Detto Ep.4
ကင်မရာထဲကအထိကို Sunghoon ကချောမောနေခဲ့တယ် နှာတံချွန်ချွန်နဲ့ ထိုးဖွထားတဲ့ဆံပင်ဟာ တော်တော်ကို ကြည့်ကောင်းအောင်လုပ်ပေးသွားတယ်ဆိုတာ အမှန်ပဲ
ရိုက်နေရင်း Sunghoon ကသူ့ကိုကြည့်လာတာကြောင့် Jay လည်း လူတွေဆီကိုပြန် ရိုက်နေလိုက်တယ် ဘေးနားကနေ လေအနည်းငယ် ဖြစ်ပေါ်သွားတာကြောင့်ကြည့်မိတော့ Sunghoon ကမတ်တပ်ထရပ်လိုက်တယ်
Jay လည်းထရပ်လိုက်တော့ Sunghoon ကသူ့နား နားကိုကပ်ပြီး ပြောတယ်
" ညနေကျရင် တူတူပြန်ချင်လား "Jay သူ့ကိုယ်သူမသိလိုက်ခင် ခေါင်းညိတ်ပြမိသွားပြန်တယ် Sunghoon ကသူ့ကိုပြုံးပြပြီး နှုတ်ဆက်ပြီးထွက်သွားခဲ့တယ်
Jay မြင်ယောင်နေဆဲက သူ့ရဲ့သွားစွယ်လေး....
အားလပ်ချိန်ကုန်ဆုံးသွားတာတောင် သူအခုထိဗိုက်မဆာတာ အံ့ဩာစရာမရှိတော့ပါဘူး သူ ရင်ခုန်ရတာနဲ့တင် ဗိုက်ပြည့်နေပြီလေ
ထုံးစံအတိုင်းပျင်းစရာကောင်းတဲ့စာသင်ချိန်တွေကိုရောက်ရှိလာပြန်တော့ Jay စိတ်ရှုပ်ရှုပ်နဲ့ ပြတင်းပေါက်ကိုအကြည့်ပို့လိုက်တော့တယ်
ပြတင်းပေါက် ?
Jay ဟိ ကနဲရယ်လိုက်တယ် ပြတင်းပေါက်ကိုသူသာလျှောက်မကြည့်ခဲ့ရင် ထိုလူ .. Sunghoon နဲ့တွေ့ခဲ့ရမှာမဟုတ်ဘူး သူ့ကိုရင်ခုန်အောင်လုပ်နိုင်ခဲ့တဲ့လူ တနည်းအားဖြင့် သူ့အချစ်ဦး နောက်ဆုံးအချစ်လည်းဖြစ်နိုင်ပါတယ်
Sunghoon ကိုများတွေ့ရဦးမလားဆိုပြီး အပြင်ဘက်ကိုမျက်စိကစားကြည့်တော့ အရိပ်အရောင်လေးတောင်မတွေ့ရ
သူ့ဖြစ်တည်မှုကလူသားမဟုတ်ဘူးဆိုတာကိုတော့ မေ့ထားရင်း ..................
နောက်ပိုင်းမှာ Jay ဟာ ထူးဆန်းလာခဲ့ပါတော့တယ် ကျောင်းခန်းထဲမှာလည်း တယောက်တည်းရယ်မောနေခဲ့ပြီး ဆင်းတာနဲ့ ခန်းမထဲကိုထွက်ထွက်သွားတတ်တာ နေ့လည်စာလည်းမစားပဲ ကျောင်းတက်မှပြန်လာပြီး ကျောင်းဆင်းတာနဲ့ ချက်ချင်းပြေးထွက်သွားတာကြောင့်
ကျောင်းခန်းထဲကလူတွေက သံသယဖြစ်လာတော့တယ်
ကျောင်းကလူတွေကလည်း သေးသေးလေးကနေအကြီးကြီးဖြစ်အောင်ပြောရင်း Jay ဟာ ပြုစားခံနေရတာတို့ သရဲတွေကိုမြင်နေရတာတို့ စသဖြင့် စသဖြင့် ပြောရင်း Jay ကိုတွေ့တာနဲ့ရှောင်လာကြတော့တယ်
Jakeနဲ့ Jungwon လည်းစတင်စိုးရိမ်လာခဲ့တယ် ရှိတာမှသုံးယောက်တည်းကို ဒီကြားထဲမှာ သူတို့နှစ်ယောက်ကအတွဲတွေဖြစ်တာကြောင့် Jay ကိုသတိမထားနိုင်ခဲ့
Jungwon - ဟျောင်း အခုတလော ကျွန်တော်တို့ Jay ကိုဂရုမစိုက်မိဘူးပဲ
Jake - အင်း အခုကစပြီး ဂရုစိုက်မှရတော့မယ် သူ့နောက်ကိုလိုက်ရမယ်
နှစ်ယောက်လုံးသက်ပြင်းချရင်း တိတ်ဆိတ်စွာထိုင်နေကြတယ်
Sunghoon ကပိန်ကပ်နေပြီဖြစ်တဲ့သူ့ရှေ့က ကောင်လေးကို ကြည့်မိတယ် ထိုကောင်လေးကတော့ ကင်မရာနဲ့နေရာအနှံ့ကိုလျှောက်ရိုရင်းပျော်နေလေပါရဲ့ သူ့ကိုလည်းစကားတွေတတွတ်တွတ်ပြောရင်း လမ်းလျှောက်တာချော်လဲမှာတောင်စိုးရိမ်ရတဲ့အထိကိုပါပဲ
" ဟူး " Sunghoon သက်ပြင်းချတာကို ကြားလိုက်တဲ့ ကောင်လေးက သူ့ဆီကိုမျက်၀န်းနက်နက်လေးတွေနဲ့ကြည့်ပြီး ပြေးလာခဲ့တယ်
Sunghoon စဉ်းစားမိတယ် ထိုကောင်လေးက သူ့ကိုအဖော်ပြုပေးနေရတာကြောင့် အခုလို ပြဿနာတွေဖြစ်ပေါ်နေတာပါပဲ နေ့လည်စာမစားဘူး စာမလုပ်တော့ဘူး စသဖြင့် အတင်းအဖျင်းတွေရဲ့သားကောင်ဖြစ်နေတဲ့ ကောင်လေး ကို သူဘယ်လိုလုပ်ရပါ့မလဲ
YOU ARE READING
D - I - T - T - O
Teen FictionStay in the middle Like you a little Don't want no riddle #JayHoon #JakeWon #SunKi #EN- #RainVibe #WriteInMyanmar