အပိုင်း(၂၀) U/Z

112 8 0
                                    

Unicode

ကျွန်တော်သိပ်ပျော်တာဘဲဗျာ ကျွန်တော့်က ဝဿန်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဘဲတဲ့  ချစ်လိုက်တာဗျာဒီကောင်လေးကို။

"ဝဿန်"

"အွန်းပြောလေ"

"ကိုယ့်ကို မောင် လို့ခေါ်"

"ဟမ်"

ထိုင်နေရင်းကနေရုတ်တရက် ပြောလာတဲ့စကားကြောင့် ဝဿန်အံ့သြသွားလေသည်။

"ဘာ.....ဘာပြောလိုက်တယ်"

ခေတ်တိုင်းအောင် ဘက်လှည့်ကာ မေးတော့

"မောင် လို့ခေါ်ပါဆိုကွာ"

"မခေါ်ချင်ပါဘူး "

ခန္ဓာကိုယ်ကိုတွန့်ပြပြီးမခေါ်ချင်ဘူးလို့ပြောနေပုံက ကလေးလေးလိုပင် ။

"တကယ်မခေါ်ဘူးလား"

"တ က ယ်"

တစ်လုံးချင်းစီ ဖြတ်ပြောလာတဲ့ ကောင်လေးအား ခေတ်တိုင်းအောင် လက်တွေကိုပါချုပ်ပြီး ဖတ်ထားရင်း ပါးပြင်တို့အားအဆက်မပျတ်နမ်းရှိုက်သည်။

"ရွှတ်......မခေါ်ချင်အုန်"

တရွှတ် ရွှတ်နဲ့ နမ်းနေတာက အချိန်အတော်ကြာသည်အထိမရပ်ပေ။

"တော်တော့ မင်းရဲ့နှုတ်ခမ်းမွေးတွေကယားတယ်"

ယားတယ်လို့ပြောမှ ပါးကိုနှူတ်ခမ်းမွှေးနဲ့ ပွတ်တော့

"အ.....ဟီဟီ..... ယားတယ်လို့"

ရယ်သံလွင်လွင်နဲ့ပြောလာတဲ့ဝဿန် ။ခေတ်တိုင်းအောင်၏ မျက်နှာတွင်လဲအပြုံးတို့ဝေဆာနေလေသည်။

"ယာ ပစေလေ ကိုယ့်ကို မောင် လို့မခေါ်မချင်းမလွှတ်ဘူး"

ဆူပုတ်ပုတ်ဖြစ်လာတဲ့ ဝဿန်။

"ခေါ်ရင်လွှတ်မှာလား"

"အွန်း....."

ခေါင်းငြိမ့်ပြရင်း ခေတ်တိုင်းအောင် ဖြေတော့

"တစ်ခါဘဲနော်..."

ပို၍ပင်တိုးဖတ်လာတဲ့ ခေတ်တိုင်းအောင်

"တစ်သက်လုံး ခေါ်မှလွှတ်မှာ"

ပို၍ပင်ဆူပုတ်လာတဲ့ ဝဿန်၏ပါလေးကို နှာခေါင်းနှစ်ဝင်သွားသည်အထိနမ်းရှိုက်လေသည်။

ဓားသွားထက်က ပျားရည် 🍯 (Completed)Where stories live. Discover now