အပိုင်း(၂၁) U/Z

98 10 0
                                    

Unicode

မိုးစက်လာပေးသွားတဲ့ နှစ်ချုပ်စာရင်းတွေကို  ဝဿန် စစ်နေသည်။ စာရင်းတွေအရ ငွေအင်းအားအတော်ပင်တောင့်တင်းနေပြီဖြစ်ပြီး  မြေကွတ်ပိုင်ဆိုင်မှုတွေကလဲမနည်းမနောပင်။ ထိုမြေကွက် တွေကလဲ မေဘယ်နိုင် အသေအလဲလိုချင်နေတဲ့မြေကွက်တွေဘဲဖြစ်သည်။

"သား ဒီနေ့ အန်တီအစား ဝိုင်းကိုသွားပေးပါဦး "

"ဟမ်.... သားတစ်ယောက်တည်း သွားရမှာလား"

"ဟုတ်တယ်လေသားရဲ့"

"အချိန်ကရော"

"နေ့လည်၁၂နာရီ"

"ဟမ်အခုတောင် ၁၁ ခွဲနေပြီကို"

ဝဿန်သည် မြမြညို ကမ်းပေးတဲ့ အနီရောင် ရင်ဖုံးနဲ့ ထဘီကိုဝတ်ကာ ပြင်ဆင်စရာရှိတာကိုပြင်ဆင် ရတော့သည်။ နှုတ်ခမ်းနီရဲရဲလေးကိုဆိုးလိုက်ကာ ဆံပင်တုကို ဝတ်လိုက်သည်။ ဖြန့်ချထားသည့်ဆံပင်က ကျောလည်လောက်ထိရှိပြီး အနီရောင်ဝမ်းဆက်နဲ့သိပ်ကိုလိုက်ဖတ်လွန်းလှသည်။ ဝဿန်အပြင်ထွက်လာတော့ မြမြညိုစီစဥ်ပေးထားသည့် အနီရောင်ဒေါက်မြင့်ဖိနပ်ကို စီးသွားကာ ပြာတိပြာယာနဲ့ ကားဆီသို့လျှောက်လာခဲ့သည်။

မိနစ်အနည်းငယ်ကြာအောင်မောင်းလာတော့ လောင်းကစားရုံသို့ရောက်လာခဲ့သည်။ ဘယ်ဘက်လက်က ပိုက်ဆံ ကတ်အိပ်အနီလေးကိုကိုင်ထာကာ ညာဘက်လက်ကတော့ပုခုံးပေါ်တင်နေတဲ့ ဆံစတို့အား သပ်ချရင်း ခေါင်း ကိုအနည်းငယ်ခါလိုက်သည်မှာ မြင်သူ တကာယောကျာ်းတွေ ငေးမောရလောက်အောင်ပင်လှလွန်းသည်။
လှမ်းလာတဲ့ခြေလှမ်းတွေကလဲ ယုံကြည်မှုအပြည့်ပင်

"သား သူ့နာမည်ကမိုးတဲ့ မေမေသိထားသလောက်ကတော့ မြမြညိုရဲ့တူမတဲ့ အဲ့ကောင်မလေးက လှတယ်နော် ထက်လဲထက်မြတ်တယ်"

ဝဿန်နှင့်ရှေ့ဆင့်နောက်ဆင့်ရောက်လာတဲ့ မေဘယ်နိုင်သည် သားဖြစ်သူအား ကားထဲ၌ပင် ဝဿန်အားချီးမွန်းခန်းဖွင့်နေလေသည်။ခေတ်တိုင်းအောင်ပြုံးကာ

"မေမေကြည့်ထား သူကသားရဲ့အိမ်သူဖြစ်ကိုဖြစ်လာစေရမယ်"

"မေမေအထင်တော့ မလွယ်ဘူးထင်တယ်ကွယ်"

ဓားသွားထက်က ပျားရည် 🍯 (Completed)Unde poveștirile trăiesc. Descoperă acum