"ငယ်လေး"
"ကိုကို"
"စောင့်ရတာကြာသွားပြီးလာ ကိုကိုဒီလာခနီး အလုပ်ကိစ္စပေါ်လာတာကြောင့် အချိန်ကြာသွားတယ်ကွာ"
"မဟုတ်တာ ငယ်လေးလဲအခုမှရောက်တာ ငယ်လေးတောင်လာတာနောက်ကျနေလို့ ကိုကိုစောင့်နေရမယ်ထင်နေတာဗျ"
ဘတ်ခ်ဟွန်း အစားအသောက်မှာနေတဲ့ကိုကို့ကိုကြည့်နေမိသည် ။ သူ့ဘဝမှာ ကိုကိုလောက်ခန့်ညားတဲ့လူကိုတစ်ခါမှမတွေ့ဖူး ၊ ကိုကိုက သူ့ဘဝမှာအကောင်းဆုံးလူသားဖြစ်သည် ။ အသားအရေက သူ့လောက်မဖြူပေးမဲ့ ညိုစမ့်
စမ့်အသားအရေနဲ့ ကိုကိုက ဘတ်ခ်ဟွန်းထက်တောင်ကြည့်လို့ပိုကောင်းနေသည် ။ ကိုကိုက သူ့ကိုမော့ကြည့်ပြီးပြုံးပြတော့ သွားဆွယ်အသေးလေးက ကိုကိုမျက်နှာနဲ့လိုက်ဖက်လိုသည်လေ ။"ငယ်လေး ဘာလို့ကိုကို့ကို အဲ့လောက်တောင်ကြည့်နေရတာလဲ"
ဘတ်ခ်ဟွန်း ကိုကို့ကိုကြည့်ပြီး မျက်လုံးတွေမှိတ်ကြသွားတဲ့အထိရယ်လိုက်မိသည် ။ ဘတ်ခ်ဟွန်း ကိုကိုထိုင်နေတဲ့ဘက်ကို ထသွားလိုက်ပြီ ကိုကိုလက်မောင်းမှာခေါင်းမှီလိုက်တော့ ကိုကိုရှိက ခပ်ဟဟရယ်သံကိုကြားလိုက်ရသည် ။ ဘတ်ခ်ဟွန်း ကိုကို့ကိုကြည့်လိုက်ပြီး ...
"ဒယ်ဒီနဲ့မာမီကိုမကျေနပ်ဘူးဗျာ ကိုကိုကြတော့ အရပ်လဲရှည် ၊ ချောလဲချော စမတ်လဲကျ ၊ ကျွန်တော်နဲ့တခြားစီပဲ"
"ဟောဗျာ...ကိုကို ငယ်လေးက မာမီနဲ့တူသာ မာမီလိုအသားအရေလှလှလေးတွေနဲ့ ၊ မျက်တောင်ကော့ကော့လေးတွေက မာမီရှိကငယ်လေးကအမွေရထားတာ ၊ ကိုကိုက ဖေဖေနဲ့တူသာကလေးလေရဲ့ "
"ကိုကို မာမီကလှလားဟင် ငယ်လေးမာမီနဲ့ဒယ်ဒီကိုမမှတ်မိတော့ဘူး "
ငယ်လေးရှေ့မှာ သူ့မျက်ရည်မကျချင်တာကြောင့် အံကိုတင်းတင်းကြိတ်ထားတာကြောင့် သူ့လက်တွေက အကျောတွေတောင်ထောင်လာသည် ။ ဒါကိုသိတဲ့ ငယ်လေးက သူ့လက်ကိုဖွဖွလေးဆုပ်ကိုင်လာသည် ။
"တောင်းပန်ပါတယ် ကိုကို "
"ဘာလို့တောင်းပန်နေတာလဲကလေးလေးရဲ့ ကလေးမှာဘာအမှားမှမရှိပဲ ဦးနဲ့အန်တီကောနေကောင်းရဲ့လား ငယ်လေး"
YOU ARE READING
Strawberry and Cigarette 🍓🚬
Fanfictionstrawberry and cigarette သီချင်းနားနေရင် ဇာတ်လမ်းလေးစဥ်းစားမိသွားလို့...ကိုယ့်အရမ်းကြိုက်တဲ့ သီချင်းလေးတစ်ပုဒ်လေးလဲဖြစ် ခနခနနားထောင်တိုင်မရိုးသွားတဲ့ သီချင်းလေးမို့🍓🚬