အပိုင်း(၄၂) U/Z

112 5 0
                                    

Unicode




ခေတ်တိုင်းအောင် အခန်းထဲမှ လွတ်လမ်းရှာနေပါသော်လည်း မိခင်ဖြစ်သူရဲ့တိကျသေချာနေမှူကြောင့် ထွက်လမ်းမရှိဖြစ်နေလေသည်။

..

"မိုးလဲချုပ်နေပြီဆိုတော့ ငါပြန်တော့မယ်"

မိုးစက်ပြောလာတော့ ရှိုင်းခန့်ကပြန်လွှတ်ပေးချင်ပုံမရသေးပေ။

"ခနနေပါဦးလား ကိုယ်ပြန်ပို့ပေးပါ့မယ်"

"မရဘူးဟ အန်တီတစ်ယောက်တည်း ငါပြန်ရမှာ"

"အေးပါကွာ....ဒါဆိုလဲ ငါပြန်ပို့ပေးပါ့မယ်"

ရှိုင်းခန့်ကြည့်ရတာ မိုးစက်ကို ပြန်မလွတ်ချင်သေးပေ။ မိုးစက်နဲ့ နေချင်သေးပုံရသည်။

...

"သူကဘယ်သူလဲ"

မေဘယ်နိုင် ထပ်မေးသည်။ မိနွယ်လေးမဖြေလို့မရတော့ပေ။ မိဘတွေပါ ဆွဲထည့်လာတာကြောင့် မိနွယ် အကြပ်ရိုက်နေပြီဖြစ်သည်။

"သူ...သူ...က..."

........

ညလဲမိုးချုပ်နေပြီဖြစ်တာကြောင့် ဝဿန်တို့သည်လည်းတည်းခိုခန်းတွင်တစ်ညနားရန်ဖြစ်လာခဲ့လေသည်။

"ဦးလေးလဲ နားတော့လေ ပင်ပန်းနေရောပေါ့ "

"ရပါတယ်သားရယ် ဦးလေးကားစောင့်ပြီး နေလိုက်ပါ့မယ် သူခိုးကပေါပေါနဲ့ ကားပျောက်သွားမှဖြင့် ဒုက္ခ သားရဲ့ စျေးကသိပ်ကြီးတာမလား"

"ထားခဲ့ပါဗျာ ညကအေးတယ်ဗျ ဦးလေးဖျားနေလိမ့်မယ်"

ဝဿန် သည်လူကြီးတစ်ယောက်တည်းကို ထားခဲ့ဖို့မတင့်တော်တာကြောင့် နှစ်ယောက်အိပ်ခန်းငှားကာ ခရီးခနနားဖို့ဖြစ်လာခဲ့လေသည်။

...

ခြံဝန်းထဲသို့ တယိမ်းတယိုင်ဖြင့် မ်ိနွယ်ဝင်လာလေသည်။ မြမြညိုက ဘုရားဝတ်ပြုနေတာကြောင့် ခြံဝန်းထဲလူဝင်တာမသိလိုက်ပေ။ အရင်က ခြံစောင့်ဦးလေးက တံခါးပိတ်ပေးနေကျဖြစ်တာကြောင့် မြမြညိုလည်းမေ့နေလေသည်။ ဘုရားဝတ်ပြုပြီးတော့ ဧည့်ခန်းတွင်ထိုင်နေရင်း

"ဘုတ်......"

တံခါးမနားတွင် လူတစ်ယောက်လဲ ကျသံကြားတာကြောင့် မြမြညိုကြည့်မိရာ

ဓားသွားထက်က ပျားရည် 🍯 (Completed)Opowieści tętniące życiem. Odkryj je teraz