Unicode
ဝဿန်၏ ခြေလှမ်းများခနတာရပ်တန့်သွားရလေသည်။ ငုဝါ၏မိဘတွေက ရွေလမ်းငွေလမ်းခင်းရန်ပြောနေကြတော့ ဝဿန်အားငယ်ရပါသည်။ ဝဿန်သည် ဆပ်နားထောင်နိုင်စွမ်းမရှိတော့တာကြောင့် အခန်းထဲသို့သာပြန်သွားလေသည်။
"မေတို့ သားရဲ့ဆန္ဒကိုမေးပါရေစဦးဖြူ"
"အို.....တို့တွေက မိန်းကလေးရှင်ဖြစ်ပြီး အရဲစွန့်ပြောတာတောင် မေတို့ သားဆန္ဒကိုမေးဦးမှာလား"
ငုဝါ၏မိခင်က တည်တံ့စွာပြောလာတော့
"အဲ့လိုမဟုတ်ပါဘူး ဖြူရဲ့ သားလေးက ငုဝါလေးကို ညီမအရင်းထက်ပိုပြီးခံစားချက်ရှိမရှိမေးရုံပါ"
"မေ ဖြူ တို့ကိုငြင်းနိုင်လို့လား"
ငုဝါ၏ မိခင်က ပေါက်ဆက်ဆက်ပြောလာတော့
"အဲ့လိုမဟုတ်ဘူးလေဖြူရဲ့"
"အဲ့ဆိုဘာလဲ"
"သားရဲ့ သဘောကိုဘဲမေးချင်ယုံပါလို့ပြောနေတယ်လေ"
မေဘယ်နိုင်သည် ဒေါသသံပါတော့မည်ဖြစ်တာကြောင့်မနည်းထိမ်းလိုက်ရလေသည်။
"အွန်းလေ မေ သဘောပါ ဖြူတို့လဲပင်ပန်းနေလို့နားလိုက်ဦးမယ်နော်"
ဆိုပြီး လင်မယားနှစ်ယောက် ဧည့်သည်တည်းဖို့လုပ်ထားတဲ့အခန်းသို့ပြန်လာခဲ့ကြလေသည်။
မေဘယ်နိုင် သည် သူတို့ထွက်သွားသည်နှင့် ထိုင်ခုံ၏အမှီပေါ်တွင် မှီချလိုက်ကာ စိတ်ပျက်လက်ပျက်ဖြစ်နေလေသည်။
"ငုဝါဖြူ မင်းပြောလို့ရတုန်းပြောထားဦးပေါ့"
မျက်ခုံးနှစ်ခုဆုံရာ နှာခေါင်းရိုးလေးအား လက်ညှိုးလက်မဖြင့်နှိပ်နယ်ရင်း ဒေါသတကြီးပြောနေလေသည်။
"မေရယ် စိတ်လျော့ပါ"
ဋ္ဌေးနိုင်ဝင်းက ကြား ထဲကနေဒေါသလျော့ခိုင်းနေရလေသည်။
..
"မေမေဘာတဲ့လဲ"
မိဘတွေတည်းရမဲ့အခန်းတွင် ငုဝါက ကြိုစောင့်နှင့်နေပြီး မေးတော့
"ခေတ်တိုင်းအောင် ရဲ့ဆန္ဒကိုမေးပါရစေဦးတဲ့"
.....