အပိုင်း(၃၉) U/Z

105 5 1
                                    

Unicode


ဝဿန်သည် စာသင်ပြီးလို့ထွက်လာချိန်၌

"သား စကားပြောစရာရှိတယ် ခနလောက်အချိန်ပေးလို့ရမလား"

ဝဿန်သည်လည်းငြင်း၍မရတာကြောင့် ဋ္ဌေးနိုင်ဝင်းခေါ်ရာနောက်လိုက်ခဲ့လေသည်။ ဋ္ဌေးနိုင်ဝင်းသည် သားဖြစ်သူအား စာကြည့်ခန်းထဲသို့ခေါ်လာခဲ့လေသည်။

"......"
"သားလေး ဖေဖေကိုဘာလို့ ပုန်းနေတာလဲကွာ"

ဝဿန်အား ဋ္ဌေးနိုင်ဝင်းဖတ်လာတော့ ဝဿန်တွန်းဖယ်မိသည်။

"သခင်ကြီး လူမှားနေပြီ"

"ဖေဖေ့ကိုခွင့်လွှတ်ပေးပါသားရယ်"

ဝဿန်၏မျက်နှာသို့တင်းမာသွားကာ

"ခွင့်လွှတ်ရမယ် ဟုတ်လား ဒီမှာဖေဖေ သားရဲ့ရှေ့မှာတင် မေမေကိုသက်ခဲ့တဲ့သူနဲ့ တစ်လှေတည်းစီး တစ်ခရီးတည်းသွား တဲ့ဖေဖေက ခွင့်လွှတ်မှုလိုချင်သေးတာပေါ့"

ဝဿန်မျက်ရည်များရစ်ဝိုင်းလာကာ ပြောလာလေသည်။

"ဖေဖေတောင်းပန်ပါတယ်သားရယ်"

"တော်ပါတော့ တော်ပါတော့ဗျာ ဖေဖေတောင်းပန်လို့လဲသေသွားတဲ့သူတွေက ပြန်ရှင်လာမှာမဟုတ်ဘူး "

"သားလေးရယ် ဖေဖေ စိတ်ရင်းနဲ့ကိုတောင်းပန်ပါတယ်"

ဋ္ဌေးနိုင်ဝင်း၏ မျက်ဝန်းတွင်လဲ မျက်ရည်းများဝေ့သီးလာလေသည်။

"ဖေဖေစိတ်ရင်းနဲ့တောင်းပန်တယ်ဆိုရင် မမ ဘယ်လိုဖြစ်ပြီးဆုံးသွားတာလဲဆိုတာကိုပြောပြ"

"အဲ့....အဲ့ဒါက...."

စကားပင်ရှေ့ဆက်မပြောနိုင်တော့တဲ့ဋ္ဌေးနိုင်ဝင်းအား

"ဒါလေးတောင်ဆက်မပြောနိုင်တာ ကိုဖေဖေက ဘာခွင့်လွှတ်မှုလိုချင်သေးတာလဲ"

ဝဿန်ခနဲ့တဲ့တဲ့ပြောလာတော့

"ဖေဖေပြောပြပါ့မယ်
အဲ့နေ့ညက"

"ကို မေ တို့မြို့လည်ကမြေကွတ်ကိုရအောင်ဝယ်ရမယ်"

"ရမှာပေါ့ မေရယ်ဘာတွေတွေးပူနေတာလဲ"

မေဘယ်နိုင် တို့ အခန်းထဲတွင်စကားပြောနေတုန်း ခင်လေးနွယ်က တိတ်တခိုးနားထောင်နေလေသည်။

ဓားသွားထက်က ပျားရည် 🍯 (Completed)Tempat cerita menjadi hidup. Temukan sekarang