D - I - T - T - O

361 56 0
                                    

အချိန်တခုအတိုင်းအတာ လောက်ထိကြာသွားတဲ့အခါ ချစ်ရတဲ့လူဟာပြန်လာခဲ့ပါတယ်

SUNGHOON ဟာ JAY ကျောင်းပြီးသွားတဲ့အထိကို သူအထီးကျန်စွာနဲ့စောင့်နေခဲ့ပါတယ် ကျောင်းပြီးသွားတဲ့နေမှာ သူ Jay ထွက်အလာကိုစောင့်နေခဲ့တယ် ဒါပေမယ့် Jay အစား သူ့သူငယ်ချင်း jake နဲ့ Jungwon ရယ်ကိုပဲတွေ့ခဲ့ရတယ်

ဝိညဉ်ဆိုတာ မိမိမြင်စေချင်တဲ့လူကိုပဲမြင်အောင်လုပ်နိုင်တယ်ဆိုတာကို မှတ်မိလိုက်တော့ Sunghoon တယောက်သူတို့မြင်ရအောင် လုပ်ခဲ့ပါတယ်

သူ့နားကိုရောက်လာတော့

Sunghoon - Jay ဆိုတဲ့လူကိုသိလား

Jake နဲ့ Jungwon ရဲ့ခြေလှမ်းတွေရပ်တန့်သွားခဲ့တယ်

Sunghoon ကောင်းကင်ကိုကြည့်လိုက်တော့ မိုးအုံ့နေတာနဲ့တိုးတော့ ထိုကောင်လေးတွေဆီကိုပဲ‌သွားလိုက်တော့တယ်

အဲ့ကကောင်လေးတယောက်ရဲ့ပခုံးကိုခပ်ဖွဖွကိုင်ရင်း

" ကိုယ်မေးတာကိုကြားလား Jay ကိုသိလား သူဘယ်မှာလဲ "

Jake လည်းနောက်ကိုလှည့်ပြီး ကိုင်လာတဲ့အေးစက်တဲ့လက်တွေနဲ့အေးစက်တဲ့မျက်နှာချောချောလူကို ပြန်ပြောလိုက်တယ် သေချာပေါက်သူ့အသံတွေတုန်နေခဲ့ပါတယ်

Jake - Jay... ဆိုတာ လွန်ခဲ့တဲ့ ခြောက်လတုန်းကဆုံးသွားပြီ ခင်ဗျားကဘယ်သူလဲ

Jungwon လည်း တိတ်ဆိတ်ပြီးကြမ်းပြင်ကိုကြည့်နေခဲ့တယ် သူ လွယ်အိတ်ကြိုးကို အသားကုန် ဆုပ်ကိုင်ထားမိတာကိုတော့ လူတိုင်းမြင်မှာပါ

Sunghoon နောက်ကိုခြေတလှမ်းဆုတ်လိုက်တယ်

မယုံနိုင်ခဲ့ဘူး

လာနောက်နေတာပဲ ဒီဇင်ဘာလမှာ

Sunghoon တချက်ဟန့်လိုက်ပြီး

" ကိုယ်က Sunghoon "

အဲ့အချိန်မှာမမျှော်လင့်ပဲ Jake ကသူ့ကော်လံစကိုဆုပ်ကိုင်ရင်း ပြောလာခဲ့တယ်

Jake - အော် ခင်ဗျားကအခုမှပေါ်လာတယ်ပေါ့ သူရဲဘောကြောင်တဲ့သရဲပဲ ! သူကတချိန်လုံးစောင့်နေခဲ့ရတာဗျ တချိန်လုံးပဲ နေ့လည်စာတောင်မစား‌ပဲလေ ခင်ဗျားဒါတွေမသိပါဘူး ခင်ဗျားက အတင်းအဖျင်းတွေကိုပဲဂရုစိုက်တယ်လို့ သူကပြောတယ် ခင်ဗျားအကြောင်းကို စက္ကန့်တိုင်းလိုလို အမြဲပြောပြီး ညကျရင်လည်း ခင်ဗျားပုံ တွေကိုပဲထိုင်ဆွဲရင်း ကျန်းမာရေးတွေချို့တဲ့လာရတာ !!!!!!! "

" အခုသေပြီ ဆုံးသွားပြီ ခင်ဗျားသွားလိုက်တော့ ကောင်းရာမွန်ရာပဲဖြစ်ဖြစ်မြန်မြန်လစ်လိုက်ပါတော့ ကျွန်တော် တောင်းပန်တယ် "

Jake ဟာ မြေကြီးပေါ်ထိုင်ချရင်း ငိုနေခဲ့တယ်

Jungwon ကတော့အသံတိတ် ငိုနေရင်း သူ့ရဲ့ Jake ကို နှစ်သိမ့်ပေးနေခဲ့တယ်

Sunghoon ကတော့ မဖြစ်နိုင်ဘူးလို့ ထပ်ခါထပ်ခါရွတ်ရင်း ကျောင်းထဲကိုပြေး၀င်သွားခဲ့တယ်

D - I - T - T - O Where stories live. Discover now