အပိုင်း(၃၂) U/Z

93 7 0
                                    

Unicode

ဆောင်ရာသီ သို့ရောက်ရှိလာသဖြင့် အေးချမ်းမှုသည်လည်းစတင်လာပါတော့သည်။ ဝဿန်သည် သည် မိုးစက် မောင်းလားသော ဂျစ်ကားလေး နှင့်အိမ်သို့ပြန်လာခဲ့လေသည်။ မြမြညို ရဲ့ခွင့်ပြုချက်တောင်းမှုကြောင့် ခွင့်ရက်ရလာသည်ဖြစ်သည်။ ဒီတစ်ခေါက်တော့ တစ်ပတ်ခွင့်ယူပြီးအိမ်ပြန်လာလေသည်။ အကြောင်းမှာ ဝဿန်ပါကိုပါရမဲ့ စီပွားရေးကိစ္စတစ်ချို့ရှိနေခြင်းကြောင့်ဖြစ်သည်။

"ဝဿန် မင်းအဲ့အိမ်မှာနေရတာ အဆင်ပြေရဲ့လား"

"ပြေပါတယ် အခုလောလောဆယ်တော့"

"အကူအညီလိုရင်ငါ့ကိုပြောနော် ငါအစွမ်းကုန်ကူညီပေးမယ်"

"ဟုတ်ပါပြီကွာ မင်းနဲ့အန်တီကငါ့ရဲ့အားဆေးဘဲ"

"အဲ့ဆို မင်းကိုသံယောဇဥ်သိပ်ရှိတဲ့ ခေတ်တိုင်းအောင် ကရော"

"သူကလဲအားဆေးပါဘဲ ဒါပေမဲ့တစ်ချိန်ချိန်တော့ အဆိပ်ဖြစ်သွားမယ်ထင်တယ် ဒါပေမဲ့လဲ ငါအဲ့အဆိပ်ကိုဆက်သောက်မိမှာ"

မှိုင်ကျသွားသောဝဿန်ကို မိုးစက်သတိထားမိသဖြင့်

"မင်းကလဲ မဟုတ်တာတွေတွေးမနေပါနဲ့ကွာ သူကမင်းအတွက် အမြဲတမ်းအားဆေးဖြစ်နေတဲ့သူပါကွ"

မိုးစက်၏အားပေးစကားကြားမှ ဝဿန်ပြန်ပြုံးလာကာ

"ဟုတ်တယ် သူကငါ့အတွက်အားဆေးဘဲ"

....................

"ကိုကို ငုဝါကိုကူညီပါဦး"

ငုဝါသည် ဧည့်ခန်းမှာထိုင်နေတဲ့ခေတ်တိုင်းအောင်နားကပ်ကာ ပြောလာလေသည်။

"ဘာဖြစ်ရပြန်ပြီလဲ ငုဝါ"

"ဒီနေ့လေ မန္တလေးက သူငယ်ချင်းတွေက မိုးကုတ်ကိုရောက်နေတာ အဲ့ဒါကြောင့် ......"

"အဲ့ဒါကြောင့် ဘာဖြစ်လဲ"

ဖတ်လက်စသတင်းစာကို ပိတ်ကာ ငုဝါကိုကြည့်လိုက်တော့ မဝံ့မရဲဖြစ်နေလေသည်။

"ကိုကို အဖော်လိုက်ခဲ့ပေးပါလား"

"ဘယ်အချိန်လဲ"

" ညနေ ၅ နာရီလောက်"

"အွန်း....အလုပ်ဆင်းရင်လိုက်ခဲ့ပေးမယ်"

ဓားသွားထက်က ပျားရည် 🍯 (Completed)Where stories live. Discover now