1

417 38 7
                                    

မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေက လေထဲမှာ ပြယ်လွင့်သွားသည် ။ စိတ်ညစ်နေတဲ့ အခါတိုင်း သူ့အနားမှာအဖော်ဆိုလို့ သူ့ချစ်ရတဲ့စီးကရက်တွေသာရှိသည် ။ အခုလဲ အိမ်ကအဖေနဲ့ရန်ဖြစ်လာပြီ လူရှင်းတဲ့လမ်းကွေ့လေးမှာ ဆေးလိပ်သောက်နေခြင်း ၊ တစ်ချက်ရှုရှိုက်လိုက်တော့ မီးစတွေကရဲတတ်လာသည် ။ လက်ထဲမှာမရှိတော့တဲ့ ဆေးလိပ်ကိုအောက်ပြစ်ချလိုက်ပြီ ဖိနပ်ထိပ်ဖျာနဲ့ဖိချေလိုက်ပြီ မီးကိုသတ်လိုက်သည် ။ လမ်းကိုကြည့်တော့လဲ လူမပြောနဲ့ခွေးအမြီးတောင်မတွေ့ ၊ အိမ်လဲမပြန်ချင်သေးသလို့ ဆေးလိပ်လဲထပ်သောက်ချင်သေးတာကြောင့် ဘောင်းဘီ အိပ်ကပ်ထဲက ဆေးလိပ်ဘူးနဲ့အတူ မီးခြစ်ကိုပါတွဲယူလိုက်ပြီ ၊ ဆေးလိပ်တစ်လိပ်ထုတ်လိုက်ပြီ မီးညှိလိုက်သည် ။ ဆေးလိပ်သောက်ချင်က လူကိုဒုက္ခပေးချင်တဲ့...သူ့အတွက်ကတော့ ဆေးပေးလိပ်သည် မရှိမဖြစ်အရာတစ်ခုဖြစ်သည် ။ နောက်ဆုံးလက်ကျန်ကို ပြင်းပြင်းရှုရှိုက်လိုက်ပြီမှာ လွှတ်ပြစ်လိုက်သည်။




"ဘယ်အချိန်ရှိပြီလဲ ပတ်ခ်ချန်းယောလ်  "



အိမ်ကိုပြန်ရောက်ရောက်ချင် အဖေရှိကစီးကြိုးနေတဲ့ အသံလေးကိုကြားလိုက်ရသည် ။ ဆိုဖာပေါ်မှာ သတင်းစာကိုကိုင်ထားပြီ မျက်မှန်အောက်ကနေပြီ မျက်လုံးလှမ်း​ပြီးကြည့်နေတဲ့ သူ့အဖေ...




"အဖေ နာရီမကြည့်တတ်ဘူးလား"





"ဘာကွ!..မင်းပြန်လာတဲ့ အချိန်ကိုလဲကြည့်အုံး ဆယ့်နှစ်နာရီကွ ဆယ့်နှစ်နာရီ ၊ လူအိပ်ချိန်တောင်ကျော်နေပြီ"




ချန်းယောလ် ပြုံးလိုက်တော့ပါးချိုင့်လေးကထင် ပေါ်လာသည် ။ ချန်းယောလ်က အဖေတစ်ခုသားတစ်ခုဖြစ်သည် ။ မေမေက ချန်းယောလ်(ငါးတန်း)နှစ်မှာ ဆုံးပါးသွား​ခြင်း ..ဖေဖေနဲ့သူနဲ့က တကျက်ကျက်ရန်ဖြစ်နေပေးမဲ့ ချစ်ကြသည် ။ ချန်း​က ဖေဖေအလုပ်တွေကို ဝါသနာမပါ သူဝါသနာပါတဲ့အလုပ်က ပစွည်းအရောင်းအဝယ် မိုက်ရူးရဲဆန်တဲ့ အလုပ်တွေကိုသာနှစ်သက်သည် ။ 







"လူအိပ်ချိန်ကျော်နေပြီဆိုတော့ ဖေဖေကမအိပ်သေးဘူးလား"





"အေ.. ဝမ်းမနာသားပြန်မလာသေးတော့ မျှော်ရတာပေါ့ အချိန်ကိုလဲကြည့်အုံး ၊ သွားအိပ်တော့"





ချန်း​ယောလ်ခေါင်းညိတ်ပြလိုက်ပြီ အပေါ်တက်လာခဲ့သည် ။ အခန်းထဲရောက်ရောက်ချင် အင်္ကျီကိုချွတ်လိုက်ပြီ အခန်းထောက်ကိုလွှတ်ပြစ်လိုက်သည် ။ ချန်းယောလ်က ကြမ်းတမ်းတဲ့အလုပ်တွေလုပ်ပေးမဲ့ သူအသားအရေက ပျက်စီးခြင်းမရှိ ၊ ချန်းယောလ်ရေမိုးချိုးပြီအိပ်စက်ခြင်းစီသို့ ......







"သားရေ သားငယ်"




အိမ်ရှေ့က လှမ်းအော်နေတဲ့ မေမေကြောင့် စတော်ဘယ်ရီခြင်ကို ချထားလိုက်ပြီ အိမ်ရှေ့ကိုပြေးရသည် ။ အိမ်ရှေ့ရောက်တော့ စျေးဝယ်သူတွေအများအပြားကြောင့် ​ဂျောင်ဆူးပျာယာခက်သွားရချေ ။ ​ ဂျောင်ဆူးတို့က ကုန်ဆုံဆိုင်ဖွင့်ထားချင်ဖြစ်သည် ။ သူငယ်ငယ်လေးထဲက မေမေကစျေးရောင်းပြီ သူကိုကျောင်းထားပေးခဲ့သည် ။ ဂျောင်ဆူးလဲ ကျောင်းပြီးထဲက အလုပ်မရှိတာကြောင့် မေမေဆိုင်မှာပဲဝင်ကူလုပ်ပေးနေရသည် ။ ဂျောင်ဆူးငယ်ငယ်လေးထဲက မေမေကစျေးရောင်းပြီ ရှာကျွေးလာတာကြောင့် ဂျောင်ဆူးဒီအလုပ်ကို ချစ်မြတ်နိုးသည် ။ ဂျောင်ဆူးခေါ်သံကြောင့် အလုပ်တွေကိုလက်စသတ်လိုက်ပြီ...






"မောင်လေးရေ"




"လာပြီအမ"


*****************************

23.12.22

အစက အခြားဇာတ်ကောင်နှစ်ယောက်ကိုရေးထားပေးမဲ့ chansooဆိုရင်ပေးကောင်းမယ်ဆို့လို့ ဇာတ်ကောင်ပြန်ပြောင်းလိုက်ပါတယ်နော်













Strawberry and Cigarette 🍓🚬Where stories live. Discover now