အပိုင်း(၂၂) U/Z

97 7 0
                                    

Unicode

ပျားရည်စံအိမ်တော်ရဲ့ သားအကြီးဆုံးဖြစ်သူ အသက်၂၀ပြည့်မွေးနေ့လာရောက်ပေးပါဟု မေဘယ်နိုင် ကိုယ်တိုင်ဖိတ်သွားခဲ့လေသည်။ မနက်ဖြန်ဆိုတော့ ဝဿန်နှင့် မြမြညို ကအဝတ်အစားတွေစီစဥ်နေကြသည်။ ဂုဏ်သရေရှိအသိုင်းအဝိုင်းတွေလာမှာဆိုတော့ သူများထက်မသာရင်တောင် တန်တူ ဝတ်စားသွားရမည်ဖြစ်သည်။

"သား စောစောအိပ်နော် မနက်ကျရင်လဲ ပြင်ဆင်ရဦးမှာ"

"ဟုတ်ကဲ့ဗျ"

လို့သာဝဿန်ပြောလိုက်ပေမဲ့ ခေတ်တိုင်းအောင်အတွက် မွေးနေ့လက်ဆောင်ပေးရန် စီစဥ်ထားတဲ့အင်္ကျီကို လက်စသက်နေတာကြောင့် ဝဿန်စောစောမအိပ်ဖြစ်လိုက်ပါ။
ဝဿန်က ၃ လပိုင်းတုန်းက၂၀ပြည့်ထားပြီး ခေတ်တိုင်းအောင်ကတော့ အခု ၆လပိုင်းမှ ၂၀ ပြည့်မှာဖြစ်သည်။

လက်ဆောင်ပစ္စည်းကို ပိုက်ဆံနဲ့ပေးဝယ်လို့ရပါတယ် ဒါပေမဲ့ကျွန်တော့်လက်နဲ့ကိုယ်တိုင် ချုပ်ပြီးပေးချင်တာ  ဒါကြောင့် ကျွန်မဝယ်ဖြစ်ခဲ့ပါ။

ည၁၂နာရီကျော်ကျော်လောက် မှပြီးသွားခဲ့တဲ့တိုက်ပုံအင်္ကျီလေး။ ရေနံဆီမီးအိမ်နဲ့ဘဲလုပ်နေရတာဆိုတော့ မျက်စိတွေ ဝါးနေလေသည်။

"မောင်ကြိုက်မှာပါ"

ကိုယ့်အတွေးနဲ့ကိုယ် ဝဿန်လေးတစ်ယောက်ပျော်နေရှာသည်။

......................
ပျားရည်စံအိမ်တော် ၌ညည့်နက်သည်အထိ အလုပ်သမားတွေက ပြင်ဆင်နေကြသည်။ ဘာအတွက်ကြောင့်လဲ ဆိုတာကို ခေတ်တိုင်းအောင် သိချင်တာကြောင့်

"မေမေ ဒါကဘာတွေလုပ်နေကြတာလဲ"

"မနက်ဖြန်သားမွေးနေ့လေ အဲ့တော့သားကို မေမေရဲ့လုက်ဖော်ကိုင်ဖက် တွေနဲ့ရော မိတ်ဆွေတွေနဲ့ပါ တရားဝင်မိတ်ဆက်ပေးမလို့"

မိမိအားဘာမှမတိုင်ပင်ဘဲ ဖြစ်သွားတဲ့အခြေအနေကြောင့် ခေတ်တိုင်းအောင် အံ့သြသွားသည်။ ဝဿန်ကိုလဲ ထပ်ပြီးဖုံးကွယ်ထားချင်သေးသည်။ မိမိတို့ရဲ့အချစ်ရေးမှာ ငွေကြေးနဲ့ ဂုဏ်ပကာသနာတွေ မရှိစေချင်တာကြောင့်ဖြစ်သည်။

ဓားသွားထက်က ပျားရည် 🍯 (Completed)Where stories live. Discover now