- #RainVibe #WriteInMyanmar