Detto Ep.2
သူကြည့်နေရင်းမှာပဲ ထိုလူက အားကစားရုံထဲကို ၀င်သွားတာကြောင့် နားကြပ်မြန်မြန်တပ်ရင်း ကင်မရာကိုအမိအရကိုင်ကာ သူလည်း အဲ့ကိုရောက်ဖို့ ထ ပြေးတော့တယ်
ကျောင်းနဲ့အားကစားရုံနဲ့နည်းနည်းဝေးတော့ ဟောဟဲ ဟောဟဲ လို့လိုက်နေပေမယ့် သူ့မျက်လုံးကတော့တစ်နေရာတည်းကိုပဲကျောက်ချထားတယ်
ရုံထဲကိုရောက်ရောက်ချင်း Jay သူ့ဒူးခေါင်းကိုကိုင်ပြီး ခဏ နားလိုက်ရတယ် နားကြပ်ထဲကသီချင်းသံက စိတ်ထင်လို့ပဲလားမသိ မလာတော့ဘူး တိတ်ဆိတ်လို့
ဆူညံနေတဲ့အားကစားရုံထဲမှာ ဆော့နေတဲ့လူတွေအားပေးနေတဲ့လူတွေ တပုံကြီးပဲ
Jay မျက်စိကစားပြီးလိုက်ကြည့်မိတယ် ဒါပေမယ့် ထိုလူကိုလုံး၀မတွေ့တော့ဘူး သူနှမြောတသအရမ်းဖြစ်ပြီး စိတ်ထဲမှာ၀မ်းနည်းသွားတယ် လက်ထဲကကင်မရာလေးကိုကြည့်ရင်း သူ ထိုလူကို မှတ်တမ်းတင်ထားချင်လို့ပါ ပြီးတော့ မြင်ဖူးချင်လို့
Jay လည်း မထူးတာနဲ့ပဲ ကင်မရာကိုဖွင့်ပြီး နေရာအနှံ့ကိုလိုက်ရိုက်လိုက်တော့တယ် ဘနားနားမစ်အနံ့တောင် ရနေသလိုပဲ နောက်တော့ ခန်းမထဲမှာ ကနေတဲ့ ကောင်မလေးတွေကိုတွေ့လို့ သူတို့အနားသွားပြီး မှတ်တမ်းတင်နေမိတယ်
သူတို့ကိုရိုက်နေတုန်းမှာပဲ .....
ရုတ်တရပ်
အရာအားလုံးက တိတ်ဆိတ်သွားတယ်
လူတွေအကုန်လုံးရပ်ကုန်သလိုမျိုး
ရပ်သွားခဲ့တဲ့သီချင်းသံကအခုမှပြန်ပေါ်လာခဲ့တယ် [ Recommended - Ditto ]
အဲ့လူကလည်း Jay ကိုအိတ်ကပ်ထဲလက်ထည့်ထားရင်းနဲ့ကြည့်နေခဲ့တယ် Jay ကလည်းကင်မရာကိုကိုင်ရင်း ကြောင်ပြီးရပ်နေမိတယ်
လူတွေအလယ်မှာရပ်နေတဲ့ ထိုလူရဲ့စူးရှတဲ့မျက်၀န်းအကြည့်တွေက သဘောကျချင်စရာကောင်းလွန်းတယ် ဆံပင် အဖြူဖျော့ဖျော့လိုမျိုးက ဖြူစွတ်တဲ့သူ့အသားအရေနဲ့ တော်တော်လိုက်ဖက်နေတယ်
အေးစက်နေတဲ့မျက်နှာထားက သေချာပေါက် လူကိုရှိန်စေမယ့်ပုံ
အနားကိုတဖြည်းဖြည်းချင်းလျှောက်လာတဲ့ အခါမှာ ဖိနပ်သံက စူးရှစွာမြည်နေသလိုလို
I got no time to lose ~~
သီချင်းရဲ့အဓိကကိုရောက်လာတော့မှာနဲ့အမျှ ထိုလူဟာလည်း သူ့ဆီကိုပိုပိုနီးလာခဲ့တယ်
Ra ta ta ta ullin shimjang [ Ra ta ta ta ] >>
အဓိကအပိုဒ်ကိုရောက်တဲ့အချိန်လေးမှာပဲစာသားထဲကလို သူ့ရင်တွေခုန်လာခဲ့တယ် အဲ့လူက သူ့ရှေ့ကိုအခုတော့ရောက်လာခဲ့ပြီ
အရပ်အနည်းငယ်ပိုရှည်တဲ့ထိုလူဟာ အနီးကပ်ကြည့်လိုက်ရတော့နှာခေါင်းမှာမှဲ့လေးနဲ့ လည်ပင်းနေရာကိုအကြည့်လွှဲမိတော့ လှုပ်လှုပ်သွားတဲ့ လည်ပင်းစေ့ကိုကြည့်ရင်း အာခေါင်တောင်ခြောက်လာတယ်
Jay လည်း မတတ်နိုင်တော့တာမလို့ ဒီနေရာကနေအမြန်ထွက်သွားဖို့လုပ်မိတော့တယ်
အဲ့အချိန်မှာ လှမ်းဆွဲလာတဲ့လက် အေးစက်နေတဲ့လက်တစ်စုံ နွေးထွေးမှုအရိပ်အရောင်တခုလေးမှမရှိတဲ့မျက်၀န်းတွေနဲ့
အုံ့မှိုင်းနေတဲ့ ဒီဇင်ဘာလရဲ့ နေ့တနေ့မှာ..
YOU ARE READING
D - I - T - T - O
Teen FictionStay in the middle Like you a little Don't want no riddle #JayHoon #JakeWon #SunKi #EN- #RainVibe #WriteInMyanmar