D - I - T - T - O

411 71 0
                                    

Detto Ep.3

" ဘာ ဘာလုပ်မလို့လဲ "

Jay လည်းထစ်ငေါ့နေတဲ့သူ့ကိုယ်သူပိတ်သာရိုက်ပစ်လိုက်ချင်တော့တယ်

သူ့စကားကိုကြားတော့ ထိုလူက မျက်ခုံးတဖက်ပင့်ပြီးသူ့ကိုကြည့်နေခဲ့တယ်

ဒါတောင်ချောမောနေဆဲပါပဲလား

" ဘေးကိုကြည့် "

Jay ကိုပထမဆုံးပြောတဲ့စကားပါပဲ အေးစက်တဲ့ ထိုလူရဲ့စကားကြောင့်ဘေးကိုကြည့်မိတော့ လူတိုင်းကရပ်တန့်နေတယ်

နာရီသံ လူတွေ ကနေလက်စ ပုံရိပ်တွေ ဘောလုံးသွင်းနေလက်စတွေ

Jay လည်း ခဏအံ့ဩလွန်းလို့ သူစကားမပြောနိုင်တော့ဘူး သူ့ခေါင်းထဲမှာမေးခွန်းပေါင်း သောင်းခြောက်ထောင်ရှိနေပေမယ့် ခေါင်းကပူထူနေလို့ တခုမှမမေး‌နိုင်တော့ဘူး

" ကိုယ့်ကိုဘာလို့မြင်ရတာလဲ "

Jay ထိုလူကိုအထိတ်တလန့်မော့ကြည့်မိတယ် ဘာစကားကြီးလဲ ဒါဆိုသူက

ပါးစပ်ကိုလက်နဲ့အုပ်ပြီး သူကြောက်သွားတယ် သရဲလား ဇာတ်လမ်းတွေထဲကလိုလား စာအုပ်တွေထဲကလို သရဲနဲ့သူနဲ့ ချစ်.....

" Sunghoon "

Jay လည်းခဏတွေးတောလိုက်တယ် ဘာကိုသူဆက်ပြောမလဲဆိုတာကိုစောင့်ကြည့်နေတဲ့အလား

" Park Sunghoon ကိုယ့် နာမည် "

Jay လည်းအဲ့တော့စိတ်နည်းနည်းလျှော့လိုက်တယ် လက်ကိုချလိုက်ပြီး သူဘာပြန်ပြောရမလဲဆိုတာကို စဉ်းစားနေမိတယ် သူတခုခုတော့ပြန်ပြောရမယ်မလား လွန်ခဲ့တဲ့မိနစ်တွေကထဲက သူဘာမှမပြောပဲ အရူးကြီးလို အံ့ဩလိုက်ထိတ်လန့်လိုက် ဖြစ်နေတာ

Jay - " လူမဟုတ်ဘူးပေါ့ Sunghoon က

Sunghoon - " ဆိုပါတော့ "

Sunghoon ကအဲ့လိုပြောပြီး အနီးနားကထိုင်စရာတခုဆီလျှောက်သွားပြီးထိုင်လိုက်တော့ Jay လည်းသူ့နားသွားထိုင်ခဲ့တယ်

Jay - " ဒါဆို ငါတယောက်ပဲမြင်နေရတာပေါ့ မင်းကို "

Sunghoon က Jay ရဲ့ကင်မရာကိုကိုင်ကြည့်နေရင်း သူက ပခုံးတွန့်ပြတယ်

Jay လည်း အော် လို့ တိုးတိုးလေး ရေရွတ်လိုက်ပြီး ကြမ်းပြင်ကိုပဲကြည့်နေလိုက်တော့တယ်

" ကိုယ့်ကိုအဖော်ပြုပေးပါလား "

တိုးလျတဲ့အသံကြောင့် Jay ဘေးကိုကြည့်လိုက်မိတယ်

စူးရှတဲ့အကြည့်တွေမဟုတ်တော့ပဲ ၀မ်းနည်းရိပ်သန်းနေတဲ့မျက်၀န်းတွေကသူ့ကို လက်ခံဖို့တိုက်တွန်းနေသလိုလို

တိုက်တွန်းနေသလိုလို

သူတောင်မသိလိုက်ခင် Jay ခေါင်းညိတ်မိလိုက်တယ်

အချိန်တွေကပြန်လည်လည်ပတ်လာတာကို Jay သတိထားမိလိုက်တယ် လူတွေအားလုံးပြန်အသက်၀င်လာပြီး နာရီချောက်ချောက်အသံကိုပြန်ကြားလာရတယ် တခဏတွင်းအချင်းပြန်ဆူညံသွားတဲ့ပတ်၀န်းကျင်ကို ကြည့်နေရင်း Sunghoon ကသူ့ကိုမေးခွန်းမြောက်များစွာကိုမေးမြန်းနေခဲ့တယ်

ဘယ်မှာနေတာလဲ ၊ ဘယ်အတန်းလဲ ၊ ဘာလုပ်ရတာတွေကြိုက်လဲ ၊ ဘယ်နနှစ်လဲ ၊ သူငယ်ချင်းတွေရှိလား ၊ ဘယ်လိုဇာတ်ကားတွေကြိုက်လဲ စသဖြင့်နဲ့ စီကာပတ်ကုံးမရှိတာတွေတခုပြီးတခုမေးပေမယ့် Jay ရဲ့စိတ်တွေက စိတ်တိုခြင်းမရှိ အံ့ဩောစရာကောင်းအောင် သူအကုန်လုံးကိုစိတ်ရှည်လက်ရှည်ပြောပြခဲ့တယ်

သူသိချင်တာတွေမေးပြီးသွားတော့ Sunghoon က လက်ကိုနောက်ပစ်ပြီး ဘတ်စကတ်ဆော့တာကို ကြည့်နေတော့ Jay လည်း ကင်မရာနဲ့ဆက်ရိုက်ကူးနေခဲ့တယ် သူအကြံရသွားပြီး.

ကင်မရာကို Sunghoon ဘက်ဖြည်းဖြည်းချင်းလှည့်လိုက်တယ်

D - I - T - T - O Where stories live. Discover now