ပြဇာတ်ကသည့်သရုပ်ဆောင်အများစုသည် လူကုန်ထံများနှင့်အချိန်ကုန်ဆုံးတတ်ကြပြီး အချိန်ဖြုန်းကြသူများဖြစ်ကြသည်။ မဟုတ်လျှင်ဘိန်းရှူကြသည်။ ၎င်းမဟုတ်လျှင်တစ်ညလုံးလောင်းကစားလုပ်တတ်ကြသည်။ ထိုငွေဖြုန်းတီးသည့်အရာများကြောင့် ထိုသူတို့သည်နောက်ဆုံးတွင်ဒုက္ခရောက်ကြရသည်။ သို့သော်လည်း ရှန်းရှီရွေ့မှာအလောင်းအစားလုပ်ဖို့မပြောနှင့်ဆေးလိပ်ပင်မသောက်ချေ။ သူသည်ဈေးကြီးကြီးအဝတ်အစားများကိုသာနှစ်သက်လေသည်။ ၎င်းအပြင် ရှန်းရှီရွေ့သည် သူ၏စီနီယာများသီဆိုခဲ့သည့်ပြဇာတ်များအား နားထောင်ရခြင်းအားနှစ်ခြိုက်သည်။ တိုတိုပြောရလျှင် သူ၏ဝါသနာများသည် သူ့စီးပွားရေးနှင့်ထပ်တူကျနေသည့်အတွက် သူ့အတွက်ပျင်းရသည်ဟူ၍မရှိ။ ချန်ဖန်းထိုက်သူ့အားလာတွေ့ချိန်တိုင်းတွင် ရှန်းရှီရွေ့သည် သီချင်းနားထောင်နေသည်မဟုတ်လျှင် သီချင်းဆိုနေတတ်သည်။ သို့မဟုတ်လျှင် ပြဇာတ်များအကြောင်းပြောလိမ့်မည်။
***
သို့ပေမယ့် ဒီနေ့တွင်တော့ရှန်းရှီရွေ့သည် သူ့စားပွဲတွင်တည်တည်ငြိမ်ငြိမ်ထိုင်ကာ သူ့ဘေးရှိသတင်းစာပုံထဲမှစာများကိုကူးရေးနေသည်။ စာရေးခြင်းထဲနစ်မြုပ်သွားသည်မှာ ရှောင်လိုင်ကချန်ဖန်းထိုက်အားတံခါးဖွင့်ပေးသည်ကိုပင်မကြားလိုက်သည်အထိ။ အခန်းထဲသို့ခိုးကြောင်ခိုးဝှက်ဝင်ပြီး ရှန်းရှီရွေ့အားအနောက်မှကြည့်နေရသည်ကို ချန်းဖန်းထိုက်ကကျေနပ်ကာအရမ်းပျော်ရွှင်နေခဲ့သည်။ စာလုံးများအားစုတ်တံနှင့်ရေးနေရသည့်အတွက် ရှန်းရှီရွေ့မှာအခက်တွေ့နေရသည်။ စာရွက်တစ်ရွက်ပေါ်တွင် စာလုံးကြီးကြီးခုနစ်ဒါဇင်လောက်ကိုပဲရေးထားသည်။ စာလုံးတစ်လုံးစီ၏အရွယ်အစားမှာမျဉ်းကြောင်းအနီကိုပင်ကျော်နေသည်အထိအရမ်းကြီးနေပြီး ကြည့်ရဆိုးနေသည်။ သူမရေးနိုင်သည့်စာလုံးအားတွေ့လျှင် ရှန်းရှီရွေ့သည် သူ့ဘေးမှသတင်းစာအားဖွင့်ကာစာရွက်များအားတဗြန်းဗြန်းလှန်ပြီး စာလုံးအားရှာသည်။ စာပိုဒ်ထဲတွင်သူပြောထားသည်က
" တုချီ ငါမင်းနဲ့မတွေ့ရတာတစ်နှစ်လောက်ရှိပြီ။ မင်းကိုလွမ်းတယ်ကွာ။ ငါပြဇာတ်အသစ်လုပ်မလို့ပဲ ဒါပေမယ့်ဘယ်ဟာဖြစ်ဖြစ်ကောင်းကောင်းထွက်မလာဘူး။ လျှာခေါက်အောင်ကိုစာသားတွေကဆိုးဝါးနေတာ။ မင်းရေးပေးရင်ကောင်းမယ်ကွာ။ နောက်ပြီး ဗန်အလင်က တယောဆိုတာငါသိပြီးပြီ။ မင့် စောင်းလိုလိုဟာကြီးက ငါတို့ဟုချင်လောက်တောင်မကောင်းဘူး။ မသုံးဖြစ်ဘူးဆိုတော့မင်းအိမ်ကိုမြန်မြန်လာယူဖို့မျှော်လင့်တယ်ကွာ။ ရှန်းရှီရွေ့ "
YOU ARE READING
Winter Begonia [Burmese Translation]
Narrativa StoricaWinter Begonia ရဲ့ မြန်မာဘာသာပြန်ဖြစ်ပါတယ်။ အစကနေစပြန်တာမဟုတ်ဘဲ အပိုင်း၂၈ကနေစပြန်ထားတာပါ။ နောက်ပိုင်းတော့အစကအပိုင်းတွေကိုပြန်ဖြည့်ပေးသွားမှာပါ။ နောက်ပြီး Unicode only ပါ။ နောက်ကျရင် Zawgyi font ပါထပ်ထည့်ပေးပါမယ်[ If possible]... အပျော်တမ်းဘာသာပြန...