D-I-T-T-O

591 76 1
                                    

" wow ဒီfic ကတကယ် ငိုရအောင်လုပ်တာပဲ " sunoo မျက်ရည်တွေကိုသုတ်ရင် ရေရွတ်မိတယ်
ဒီလိုမျိုး နောက်ဆိုထပ်မဖတ်မိဖို့ကိုလည်းဆုံးဖြတ်ရင်းနဲ့ပေါ့

နာမည်က Sunoo 2003 မှာမွေးပေမယ့် ပင်ကိုချစ်ဖို့ကောင်းတဲ့မျက်နှာလေးကြောင့်ငယ်ရွယ်စဉ်ကတည်းက မိဘရဲ့အလိုလိုက်မှုကိုခံခဲ့ရတယ် သူငယ်ချင်းတွေနဲ့မျက်နှာသာပေးမှုတွေကိုရောပေါ့ ဆွေမျိုးတွေဆိုရင်လည်းဖူးဖူးမှုတ်ထားလိုက်ကြတာလွန်ရော

Sunoo လည်းအိပ်ရာခင်းကိုပြန့်နေအောင်လုပ်ပြီး အိပ်ရာနားကပြတင်းပေါက်ကိုအမှတ်မဲ့ကြည့်လိုက်တယ် ခုနကပဲ နေတောင်ထိုးနေတာ အခုမိုးအုံ့သွားတာလား ?

" Fic ထဲကလိုများဖြစ်မလား " sunoo တယောက်ကိုယ်တွေးမိတာကိုပြန်စဉ်းစားပြီးရယ်လိုက်တယ် သူရယ်လိုက်ရင် ကမ္ဘာကြီးတခုလုံးလင်းထိန်သွားသလိုပါပဲ

ခေါင်းလေးရမ်းပြီး မျက်နှာသစ်ဖို့ ရေချိုးခန်းထဲ၀င်သွားခဲ့တယ်

အောက်ထပ်မှာ wonnie  တယောက် မနက်စာပြင်နေလေရဲ့ ဘာလို့ဆို ဒီနေ့ကကျောင်းဖွင့်တဲ့အတွက်ကြောင့် သူ့သားဖြစ်သူလေး တနည်းအားဖြင့် ချစ်ဖို့အရမ်းကောင်းတဲ့ကလေးလေးအတွက် အချိန်ကုန်ခံပြီးတော့ကို သူနေ့လည်စာလေးကိုလှလှလေးလုပ်ပေးနေတယ်

နောက်ကနေဖက်လာတဲ့လက်ကြောင့် ဘယ်သူမှန်း wonnie တန်းသိလိုက်ပါတယ် တစ်ဦးတည်းသော ပြောရရင် sunoo လေးရဲ့ဖေဖေ Sim Jaeyun

Jaeyun - သားကိုသွားခေါ်လိုက်ဦးမယ် အရမ်းအပင်ပန်းမခံနဲ့ဦး

ပါးကိုနမ်းပြီးအပေါ်ပြေးတက်သွားတာကြောင့် သူဆူလို့မရတော့

wonnie လည်း သက်ပြင်းမဟုတ်တဲ့သက်ပြင်းကိုချရင် လုပ်စရာရှိတာဆက်လုပ်နေလိုက်တယ်

Jake လည်း sunoo ရဲ့တံခါးကိုခေါက်လိုက်တယ် ရေကျသံတွေကိုကြားတော့ ရေချိုးနေတာထင်တယ် လို့တွေးပြီး ဖွင့်၀င်လိုက်တော့တာ်

Sunoo က ရေမချိူးခင်ဘယ်တော့မှအ၀တ်ကိုကြိုမထုတ်ထားတတ်ဘူး ဒါတွေကိုသူသိလို့ အခုလိုရောက်လာတာပါ ဘာလို့လဲဆိုတော့ သူက အဖေပဲလေ

D - I - T - T - O Where stories live. Discover now