Jay Sunghoon ကိုမမြင်မိတော့တာအတော်ကြာပြီ ဆောင်းရာသီဆိုပေမယ့် မိုးရာသီလို့ထင်ရအောင်မိုးကအမြဲတမ်းအုံ့နေတော့ စိတ်ကလည်းမကြည်မလင်အမြဲဖြစ်နေမိတယ်
Jay ရဲ့ သူနဲ့ပက်သက်ရင်အကျင့်ဖြစ်နေပြီဖြစ်တဲ့ အရာလေးတွေကို Sunghoon တယောက် ကြားရင်ရယ်လေမလား .?
ပထမအချက် ။ ပြတင်းပေါက်ကိုပဲကြည့်နေမိတယ်
ဒုတိယအချက် ။ နေ့တိုင်းနေ့တိုင်း အားကစားရုံမှာပဲ အချိန်ကုန်ဆုံးဖြစ်တယ်
တတိယအချက် ။ သွားစွယ်လေးတွေကိုအခုထိမြင်ယောင်ပြီး ပန်းချီတောင်ဆွဲမိတဲ့အထိ
နောက်ဆုံးအချက် ။ အဆိုးဆုံးပဲအိမ်မက်ထဲအထိပါပါလာခဲ့တယ်
အခုတော့ Jay တယောက်လုံး၀ကို ပိန်ချုံးနေပါပြီ သူနေ့လည်စာမစားတာ ဘယ်နေ့ကနောက်ဆုံးလဲ အော် Sunghoon နဲ့စတွေ့တဲ့ မိုးတွေအုံ့မှိုင်းနေတဲ့ နေ့လည်ခင်းတခု......
သရဲကိုမှချစ်မိနေပါတယ်လို့ပြောရင်လူတွေကရယ်မောကြလိမ့်မယ် ရူးနေပြီလို့လည်းပြောကောင်းပြောကြလိမ့်မယ် သနားစိတ်လည်း၀င်ကောင်း၀င်နေနိုင်ပါလိမ့်မယ်
Jay ဒီနေ့နေမကောင်းတော့ အိပ်ရာထဲမှာပဲနေရင်း အဲ့အကြောင်းတွေတွေးမိတယ် ခပ်ဖွဖွလေးပြုံးရင်း ခေါင်းကိုပဲဖြည်းဖြည်းလေးရမ်းမိတယ်
ချီးမွန်းခုနှစ်ရက်ကဲ့ရဲ့ခုနှစ်ရက်ပါပဲလေ
ဒေါက် ဒေါက် ဒေါက် *
Jay - ၀င်ခဲ့လေ
တံခါးပွင့်လာတော့ Jake နဲ့ Jungwon အလည်လာကြမှန်းသိလိုက်ရတယ်
သူတို့ကအိပ်ရာနားမှာလာထိုင်ရင်း
Jake - မင်း အခုတလော အဆင်ပြေရဲ့လား
Jay ရဲ့ခပ်ဖွဖွပြုံးနေတဲ့မျက်နှာဟာ တည်သွားတယ်
Jay - ဘာဖြစ်နေလို့လဲ
မနေနိုင်တဲ့ Jungwon ကပဲ
" ဟျောင်း ကျွန်တော်တို့ကိုစကားမပြောတာကြာပြီနော် စာသင်ချိန်တွေဆိုလည်း ပြတင်းပေါက်ကိုပဲကြည့်နေတယ် နေ့လည်စာလည်းမစားတာကြာနေပြီ "
YOU ARE READING
D - I - T - T - O
Teen FictionStay in the middle Like you a little Don't want no riddle #JayHoon #JakeWon #SunKi #EN- #RainVibe #WriteInMyanmar